NEWS

တရားမ၀င် မိန်းမတောင်းသည့် တရုတ်နိုင်ငံသားနှင့်စကားပြန်တို့ကို လူကုန်ကူးမှုဖြင့်အရေးယူထားဟုဆို

CoverLogo
379 Views

ပြီးခဲ့တဲ့ ရက်ပိုင်းက လူမှုကွန်ယက် မှာ ဝေဖန်မှုမြင့်တက်ခဲ့တဲ့ မြန်မာ မိန်းကလေးငယ် နေအိမ် အထိ မိန်းမလာတောင်းတဲ့ တရုတ်နိုင်ငံသားနဲ့စကားပြန် တွေ ကို လူကုန်ကူးမှု နဲ့ အရေးယူထားတယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ထံ မှ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် မှာ နေထိုင်တဲ့ မိန်းကလေးငယ်မိသားစုထံ တရုတ်နိုင်ငံသားနဲ့စကားပြန် တို့က နေအိမ်အထိ လာရောက်ပြီး  လက်ထပ်ထိမ်းမြားစေရန် အလို့ငှာ ဗီဒီယိုရိုက်ကူး ပြီး အွန်လိုင်းပေါ်တွင်လွှင့်တင်ခဲ့ ရာ မှာ  လူမှုကွန်ယက် သုံးစွဲ သူတွေ က ၎င်း ဖြစ်စဉ်အပေါ် ဝေဖန်ရှုတ်ချခြင်း တွေ ဖြစ်ပေါ်ခဲ့ကာ လူကုန်ကူးမှု နဲ့ အရေးယူပေးဖို့ တောင်းဆိုသူတွေ များပြားခဲ့ပါတယ်။
ဒါကြောင့် မိသားစု၏ ဘဝရပ်တည်ရန် ခက်ခဲသည့် အခြေအနေပေါ် အခွင့်ကောင်းယူ ပြီး ငွေကြေးနဲ့ ဖြားယောင်းသွေးဆောင်ကာ  တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားစေဖို့ လုပ်ဆောင်ခဲ့တဲ့ အတွက် တရုတ်နိုင်ငံသား Mr.Luo Fei နှင့် အမည်မသိ တရုတ်နိုင်ငံသား တစ်ဦးတို့နဲ့အတူ စကားပြန် အဖြစ် ပူးပေါင်းပြင်ဆင် အားထုတ်ခဲ့တဲ့ မသီတာအောင်၊ အောင်ဇော်ဦး(ခ) ဟာမီဒူလာ တို့ကို ဥပဒေနှင့်အညီ အရေးယူပေးရန် တိုင်တန်းချက်အရ ဖေဖေါ်ဝါရီ ၆  ရက် ညနေပိုင်းက ဒလမြို့မရဲစခန်း (ပ)၂၀/၂၀၂၅၊ လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးဥပဒေပုဒ်မ-၃၅/၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ 

၎င်း အမှုမှ တရားခံဖြစ် တဲ့ တရုတ်နိုင်ငံသား Mr.Luo Fei  ကို  ဖေဖေါ်ဝါရီ ၆ ရက် ညနေ ၅ နာရီ ၄၅ မိနစ် မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ  ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်သို့ Thai Airway လေကြောင်းလိုင်း နဲ့ ထွက်ခွာရန် ပြင်ဆင် နေချိန်မှာ ရန်ကုန်လေဆိပ်၊ လူဝင်မှုကြီးကြပ်ရေး ကောင်တာသို့ ဝင်ရောက်လာချိန် မှာ အမှတ်(၁၉)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ရန်ကုန်လေဆိပ်)မှ  ပြည်ပထွက်ခွာခွင့်အား တားဆီးခဲ့ တရားခံ တရုတ်နိုင်ငံသား Mr.Luo Feiအား လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးဥပဒေပုဒ်မ-၃၅/၄၄  အမှုဖြင့် ဆက်လက် စစ်ဆေးနိုင်ရန် အမှတ်(၆)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ရန်ကုန်)သို့ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ 

ယခုရက်ပိုင်းတွင် လည်း မြန်မာအမျိုးသမီး တို့ကို ငွေကြေး နဲ့ သွေးဆောင်ဖြားယောင်းကာ တရုတ်မယား အဖြစ် ရောင်းစားခံရတာ တွေ ကို  တိုင်ကြား တာတွေ များနေပြီး ဖမ်းမိတဲ့ တရားခံ တွေ ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ် လျက်ရှိတယ်လို့ သိရပါတယ်။ 


Related posts

Cover
Eurostyle အထည်ချုပ် ၂၄ နာရီ အတင်းအဓမ္မ အလုပ်ဆင်းခိုင်းပြီး၊ နောက်နေ့တွင် ညဆိုင်း ဝင်ခိုင်း
Mar 05, 2026
Cover
Asdet Myanmar Garment စက်ရုံ HR အလုပ်ထုတ်မည်ဟု ခြိမ်းခြောက်ပြီး ရေဗူး ရောင်းစား
Mar 05, 2026
Cover
Precol Myanmar စက်ရုံ မန်နေဂျာ ကျင့်ဝတ်မညီမှု အမျိုးသမီးအလုပ်သမားများ ထိခိုက်နေ
Mar 02, 2026
Cover
Chuan Qi အထည်ချုပ် စုပေါင်းတောင်ဆိုမှု ပြုလုပ်
Mar 02, 2026
Cover
Tough Way Garment အချိန်ပို တပတ် ၂၀ နာရီကျော် ခိုင်းစေပြီး၊ တနင်္ဂနွေ နားရက် အလုပ်ဆင်းခိုင်း
Mar 02, 2026
Cover
Nay Shwe Win အထည်ချုပ် အချိန်ပိုအလွန်အကျွံခေါ်
Mar 02, 2026
Cover
Delo Myanmar garment စက်ရုံ စူပါများ လစာအစွန်းထွက် ဖြတ်ယူနေ
Feb 27, 2026
Cover
Shein Lee အထည်ချုပ် အချိန်ပိုမဆင်းလို့ ဆဲဆို
Feb 27, 2026