NEWS

တစ်ရက်အတွင်း အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်သည့် မြန်မာရွှေ့ပြောင်း ၁၆၀ ကျော်အဖမ်းခံရ

CoverLogo
245 Views
 
ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင် အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ ၂နှစ်အရွယ်ကလေးအပါအဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၆၆ ဦး အဖမ်းခံရကြောင်း ထိုငးသတင်းတွေရဲ့ ဖေါ်ပြချက်အရသိရပါတယ်။
 
စက်တင်ဘာ ၁၆ ရက် မနက် ၁ နာရီ လောက်က သောင်ဖာပွန်မြို့နယ်မှာ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကားသုံးစီးပေါ်မှာ ၂နှစ်အရွယ် ကလေးအပါအဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၅၃ ဦးကို ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖေါ်ပြထားပါတယ်။
 
ကြိုတင်သတင်းရလို့ အာဏာပိုင်တွေက လမ်းကြောင်းတစ်လျှောက် စောင့်ဆိုင်း စစ်ဆေးနေစဉ် အဖမ်းခံရတာ ဖြစ်ပြီး ယာဉ်နှစ်စီးမှ ယာဉ်မောင်းနှစ်ဦးမှာ ကားပေါ်မှ ခုန်ဆင်းကာထွက်ပြေးသွားခဲ့ပြီး ကျန် ယာဉ်တစ်စီးမှာ အရှိန်လွန်ကာ အရာရှိယာဉ် ကို တိုက်မိလုနီးပါး ဖြစ်ခဲ့ပြီး နောက် ယာဉ်မောင်းမှာ တောထဲသို့ ထွက်ပြေးသွားခဲ့တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
ယာဉ်သုံးစီးပေါ်မှာတော့ ကြပ်ညပ် စွာထိုင်ပြီးလိုက်ပါလာတဲ့၂ နှစ်အရွယ်ကလေး နဲ့မြန်မာရွှေ့ပြောင်းလုပ်သား ၅၃ ဦး ကိုတွေ့ရှိရကာ ထိုင်းနိုင်ငံ အတွင်း အလုပ်လုပ်ကိုင်ဖို့ နယ်စပ်လမ်းကြောင်းကနေ အဆင့်ဆင့် လာရောက်ခဲ့တာ ဖြစ်ပြီး ခရီးစရိတ်အနေနဲ့ လုပ်သားတစ်ဦးကို ဘတ် ၁၅,၀၀၀ ကနေ ၂၀,၀၀၀ အထိ ပေးဆောင်ခဲ့ရတယ် လို့ သိရပါတယ်။
 
ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၃၁ ဦး နဲ့အမျိုးသမီး ၂၂ ဦး စုစုပေါင်း ၅၃ ဦးကို ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံတွင်း ဝင်ရောက်နေထိုင်မှုနဲ့ အရေးယူဖို့အတွက် သောင်ဖာပွန် ရဲစခန်းကို ပို့ဆောင်ခဲ့တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
ထပ်မံပြီး စက်တင်ဘာ ၁၆ ရက် မနက် ၆နာရီခွဲခန့်မှာ ကန်ချနဘူရီခရိုင် သာခနွန်ခရိုင် အနီး ယာဉ်သုံးစီးပေါ်တင်ဆောင်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၁၃ ဦးကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သတင်းဖေါ်ပြချက်အရသိရပါတယ်။
ရွှေ့ပြောင်းလုပ်သားတွေကို တင်ဆောင်လာတဲ့ ယာဉ်တွေကို အာဏာပိုင်တွေက စစ်ဆေးရန်အချက်ပြ ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးတဲ့ အတွက် လိုက်လံဖမ်းဆီးခဲ့ရတယ်လို့ဆိုပါတယ်။
 
ယာဉ်သုံးစီးပေါ်မှာ မြန်မာရွှေ့ပြောင်းလုပ်သားအမျိုးသား ၇၃ဦး၊ အမျိုးသမီး၃၈ဦးနဲ့ခေါင်းဆောင်၂ဦး စုစုပေါင်း ၁၁၃ဦးကို တွေ့ရှိကာ ၎င်းတို့ဟာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ဖို့ အတွက် ပွဲစားကို ဘတ်ငွေ ၁၅၀၀၀မှ ၂၀၀၀၀ အထိ ပေးခဲ့ရတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
ဖမ်းဆီးခံရသူတွေကို သက်သေအထောက်အထားများနဲ့ အတူ အောင်ဖုံ ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။
ယခုစက်တင်ဘာ လအတွင်း ထိုင်းနိုင်ငံ သို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက် လို့ အဖမ်းခံရတဲ့ မြန်မာလုပ်သား ၆၀၀ ကျော် ရှိပြီး ရေလမ်းခရီးနဲ့လာရောက်စဉ် လှေမှောက်တဲ့ အတွက် သေဆုံးသူ ၃ ဦးရှိတယ်လို့ ထိုင်းသတင်းတွေ အရသိရပါတယ်။
 
Ref-โจโฉ,ကန်ချနဘူရီသတင်း

Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026