NEWS

တနဂ်နွေပိတ်ရက်နဲ့အခါကြီးရက်ကြီးပိတ်ရက်မှာ အချိန်ပိုမဆင်းပေးလို့ အလုပ်ဖြုတ်ခံရမှုတွေများလာ

CoverLogo
933 Views

ရန်ကုန်​မြို့မှာရှိတဲ့စက်ရုံအလုပ်ရုံတွေမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေဟာ တနဂ်နွေအလုပ်ပိတ်ရက်နဲ့ အခါကြီးရက်ကြီးပိတ်ရက်တွေမှာတောင် အချိန်ပိုမဆင်းလို့အလုပ်ဖြုတ်ခံရ့တာ​တွေရှိလာတယ်လို့ သိရပါတယ်။

" အရင်နှစ်ကထက်ပိုများလာတယ် တိုင်ကြားလာတာကပိတ်ရက်တွေ အိုတီဆင်းပေးရတာ။ အခါကြီးရက်ကြီးတွေမှာ ပိုက်ဆံမရပဲ အိုတီဆင်းပေးရတာ။ အခုလထဲတွေ နောက်လတွေမှာ ပိုများလာနိုင်တယ်။  သကြန်ပိတ်ရက်မတိုင်ခင် စက်ရုံတိုင်းက အထည်အော်ဒါတွေ အပြတ်ဖြတ်ကြတာ။  ဒါကြောင့် ပိတ်ရက်တွေ ဆင်းခိုင်းတာ ညအိုတီ အောနိုက် အောလင်းတွေ ခေါ်တော့မှာ။ 
နေမကောင်းလို့ ဆေးခန်းပြဖို့ အိုတီမဆင်းပေးနိုင်တာကို အလုပ်ထုတ်ခံရတာတွေရှိတယ်။ အထည်စံချိန် မပြည့်ရင် အဲ့ဒီအလုပ်သမားက အိုကြေးမရဘဲ အိုတီဆင်းပေးရတယ် ဖယ်ရီကားတောင်မပေးဘူး ကိုယ့်အစီအစဥ်နဲ့ပြန်ရတာတွေရှိတယ်" လို့ FGWM မှ တာဝန်ရှိသူတစ်ဦးက Myanmar Labour News သို့ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်​မြို့တွင်းမှာရှိတဲ့စက်ရုံအလုပ်ရုံတွေမှာ  အချိန်ပိုမဆင်းလို့အလုပ်ဖြုတ်တာ​တွေပြုလုပ်နေတာကြောင့် လက်ရှိအလုပ်ထုတ်ခံ​ထားရတဲ့အလုပ်သမားဦးရေ ၁၄၀ ခန့်အထိ ရှိခဲ့ပြီး ယခုနှစ်၂၀၂၃ ခုနစ်မှာတော့ တနဂ်နွေပိတ်ရက်များအထိပါ အချိန်ပိုခေါ်ယူတာအပြင်အောလင်း အောနိုက်အချိန်ပိုဆင်းရတာတွေကြောင့် အလုပ်သမားတွေဟာ နားချိန်မရှိဘဲအလုပ်ဆင်းပေးနေရလို့ အချိန်ပိုမဆင်းနိုင်တော့တဲ့အခါ အလုပ်ထုတ်ခံရတာတွေဖြစ်လာလို့ အကူအညီတောင်းခံမှုတွေရှိလာတယ်လို့ သိရပါတယ်။

အဲ့ဒီလိုတွေဖြစ်ပေါ်နေတာဟာ မဟာသင်္ကြန်ပိတ်ရက်မတိုင်ခင် အထည်အော်ဒါတွေကိုအပြီးအပြတ်ဖြတ်ကြရတာဖြစ်သလို စက်ရုံတိုင်းနီးပါးဖြစ်လာနိုင်တာတဲ့အပြင် အချိန်ပိုမဆင်းလို့အလုပ်ဖြုတ်ခံရတာတွေလည်း ပိုများလာနိုင်တယ်လို့သိရပါတယ်။

"ပုံမှန်ကတော့ တနဂ်နွေနေ့ဆိုရင် အိုတီကြေး ၂ဆ ၉၆၀၀ ရကြတယ်။
အခုနောက်ပိုင်း မရတဲ့စက်ရုံတွေကများလာတယ် အလုပ်သမားက သူချုပ်ရမဲ့ တားဂတ် target မမှီလို့ သူတို့တာဝန်အရဆင်းရမယ်လို့ဖိအားပေးခိုင်းစေနေကြတာ'" လို့ စက်ရုံအလုပ်သမားတစ်ဦးကဆိုပါတယ်။

ခုနောက်ပိုင်းမှာ ပြည်တွင်းကစက်ရုံတွေက အလုပ်သမားတွေကိုသတ်မှတ်ထားတဲ့စံချိန်တွေထက်   ပိုမိုတိုးတောင်းတာတွေပြုလုပ်ပြီး စံချိန်မပြီးမြောက်သည်ကိုအကြောင်းပြကာ အချိန်ပိုဆက်လက်လုပ်ပေးနေရပြီး အဲ့ဒီအချိန်ပိုကြေးတွေပေးဆောင် တာတွေမရှိသလို အချို့သောစက်ရုံတွေကအချိန်ပိုကြေးအပြည့်အ၀မပေးဘဲ ခိုင်းစေတာတွေလည်း ပြုလုပ်နေတာတွေကြောင့် အလုပ်သမားတွေကထုတ်ဖော်ပြောဆိုလာတဲ့အခါ အလုပ်ကနေထုတ်ပယ်တာတွေကိုလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒါကြောင့်အလုပ်သမားတွေဟာ စံချိန်မပြည့်မီတဲ့အတွက် အစားထိုးအချိန်ပိုမဆင်းလို့ အလုပ်ထုတ်ခံနေရတာတွေ အချိန်ပိုကြေးမပေးလို့ တောင်းဆိုမှုတွေကြောင့်အလုပ်ထုတ်ခံရတာတွေနဲ့ အလုပ်သမားဆန္ဒမပါဘဲ အတင်းစေခိုင်းတဲ့အချိန်ပိုတွေကို အလုပ်သမားတွေငြင်းဆန်
တာတွေကြောင့် အလုပ်ထုတ်ခံရတာတွေဖြစ်ပေါ်နေတာပါ။

အဲ့ဒီလို အချိန်ပိုကြေးမရရှိခြင်းတွေနဲ့ အချိန်ပိုခေါ်ယူလို့အလုပ်မဆင်းတဲ့အလုပ်သမားတွေ အလုပ်ဖြုတ်ခံရ တာတွေက စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ဖြစ်လာတာဖြစ်ပြီး အဲဒီလိုအလုပ်ဖြုတ်ခံရတာတွေကြောင့် အလုပ်သမားရေးရာ အဖွဲ့အစည်းတွေဆီအကူညီတောင်းခံလာခြင်းတွေဆက်တိုက်ရှိလာပြီး  အဲ့ဒီလိုအလုပ်ထုတ်ခံရခြင်းနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရခြင်းတွေအတွက် အလုပ်သမားတွေက  အလုပ်သမားရုံးကိုတိုက်ရိုက်တိုင်ကြားမှုတွေပြုလုပ်တဲ့အခါမှာ အလုပ်ရှင်က  အလုပ်မှထုတ်ပယ်တာတွေလည်းရှိလာတာကြောင့် အလုပ်သမားတွေဟာ အလုပ်သမားရေးကူညီဆောင် ရွက်သူတွေနဲ့  အဖွဲ့အစည်းတွေထံမှာ အမည်မဖော်လိုပဲအကူညီတောင်းခံမှုတွေ ပြုလုပ်လာကြတယ်လို့လည်း သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026