NEWS

တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(အောက်တိုဘာ၅-၁၂)

CoverLogo
201 Views
 
Myanmar Labour News မှာ အောက်တိုဘာ (၅) ရက်ကနေ အောက်တိုဘာ(၁၂) ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို ပြည်သူတွေ အချိန်တိုတွင်း သိရှိနိုင်ဖို့ ပြည်တွင်း၊ ပြည်ပ အလုပ်သမားရေးရာ၊ ပြည်ပ ရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။
 
အောက်တိုဘာ ၅ ၊ ထိုင်းနိုင်ငံ ကားတာယာ စက်ရုံမှာ လုပ်ငန်းခွင်မတော်တဆမှုကြောင့် လက်ပြတ်သွားတဲ့မြန်မာအလုပ်သမားအား အလုပ်ရှင်မှတာဝန်ယူမှုမရှိသဖြင့် တိုင်ကြား ထားတယ်လို့သိရပါတယ်။
 
ရန်ကုန် ၊ လှိုင်သာယာ စက်မှုဇုန်၅က Wan Xin" အထည်ချုပ်စက်ရုံ အလုပ်သမား‌ တွေမသိဘဲ စက်ရုံပိတ်သိမ်းပါက ဥပဒေအတိုင်း လျှော်ကြေးပေးဖို့ အလုပ်သမားတွေတောင်းဆို ထားပါတယ်။
 
အောက်တိုဘာ ၆ ၊ အထောက်အထားမရှိလို့ အဖမ်းခံရတဲ့ နိုင်ငံခြားအလုပ်သမားတွေကို ပြန်လွှတ်ပေးမယ်ဆိုပြီး လိမ်လည်ငွေတောင်းတာတွေ မယုံကြည်ဖို့ မလေးရှား လ၀က သတိပေး ထားပါတယ်။
 
စစ်တွေက အမျိုးသမီး ၈ ဦးကို တရုတ် ဇနီးမယားအဖြစ် ရောင်းစားရန် စီစဉ်သူတွေကို စစ်ကော်မရှင် လက်အောက်ခံ တရားရုံးက ထောင် ၁၀ နှစ်စီချ လိုက်ပါတယ်။
 
ရန်ကုန်မြို့ ၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန်က HERMITE အရုပ်စက်ရုံမှာ ဝန်ထမ်းများ လစာဖြတ်တောက်ခံရမှုနှင့် ခြိမ်းခြောက်မှုများ ကြုံတွေ့နေရ တယ်လို့သိရပါတယ်။
 
ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ အထောက်အထားမရှိသူတွေ အတွက် ဘတ်စာရင်းတင်သွင်းခြင်း အောက်တိုဘာ ၁၅ ရက်စတင်နိုင်ပြီ လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ကြေညာ ထားပါတယ်။
 
အောက်တိုဘာ ၇၊ ရွှေပေါက်ကံစက်မှုဇုန်မှ HYUN TEX အထည်ချုပ်ရုံသစ်တွင် ညအချိန်ပိုအလုပ်သမားတွေကို အတင်းအကျပ် ခိုင်းစေ နေတယ်လို့သိရပါတယ်။
 
ပဲခူး-ရန်ကုန် ယာဉ်လိုင်းမှ ယာဉ်အချို့ သတ်မှတ်ဈေးထက် ယာဉ်စီးခ ပိုမိုကောက်ယူတာ၊ ရိုင်းစိုင်းစွာ ဆက်ဆံမှုတွေကြောင့် ခရီးသွားပြည်သူများ အခက်တွေ့ နေပါတယ်။
 
ထိုင်းမှာ အလုပ်သမားအတွက် သင့်တော်သောအလုပ်နေ့ (Decent Work Day)ချီတက်တောင်းဆိုပွဲကို ထိုင်းအလုပ်သမားသမဂ္ဂ‌တွေ ဦးဆောင်ကျင်းပခဲ့ပါတယ်။
 
မြန်မာမှာ အသက် ၁၈ မှ၂၄ နှစ် ကြားရှိ လူငယ်ငါးသန်းကျော် ပညာသင်ယူမှုနယ်ပယ် တွင်မရှိတော့ကြောင်း UNDP Myanmar ကထုတ်ပြန်ထားပါတယ်။
 
ထိုင်းမှာ လုပ်သက်နှစ်၂၀ ကျော် ရှိ ဝန်ထမ်းများကို နစ်နာကြေး ဘတ်တစ်သောင်းပေးကာ ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ် တာကြောင့် အမှု့ဖွင့် တိုင်ကြားခဲ့ပါတယ်။
 
အောက်တိုဘာ ၈၊ ထိုင်းတောင်ပိုင်း ကရာဘီတွင် CI စာအုပ် ထုတ်ပေးမည့် Mobile Unit တစ်ခု ဖွင့်လှစ်မယ်လို့သိရပါတယ်။
 
ပဲခူးမြို့က Sudey အထည်ချုပ် စက်ရုံ မှာ အလုပ်သမားများဖိနှိပ်ခံရပြီး လစာဖြတ်တောက်ခံရ တယ်လို့သိရပါတယ်။
ထိုင်းမှာအလုပ်ထုတ်ခံရတဲ့မြန်မာလုပ်သား ၃၂၀ ဦး နစ်နာကြေး ဘတ် ၃ သန်းကျော်ပြန်လည်ရရှိ တယ်လို့သိရပါတယ်။
ရွှေပြည်သာစက်မှုဇုန် Myantex အထည်ချုပ်စက်ရုံ အလုပ်သမားခေါင်းဆောင် တချို့ အနိုင်ကျင့် လုပ်ခလစာဖြတ်တောက်နေ တယ်လို့ သိရပါတယ်။
 
ထိုင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင် မတော်တဆကြောင့် လက်ပြတ်သွားသော အလုပ်သမားအားနစ်နာကြေးမပေးဘဲ မြန်မာပြည်ပြန်ခိုင်းလို့ အလုပ်သမားက အကူအညီတောင်းခံ ထားပါတယ်။
 
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတဲ့နိုင်ငံခြားသား ၉၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးကာ နေရပ်ပြန်ပို့ လိုက်ပါတယ်။
 
အောက်တိုဘာ၉ ၊ စင်္ကာပူတွင် အလုပ်ရမည်ဆိုကာ အမျိုးသမီးတစ်ဦးက လုပ်သား ၇၀ ကျော်ထံမှ သိန်းပေါင်း ၁၂၀၀၀ ကျော် ကို လိမ်ယူပြီးတိမ်းရှောင်နေ ပါတယ်။
 
ထိုင်းရောက်အလုပ်သမား‌ေတွကိုယ်တိုင် လျှောက်ထားနိုင်တဲ့ E-Work Permit စနစ်စတင်မယ်လို့ သိရပါတယ်။
ထိုင်းမှာ ဒေသခံတွေတိုင်လို့မဲဆောက် တွင် ဈေးရောင်းနေတဲ့မြန်မာတွေ အဖမ်းခံရ ပါတယ်။
 
ရန်ကုန်၊ အ‌ေရှ့ဒဂုံ က Handsome အထည်ချုပ်စက်ရုံမှာ အလုပ်သမားများ ထံမှ တရားမဝင် ငွေကောက်ခံမှုများ ပြုလုပ်နေ တယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။
 
ထိုင်းမှာ ဘဏ်ကတ်ဖွင့်မရလို့ဆိုကာ အလုပ်ထုတ်ခံရတဲ့မြန်မာလုပ်သား ၈ ဦးထိတ်လန့်ကြေးနဲ့နစ်နာကြေးရရှိရေးအတွက်အမှုရင်ဆိုင်နေ ပါတယ်။
 
မြန်မာမှာ လေယာဉ်ဗုံးဒဏ်အောက်က ပျက်စီးသွားသော ကလေးသူငယ်များ၏ အနာဂတ် အကြောင်း ဆောင်းပါး ဖော်ပြခဲ့ပါတယ်။
 
အောက်တိုဘာ၁၀ ၊ ထိုင်းမှာ ကိုယ်လက်အင်္ဂါ ထိခိုက်ဆုံးရှုံးတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အစားထိုးကုသမှု အခမဲ့ပြုလုပ်ပေး နေတယ်လို့ WAG အလုပ်သမားအကူညီပေးနေတဲ့အဖွဲ့ကပြောပါတယ်။
 
ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာလုပ်သား ၁၇၀၀ ကျော်ကို ထိုင်းမှစစ်မကော်မရှင်ထံ လအလိုက် လွှဲပို့ပေးခဲ့ပါတယ်။
ထိုင်းမှာ မြန်မာလုပ်သား ၃၉ ဦးကြိုတင်အကြောင်းကြားခြင်းမရှိဘဲအလုပ်ထုတ်ခံရ တာကြောင့် တာဝန်ရှိသူတွေနဲ့ပူးပေါင်းဖြေရှင်းနေတယ်လို့ မြန်မာသံအရာရှိရုံး ( စစ်ကော်မရှင်) က ထုတ်ပြန်ပါတယ်။
 
အခုတစ်ပတ်ကြာ ကုန်ဈေးနှုန်းဖော်ပြချက်မှာဒေါ်လာဈေးအနည်းငယ်ပြန်တက်၊ ရွှေဈေးနဲ့ ကုန်ဈေးနှုန်းအတက်ဈေးနဲ့ပဲရှိနေ ပါတယ်။
 
အောက်တိုဘာ ၁၁၊ ထိုင်းက ရွှေ့ပြောင်းလုပ်သားတွေ ပန်းရောင်ကတ် ဘတ်အသစ် အတွက် ကုန်ကျစရိတ် အစိုးရသတ်မှတ်ဈေးထက် ပြင်ပတွင် ၃ ဆခန့်ပိုပေးနေရ တယ်လို့သိရပါတယ်။
 
ထိုင်းက ခဲမှုန့်စက်ရုံ လုပ်ငန်းခွင်အတွင်းထိခိုက်မှုကြောင့် မျက်လုံးနှင့် လက်ချောင်း ဆုံးရှုံးသွားတဲ့ မြန်မာလုပ်သား ၂ ဦး အား အလုပ်ရှင်မှတာဝန်ယူမှုမရှိသဖြင့်တိုင်ကြား ထားပါတယ်။
 
ရန်ကုန် ၊လှိုင်သာယာ မြို့နယ် ၊‌‌ေရွှသံလွင်စက်မှုဇုန်ကJian Yi Garment Company Limitedအထည်ချုပ်စက်ရုံမှာ လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ ဖြေရှင်းပေးဖို့ အလုပ်သမားတွေကလိုလားနေ ပါတယ်။
 
အထောက်အထာမဲ့ မြန်မာလုပ်သား ၁၀၈ ဦးတင်ဆောင်လာသော ကွန်တိန်နာ ထိုင်းနိုင်ငံ ၊ကန်ချနဘူရီမှာ ဖမ်းမိ ပါတယ်။
 
အောက်တိုဘာ ၁၂။ မြန်မာနိုင်ငံသားတွေ ဗီယက်နမ်နိုင်ငံကို ပြောင်းနေသင့်လား။ ခရီးသွားဆောင်းပါး
အပိုင်း ( ၁) ကို ဖော်ပြခဲ့ပါတယ်။
 
တပတ်တာ သတင်းအနှစ်ချုပ်ကို မုဒြာက စုစည်းပေးထားတာပါ။

Related posts

Cover
စစ်အာဏာသိမ်းမှု ၅ နှစ်အောက် ပိုဆိုးရွားလာနေသော အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှုများ တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ၂၇-‌‌ ဖေဖော်ဝါရီ၁)
Feb 02, 2026
Cover
ရွှေဈေးသိန်းရာကျော်ခဲ့ပြီး ရွှေဆိုင်တွေအရောင်းရပ်ထားရ၊ အခြေခံကုန်ဈေးနှုန်း လိုက်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 31, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(ဇန်နဝါရီ၁၉-ဇန်နဝါရီ၂၅)
Jan 27, 2026
Cover
ရွှေဈေးသိန်း ၁‌၀၀ကျော်မှာ လုပ်ခလစာမတိုးတဲ့ လုပ်သားပြည်သူတွေ အခက်ပိုကြုံ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 27, 2026
Cover
စစ်ကော်မရှင်ရဲ့ အဝင်ခက်အထွက်ခက် အလုပ်သမားမူဝါဒအသစ် နဲ့ ပိုပိုဆိုးရွားနေလာတဲ့ စက်ရုံအလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံမှုများ အပါအဝင် တစ်ပတ်တာသတင်း အနှစ်ချုပ်
Jan 18, 2026
Cover
နိုင်ငံခြားငွေဈေးပြန်တက်လာပြီး၊ ရွှေဈေးနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်လာ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 17, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ ၅-ဇန်နဝါရီ၁၁)
Jan 11, 2026
Cover
ပြည်ပက တင်သွင်းရတဲ့ ဆေးဝါးနဲ့ သွင်းကုန်ပစ္စည်းပြတ်လပ်ပြီး ကုန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 11, 2026