NEWS

တစ်ရက်လျှင် တရားမဝင်မြန်မာ အလုပ်သမား ၂၀၀၀ ကျော် အဖမ်းခံနေရ

CoverLogo
349 Views

ထိုင်းနိုင်ငံအတွင်း တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေ ကို စီမံချက်နဲ့ ဖမ်းဆီးရာ တစ်ရက် ကို မြန်မာအလုပ်သမား ၂၀၀၀ ကျော် အဖမ်းခံနေရတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ စာရင်းထုတ်ပြန်ချက်တွေ အရ သိရပါတယ်။


ပြီးခဲ့တဲ့ ဇွန်လ ၅ရက်က စပြီး ရက်ပေါင်း ၁၂၀ စီမံချက်ဖြင့် လိုက်လံဖမ်းဆီးရာ ဩဂုတ်လ ၁၅ရက် အထိ  စုစုပေါင်း ၇၁ ရက်အတွင်း တရားမဝင်ရွှေ့ပြောင်း အလုပ်သမားဦး  ၁၉၂,၂၈၀ ဦး ဖမ်းဆီးရမိကြောင်းသိရပါတယ်။


ဖမ်းစီးခံရတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ ထဲ မှာ မြန်မာအလုပ်သမား အများဆုံး ဖြစ်ပြီး ၇၁ရက် အတွင်း ၁၄၄,၂၆၁ ဦး အဖမ်းခံရကာ ကမ္ဘောဒီးယားအလုပ်သမား ၂၉,၄၄၈ ဦး၊ လာအိုအလုပ်သမား ၁၂,၂၈၅ ဦး ၊ ဗီယက်နမ်အလုပ်သမား ၁၁၇ ဦး နဲ့ အခြားနိုင်ငံသားအလုပ်သမား ၆၁၉၆ ဦးတို့ အဖမ်းခံရတယ်လို့ ဆိုပါတယ်။


ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေထဲ မှ မြန် မာ အလုပ်သ မား ၈၁၈  ဦး၊ လာအိုအလုပ်သမား ၁၈၀ ဦး ၊ကမ္ဘောဒီးယားအလုပ်သမား ၂၀၁ ဦး ၊ ဗီယက်နမ်အလုပ်သမား ၂၄ ဦး၊အခြားနိုင်ငံအလုပ်သမား ၉၁ ဦးတို့ကို အရေးယူဆောင်ရွက်ပြီးသွားပြီဖြစ်တယ်လို့ သိရပါတယ်။


အထောက်အထားမဲ့ အလုပ်လုပ်ကိုင်ခွင့် ဝေါ့ပါမက်မရှိတဲ့ အလုပ်သမားနှင့် လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်အမျိုးအစားကို လုပ်ကိုင်တဲ့ အလုပ်သမားကို တွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ ထိအလုပ်သမားမှ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီးနေရပ်သို့ပြန်ပို့ခံရခြင်းနှင့်အတူအလုပ်လုပ်ကိုင်ခွင့် (၂)နှစ်ပိတ်ခံရမှာဖြစ်ပါတယ်။


အလုပ်လုပ်ကိုင်ခွင့်မရှိတဲ့  အလုပ်သမားကိုလက်ခံတဲ့ အလုပ်ရှင်ကို တွေ့ရှိပါက အလုပ်သမားတဦးလျှင်
ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ထိ ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်ပြီး ထပ်မံကျူးလွန်မှု တွေ့ရှိပါက ထောင်ဒဏ်အများဆုံး၁ နှစ် နှင့်ဒဏ်ငွေ  ဘတ် ၅၀,၀၀၀ မှ ၂၀၀,၀၀၀ ထိ ပေးဆောင်ရမည်ဖြစ်သလို ရွှေ့ပြောင်း အလုပ်သမားငှားရမ်းခွင့် ၃ နှစ် ပိတ်ခံ
ရမှာ ဖြစ်ကြောင်းသိရပါတယ်။


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026