NEWS

တပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (အောက်တိုဘာ၁၃-၁၉)

CoverLogo
203 Views
 
Myanmar Labour News မှာ အောက်တိုဘာ (၁၃) ရက်ကနေ အောက်တိုဘာ(၁၉) ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။
 
အောက်တိုဘာ ၁၃
 
စစ်တပ်ကအာဏာသိမ်းပြီး နောက်ပိုင်းမှာ ဌာနဆိုင်ရာဝန်ထမ်း‌တွေအဓမ္မငွေတောင်းခံမှု ပိုမိုဆိုးရွားလာ တယ်လို့ ငွေကြေးပေးဆောင်ရသူတွေထံကသိရပါတယ်။
 
မလေးရှားနိုင်ငံမှာ အလုပ်ရှာပေးမယ်ဆိုပြီး ပွဲစားက ပိုက်ဆံလိမ်ယူပြီး မြန်မာလုပ်သား၂ ဦးကို လမ်းဘေးမှာ ပစ်သွားတယ်လို့ မြန်မာလုပ်သားတွေကိုကူညီနေတဲ့ နှလုံးလှပရဟိတအဖွဲ့ ကနေသိရပါတယ်။
 
မြန်မာအပါအဝင် ထိုင်းနိုင်ငံကို အခြေခံအလုပ်သမားအဖြစ် လာရောက်လုပ်ကိုင်နေသူတွေကို စာရင်းသွင်းခြင်း လုပ်ငန်းစဉ်အနေနဲ့ ထုတ်ပေးတဲ့ ဘတ် ၊ ပန်းရောင်ကတ်ကိုလုပ်ရာမှာ ကတ်မရသေးခင်မှာပဲကတ်လုပ်‌နေတဲ့‌ ငွေချေဖြတ်ပိုင်းရှိတာနဲ့ ယာယီအလုပ်လုပ်ခွင့်ပေးမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးကအောက်တိုဘာ ၁၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
 
အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါအဝင် အကျဉ်းထောင် အချုပ်ခန်းရှိ အချုပ်သား များကို ကြိုတင်မဲထည့်ဖို့ စစ်ကောင်စီဘက်ကဖိအားပေးနေပါတယ်။
 
အောက်တိုဘာ ၁၄
 
လာအိုနိုင်ငံ၊ ဗီယန် ကျန်းမြို့က TIAN TAI အထည်ချုပ် စက်ရုံမှ မြန်မာအလုပ်သမားများ အခွင့်အရေး ချိုးဖောက်ခံနေရ တယ်လို့ အလုပ်သမားတွေဘက်က နိုင်ငံတကာအလုပ်သမားအဖွဲ့စည်းတွေထံပေးပို့ကာ တရားမျှတမှုရှိဖို့တောင်းဆိုထားပါတယ်။
 
ထိုင်းနိုင်ငံ၊ Home Richfull ပလတ်စတစ်စက်ရုံမှာ မြန်မာလုပ်သားများ ကိုအတင်းအကျပ် ခိုင်းစေခံနေရ တာတွေရှိနေကြောင်း အလုပ်သမားတွေဘက်က တိုင်ကြားလာပါတယ်။
 
ထိုင်းနိုင်ငံ ၊ ချင်းမိုင်က ဆောက်လုပ်ရေးလုပ်ငန်းမှာမြန်မာလုပ်သား၂၀ ကျော်ရဲ့ တစ်နှစ်စာလုပ်ခ ဘတ်တစ်သန်းကျော် ရလိုမှု အလုပ်သမားအဖွဲ့အစည်း WAG ရဲ့ညှိနှိုင်းမှုနဲ့အဆင်ပြေ သွားပါတယ်။
 
ထိုင်းမှာ အလုပ်သမားများကိုလာကြိုတဲ့ယာဉ် ကအရှိန်လွန်ပြီးဝင်တိုက်တာကြောင့် မြန်မာလုပ်သား၁ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရသွားပါတယ်။
 
မြန်မာမှာ တရားစီရင်ရေးကိုအယုံကြည်မရှိသဖြင့် ရာဇဝတ်မှုကျူးလွန်ခံရသည့် လူငယ် ၈၀ ရာခိုင်နှုန်း တိုင်ကြားခြင်း မရှိဘဲ နှုတ်ဆိတ်နေရ တယ်လို့ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ထုတ်ပြန်ပါတယ်။
 
အောက်တိုဘာ ၁၅
 
စစ်ကောင်စီရဲ့ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာနကနေပုဂ္ဂလိကလုပ်ငန်းရှိ အလုပ်သမားတွေအတွက် အပိုထောက်ပံ့ကြေး ကျပ် ၁၀၀၀ တိုးပေးကာစုစုပေါင်း ဒေးကြေး ကျပ် ၇၈၀၀ သတ်မှတ် လိုက်ပါတယ်။
 
မလေးရှား၊ ဂျိုဟိုးပြည်နယ်က စားသောက်ဆိုင်တန်းတွေကို ရဲတွေကဝင်စစ်ရာမှာ ၃ နှစ်အရွယ်ကလေးငယ်အပါအဝင် အထောက်အထားမဲ့ မြန်မာ ၄၀ ကျော်အဖမ်းခံလိုက်ရပါတယ်။
 
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးကော်မတီကပုဂ္ဂလိကလုပ်ငန်းများရှိ လုပ်သားများ အတွက် အပိုထောက်ပံ့ကြေး ၁၀၀၀ ထပ်တိုးပေးကာ နေ့စဉ်လုပ်ခ ၇၈၀၀ ကျပ် အဖြစ် သတ်မှတ် လိုက်ပါတယ်။
 
ထိုင်းနိုင် ငံ ကြေးအဟောင်းဖြုတ်စက်ရုံက ကြေးပိုက်ခိုးယူတဲ့မြန်မာဝန်ထမ်းအား တရားဥပဒေနှင့်အညီအရေးမယူဘဲ ပိုင်ရှင်‌ေတွကညှင်းပန်းနှိပ်စက်သောကြောင့် အလုပ်သမားများဆန္ဒပြခဲ့ပါတယ်။
 
ထိုင်းရောက် ကိုယ်လက်အင်္ဂါမသန်စွမ်းတဲ့ မြန်မာနိုင်ငံသားများကို New Myanmar Foundation က အလုပ်ခေါ်ယူ ထားပါတယ်။
 
ထိုင်း-မြန်မာ နယ်စပ် တွင် အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်တဲ့မြန်မာအလုပ်သမား ၄၀ခန့် အဖမ်းခံရပါတယ်။
 
အောက်တိုဘာ၁၆
 
ထိုင်းနိုင်ငံ၊ ဘန်ကောက် ရှိဆောက်လုပ်ရေးလုပ်ငန်းမှမြန်မာအလုပ်သမား ၃၀ ဦး လုပ်အားခပုံမှန်မရသဖြင့် ကူညီဖြေရှင်းပေးဖို့WAG အလုပ်သမားကူညီရေးမဟာမိတ်အဖွဲ့ထံ တိုင်ကြား ထားပါတယ်။
 
ရွှေပြည်သာမြို့နယ် ၊ဝါးတစ်ရာစက်မှုဇုန်က GTIG HUBO စက်ရုံတွင် အထည်စံချိန်မပြည့်ပါက ညလုံးပေါက် ဖိအားပေးအချိန်ပို ဆင်းခိုင်း တာတွေရှိနေတယ်လို့ အလုပ်သမားအဖွဲ့အစည်းထံအလုပ်သမားတွေကတိုင်ကြားထားပါတယ်။
 
အောက်တိုဘာ ၂၀ ရက်ကို ဒီပါဝလီပွဲတော်နေ့ တရားဝင်အလုပ်ပိတ်ရက် ဖြစ်ကြောင်း အသိပေးကြေညာထား ပါတယ်။
ထိုင်းမှာ အလုပ်သမားအထောက်အထားအတွက်ပန်းရောင်ကတ် လျောက်ရန်လူသစ်ဘတ်တင်သူများ တွင်အမည်စာရင်းတင်မရဖြစ်နေ ကြောင်း ထိုင်းရောက်အလုပ်သမားအသိုင်းအဝိုင်းကနေသိရပါတယ်။
 
ဒီဇင်ဘာမှာပြုလုပ်မယ့် ရွေးကောက်ပွဲအောက်တိုဘာ၂၈ ရက်မှ စပြီး မဲဆွယ်စည်းရုံး ခွင့်ကာလ ရက်ပေါင်း ၆၀ ဟု စစ်ကော်မရှင် ကကြေညာ လိုက်ပါတယ်။
 
လူသစ် ပန်းရောင်ကတ် (ဘတ်) ပြုလုပ်ပေးခြင်း ယာယီရက်ရွှေ့ဆိုင်း ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနကြေညာထားပါတယ်။
 
အောက်တိုဘာ၁၇
 
လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာရှိတဲ့ LC Waikiki ချုပ် Sheng Jie အထည်ချုပ်စက်ရုံက အလုပ်သမားများ ဖိနှိပ်ခံရကြောင်း အလုပ်သမားအဖွဲ့အစည်း IWFM ကို တိုင်ကြားလာပါတယ်။
 
ထိုင်းနိုင်ငံ မှာ ပန်းရောင်ကတ်တင်ရန် စောင့်နေတဲ့အလုပ်သမားတန်းလျားကမြန်မာလုပ်သား၁၃၁ဦးမဟာချိုင်မှာ အဖမ်းခံရ ပါတယ်။
 
ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများ ရက် ၉၀ ကျော်လွန်တဲ့အထိ လိုင်စင်သက်တမ်းတိုး တင်ပြခြင်းမရှိပါက လိုင်စင်ပိတ်သိမ်းမည်ဟု အလုပ်သမားဝန်ကြီးဌာန ကြေညာ ထားပါတယ်။
 
စက်ရုံဖယ်ရီ အရှိန်လွန်ဝင်တိုက်ပြီး သေဆုံးခဲ့တဲ့မြန်မာလုပ်သား ၁ ဦးနှင့်ဒဏ်ရာရ ၃ ဦးအတွက်နစ်နာကြေးရရှိရေး WAG အလုပ်သမားကူညီရေးမဟာမိတ်အဖွဲ့ကဆောင်ရွက်နေ ပါတယ်။
 
ကိုရီးယား EPS အထူးသီးသန့်စာမေးပွဲ ဖြေဆိုသူ ၇၀၀ ကျော်သာရှိ တယ်လို့ အစိုးရပြည်ပအလုပ်ကိုင်အေဂျင်စီကနေသိရပါတယ်။
 
လှိုင်သာယာမြို့နယ်၊မြစိမ်းရောင်စက်မှုဇုန် ကMyantoတရုတ်နိုင်ငံသားပိုင် အထည်ချုပ် စက်ရုံမှာ သိန်း ၂ ထောင် ပျောက်ဆုံးတယ်ဟုဆိုကာ စစ်တပ်ခေါ် စစ်ဆေးပြီး အလုပ်သမားအချို့ကို တရားစွဲဆို ထားကြောင်း အလုပ်သမားတွေက IWFMအလုပ်သမားအဖွဲ့ချုပ်ပြောပြ တိုင်ကြားလာပါတယ်။
 
တစ်ပတ်အတွင်း ကုန်‌ေစျးနှုန်းအ‌ေခြအ‌ေနကရွှေဈေးစံချိန်တင်တက်နေပြီး၊ အကျဘက်မရှိတဲ့ကုန်ဈေးနှုန်းနဲ့ ပြည်သူတွေ ရင်ဆိုင်နေရ ပါတယ်။
 
အောက်တိုဘာ၁၈
 
မလေးရှားမှာ ကူးစက်မြန် တုပ်ကွေးရောဂါ အဖြစ်များနေလို့ မြန်မာလုပ်သားများဂရုစိုက်ရန် လူမှုအဖွဲ့အစည်းများ အသိပေးထားပါတယ်။
 
ပဲခူးမြို့ ၊ကလိတ်တက်ကလဲကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ Skytax အထည်ချုပ်မှာ ဒေးကြေးပေးရာမှာ ချိုးဖောက်မှုတွေရှိ
နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရာမြို့နယ် ဘန်မိုကိုထိုင်းဒေသတစ်ဝိုက်သို့ နယ်စပ်လမ်းကြောင်းမှတစ်ဆင့် တရားမဝင်ဝင်ရောက်လာသည့် မြန်မာ၂၃ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း (Naresuan Force's Rajmanoo Task Force)က အောက်တိုဘာ ၁၇ ရက်မှာသတင်းထုတ်ပြန်ထားပါတယ်။
 
အောက်တိုဘာ ၁၉
 
Xing Yuan (မြန်မာ) အထည်ချုပ်စက်ရုံ အလုပ်သမား ၁၀၀ ကျော်ကို အထည်စံချိန်မပြည့်လို့ဆိုကာ ဖယ်ရီစီစဉ်မပေး သလို လမ်းစရိတ်မပေးဘဲ ကိုယ့်စရိတ်နဲ့ ကိုယ် နေအိမ်ကို ပြန်လွှတ်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
အချိန်ပို အတင်းအကျပ် ဖိအားပေးဆင်းခိုင်းတာနဲ့ ခွဲခြားဆက်ဆံမှုတွေဖြေရှင်းပေးစေလို တယ်လို့ Saifeom International Garment Myanmar စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
 
တပတ်တာသတင်းအနှစ်ချုပ်ကို မုဒြာကစုစည်းပေးထားတာပါ။

Related posts

Cover
စစ်အာဏာသိမ်းမှု ၅ နှစ်အောက် ပိုဆိုးရွားလာနေသော အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှုများ တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ၂၇-‌‌ ဖေဖော်ဝါရီ၁)
Feb 02, 2026
Cover
ရွှေဈေးသိန်းရာကျော်ခဲ့ပြီး ရွှေဆိုင်တွေအရောင်းရပ်ထားရ၊ အခြေခံကုန်ဈေးနှုန်း လိုက်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 31, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(ဇန်နဝါရီ၁၉-ဇန်နဝါရီ၂၅)
Jan 27, 2026
Cover
ရွှေဈေးသိန်း ၁‌၀၀ကျော်မှာ လုပ်ခလစာမတိုးတဲ့ လုပ်သားပြည်သူတွေ အခက်ပိုကြုံ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 27, 2026
Cover
စစ်ကော်မရှင်ရဲ့ အဝင်ခက်အထွက်ခက် အလုပ်သမားမူဝါဒအသစ် နဲ့ ပိုပိုဆိုးရွားနေလာတဲ့ စက်ရုံအလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံမှုများ အပါအဝင် တစ်ပတ်တာသတင်း အနှစ်ချုပ်
Jan 18, 2026
Cover
နိုင်ငံခြားငွေဈေးပြန်တက်လာပြီး၊ ရွှေဈေးနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်လာ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 17, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ ၅-ဇန်နဝါရီ၁၁)
Jan 11, 2026
Cover
ပြည်ပက တင်သွင်းရတဲ့ ဆေးဝါးနဲ့ သွင်းကုန်ပစ္စည်းပြတ်လပ်ပြီး ကုန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 11, 2026