ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်မြို့ ၊အမှတ် ၁၃ရပ်ကွက်၊ မဥ္ဇူလမ်းရှိ HuaboTimes အထည်ချုပ်စက်ရုံတွင် အလုပ်သမားတွေ ဆန္ဒမပါဘဲ ခြိမ်းခြောက်ကာ OT - အချိန်ပို အတင်းအကြပ်ဆင်းခိုင်းနေတယ်လို့သိရပါတယ်။
" စက်ရုံမှာ OT တွေကို တနဂ်နွေနေ့ ခေါ်တဲ့အပတ်တိုင်း မဖြစ်မနေဆင်းပေးရမယ်၊ မဆင်းလို့မရဘူး၊ ငြင်းလို့မရဘူး၊ မဆင်းရင် All Super(လိုင်းကြီးကြပ်ရေး)တွေက ခေါ်တုတ်တယ်၊ ညဘက်ဆိုလဲ ၈နာရီ၁၅ထိ OTဆင်းရတယ် ခုလို နိုင်ငံရေးမကောင်းတဲ့ချိန် ညဘတ်ထိ OT တွေဆင်းနေရတဲ့အတွက် ညီမတို့အတွက် အန္တရာယ်များသလို မိဘတွေကလဲစိတ်မချဘူး၊ စစ်တပ်စစ်ဆေးရေးဂိတ်တွေကိုလဲ ညဘက်ဖြတ်ပြန်ရတာ အဆင်မပြေဘူး မဆင်းလို့ကလည်းမရလို့ ညီမတို့မှာ အခတ်တွေ့နေရတယ်"လို့ အဆိုပါစက်ရုံမှ ဝန်ထမ်းတစ်ဦးကပြောပါတယ်။
အဆိုပါစက်ရုံဟာ Only, ZARA စတဲ့ အမှတ်တံဆိပ်တွေကို အဓိကချုပ်နေပြီး လူဦးရေ ၁၀၀၀ ဝန်းကျင်နဲ့လည်ပတ်နေတယ်လို့သိရပါတယ်။
တနဂ်နွေ OT ဆင်းရတဲ့ ရက်တွေမှာ မနက် ၇ နာရီခွဲကနေ ညနေ ၄နာရီထိဆင်းရတာဖြစ်ပြီး ၉၆၀၀ ကျပ်ကို လက်ငင်းရှင်းပေးတာဖြစ်ပြီး တစ်လလျင် တနဂ်နွေ ၄ ရက်မှာ ၃ရက်လောက်ဆင်းရတာရှိတယ်လို့ သိရပါတယ်။
"ဒီအတွက် ကျန်းမာရေးထိခိုက်တယ် အရမ်းပင်ပန်းတယ် သာရေးနာရေး မိသားစုအရေး ဘာမှ မလုပ်ရဘူးဖြစ်တယ် ကျန်းမားရေးထိခိုက်ပြီး အလုပ်ထဲနေမကောင်းဖြစ်ရင် ခွင့်မပြောနဲ့ ဂိတ်ပတ်တောင်မပေးဘူး"လို့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။
အလုပ်သမားတွေကို ယခုလိုဖိအားပေးကာ မဖြစ်မနေ အချိန်ပိုဆင်းခိုင်းနေတာဟာ သင်္ကြန်ကာလမတိုင်မီကနေ လက်ရှိအချိန်ထိခေါ်ယူနေတာဖြစ်တယ်လို့ဆိုပါတယ်။
#MyanmarLabourNews
NEWS
တနင်္ဂနွေနေ့များတွင် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို အတင်းကြပ်ဆင်းခိုင်းနေ

1.5K Views
Related posts

စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026

Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026

Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026

FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026

YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026

New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026

Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026

He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026
