NEWS

တရက်လုပ်ခလစာ ၄၀၀ ဘတ် တိုးပေးမယ်လို့ ထိုင်းအစိုးရကသတ်မှတ်တဲ့အပေါ်လုပ်ငန်းရှင်တွေကန့်ကွက်

CoverLogo
1.6K Views

ထိုင်းနိုင်ငံအတွင်း လုပ်ကိုင်နေကြတဲ့အလုပ်သမားတွေကို  လာမည့်အောက်တိုဘာလကနေစပြီး အနိမ့်ဆုံးလုပ်ခလစာ ၄၀၀ ဘတ် တိုးပေးဖို့ထိုင်းနိုင်ငံအစိုးရကသတ်မှတ်လိုက်တဲ့အပေါ် စီးပွားရေးလုပ်ငန်းရှင်တွေက ကန့်ကွက်မှုတွေရှိနေတယ်လို့ သိရပါတယ်။

“ ကန့်ကွက်တယ်ရယ်လို့မဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေကနေ  တနိုင်ငံလုံးအတိုင်းတာနဲ့ တန်းတူ ဘတ်၄၀၀ ပေးဖို့ဆိုတာကို ကန့်ကွက်တာ။  လုပ်ငန်းရှင်တွေက တစ်နိုင်ငံလုံးတန်းတူမသတ်မှတ်ဘဲ  နယ်မြေအလိုက် အလုပ်အကိုင်အလိုက်သတ်မှတ်ပေးဖို့ပြောကြတာ” လို့ထိုင်းနိုင်ငံအတွင်းက မြန်မာအလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ဆိုပါတယ်။  

ထိုင်းနိုင်ငံကအလုပ်သမားတွေရဲ့  အနည်းဆုံးအခကြေးငွေတိုးမြှင့်ပေးဖို့ကို တိုင်းနဲ့ပြည်နယ်အလိုက် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်း၊ ပင်လယ်စာလုပ်ငန်း၊ ကုန်ပစ္စည်းတင်ပို့ခြင်းလုပ်ငန်း စတဲ့ စီးပွားရေး လုပ်ငန်းအမျိုးအစားတွေအလိုက် လုပ်ငန်းအမျိူးအစားအတော်များများကို ၂ လအတွင်း လေ့လာခဲ့ပြီး တစ်ရက်ကို ဘတ် ၄၀၀ အထိ တိုးမြှင့်ပေးဖို့  ပြည်နယ်အလိုက် တိုးမြင့်သတ်မှတ်ရေးကော်မတီတွေက သုံးသပ်ခဲ့ကာ ထိုင်းနိုင်ငံကအလုပ်သမားတွေကို တစ်ရက် အနည်းဆုံးလုပ်ခ ဘတ် ၄၀၀အထိပေးချေရန်လိုအပ်တယ်လို့ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲ့ဒီအပေါ် ထိုင်းအလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Mr. Pairot Chotikasathien က လက်မှတ်ရေးထိုးခဲ့တာလို့ သိရပါတယ်။

“ ခုကဆိုကြပြောကြတာပဲရှိပါတယ်။  သတ်မှတ်ရက် မရောက်ခင်မှာ  ကြိုတင် အစည်းဝေးဆိုတာရှိသေးတယ် အဲ့ဒီအစည်းအဝေးထုတ်ပြန်အတည်ပြုပြီးမှသာ  အကြုံး၀င်မှာပါ။ ခုအတိုင်းဆို ဘတ် ၄၀၀ တိုးတာအတည်လို့ပြောလို့မရသေးပါဘူး” လို့ထိုင်းရောက် မြန်မာအလုပ်သမားတစ်ဦးကဆိုပါတယ်။  

ဒီလိုမျိုးတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဘတ်၄၀၀တိုးပေးဖို့ သတ်မှတ်လိုက်တဲ့အပေါ် ထိုင်းနိုင်ငံအတွင်းက လုပ်ငန်းရှင်များက ကန့်ကွက်ကြပြီး  ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးထံမှာလည်း လုပ်ငန်းရှင်များက ကန့်ကွက်ကြောင်းလက်မှတ်ထိုးထားပြီး ကန့်ကွက်စာအဖြစ်ပေးပို့ထားတယ်လို့ လည်း သိရပါတယ်။ 

လက်ရှိ အခြေခံလုပ်အားခက  ခရိုင်အလိုက် ၃၂၈ - ၃၅၄ ဘတ်အတွင်းပေးချေနေတာလည်းဖြစ်ပါတယ်။လက်ရှိပေါက်ဈေးအရ ထိုင်းဘတ် ၁ ကျပ်လျင် မြန်မာငွေ ၁၀၇ ကျပ် ဝန်းကျင် ပေါက်ဈေးရှိနေပါတယ်။

အဲ့ဒီလို ဘတ်၄၀၀တိုးမြှင့်မယ်ဆိုတာကြောင့်  လက်ရှိထိုင်းမှာ ကုန်စျေးနှုန်းတွေကလည်း  တနေ့တခြားမြင့်တက်နေပြီး၊ စက်သုံးဆီစျေးနဲ့အခြားကုန်စျေးနှုတွေကြီးလာတာကြောင့် လုပ်ငန်းရှင်တွေက အကျပ်အတည်းတွေနဲ့ရင်ဆိုင်နေရတဲ့အပြင် အစိုးရက အလုပ်သမားတွေကို လုပ်အားခတိုးမြင့်ပေးဖို့ ချမှတ်လိုက်တဲ့အပေါ် အစိုးရအနေနဲ့ ပြန်လည်စိစစ်ပေးရန်အတွက် အလုပ်သမားဝန်ကြီးထံကို ကန့်ကွက်စာပေးပို့ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026