NEWS

တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)

CoverLogo
31 Views
 
 
Myanmar Labour News ရဲ့ ဖေဖော်ဝါရီ၁၇ရက်မှ ဖေဖော်ဝါရီ၂၃ရက်အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။
 
ဖေဖော်ဝါရီ၁၇
 
ရန်ကုန်၊ရွှေပြည်သာမြိုနယ်၊ ဝါးတရာစက်မှုဇုန်၊ သိမ်ချောင်းလမ်မှာရှိတဲ့NG YUAN ( Myanmar) အထည်ချုပ်စက်ရုံတွင် လိုင်းစူပါက ဆဲဆို ခိုင်းစေတာတွေနဲ့အလုပ်သမားအခွင်းအရေးချိုးဖောက်တာတွေရှိနေကြောင်း စက်ရုံအလုပ်သမားတွေက Myanmar Labour Newsကို ပေးစာ ပေးပို့ထားပါတယ်။
 
ထိုင်းနိုင်ငံ လယောင်မြို့ က ဓါတ်မီး ထုတ်လုပ်တဲ့ စက်ရုံမှာ လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၁၁ဦးကို မိမိဆန္ဒအရ အလုပ်ထွက်တယ်လို့ လက်မှတ်ထိုး ခိုင်း ကာ နစ်နာကြေး မပေးဘဲ အလုပ်မှ ထုတ်ပယ် လိုက်တယ်လို့ ၎င်း အမှု ကို ကူညီပေးနေတဲ့WAGအလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။
 
မလေးရှားနိုင်ငံ ရောက် မြန်မာ အလုပ်သမားတွေကို ပွဲစား အချို့က အလုပ်သွင်းပေးမယ်ဆိုကာ လူကို ဖမ်းဆီး ပြီး မိသားစုထံ ခြိမ်းခြောက် ငွေတောင်းယူမှု တွေ များလာတယ်လို့ မလေးရှားရှိ မြန်မာလူမှုကူညီရေးအသင်းတွေထံမှ သိရပါတယ်။
 
အီလက်ထရောနစ် စက်ရုံ မှာ အလုပ်သွင်းပေးမယ်ဆ်ိုပြီး ပွဲစားမှ စမတ်ကြေး တွေ ယူကာ လိမ် ပြေး ခံရတဲ့ မြန်မာလုပ်သား ၆၃ဦး အား ဘတ်၄သိန်း ကို ပွဲစားက ပြန်ပေးတယ်လို့ ၎င်းအမှု ကို ကူညီပေးနေတဲ့ WAGအလုပ်သမား မဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။
 
ဖေဖေါ်ဝါရီ၁၈
 
ထိုင်းနိုင်ငံ စမွတ်ဆာခွန် ခရိုင်၊မဟာချိုင်နယ်မြေ မှာ မြန်မာအလုပ်သမား အမျိုးသမီး တစ်ဦးဟာ ဆိပ်ခံတံတားပေါ်ကနေ မြစ်ထဲသို့ ခုန်ချအဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းဒေသတွင်းသတင်းတွေအရ သိရပါတယ်။
 
ထိုင်းနိုင်ငံ ချွန်ဘော်ရီခရိုင် တွင် အွန်လိုင်းကနေ Live လွှင့် ပြီး အလုပ်ရှာပေးမယ် လို့ ပြောတဲ့ ပွဲစား ကို ယုံကြည် ပြီး စမတ်ကြေး တွေ ပေးသွင်းခဲ့ရာ မှ မြန်မာအလုပ်သမား ၁၂ဦး အလိမ်ခံလိုက်ရတယ်လို့ ၎င်းအမှု ကို ကူညီပေးနေတဲ့ UFF အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
 
ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်၊ဝါးတရာစက်မှုဇုန်က Straightex အထည်ချုပ် စက်ရုံမီးလောင်မှု ဖြစ်ပွားရာမှာ လောင်ကျွမ်းချိန် ၃ နာရီကျော်အထိ မီးမငြိမ်း ခဲ့ဘူးလို့သိရပါတယ်။
 
နိုင်ငံတစ်ဝှမ်း ရှိ အကျဉ်းထောင်တွေ ထဲမှ နိုင်ငံရေးအကျဉ်းသူတွေအပါအဝင် အကျဉ်းကျခံနေရတဲ့ အမျိုးသမီး တွေဟာ လစဉ် ဓမ္မတာ ဆိုင်ရာ ကျန်းမာရေး ပြသာနာတွေ နဲ့ ရင်ဆိုင်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ဖေဖေါ်ဝါရီ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
 
တရုတ်နိုင်ငံ ကမ်းလွန်ပင်လယ် တွင် စင်္ကာပူ နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ MANDYအမည်ရှိ ကုန်တင်သင်္ဘော မီးလောင်မှု ဖြစ်ပွားခဲ့တာ မှာ သင်္ဘောပေါ်မှာ ပါရှိတဲ့ မြန်မာသင်္ဘောသား ၂ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရသိရပါတယ်။
 
ဖေဖော်ဝါရီ ၁၉
 
ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်က Saifeom အထည်ချုပ် စက်ရုံဟာ WCC အလုပ်သမား ကိုယ်စာလှယ်လောင်း ဘယ်သူဘယ်ဝါ မသိရဘဲ မဲပေးရွေးချယ် ဖို ပြင်ဆင်နေတယ်လို့ အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲချုပ် (IWFM)ကို ပြောဆိုထားပါတယ်။
 
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်က Yuan Hong အထည်ချုပ် စက်ရုံဟာနားရက်မရှိ အချိန်ပို လုပ်ကိုင်ခိုင်းပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်နေတယ်လို့ Myanmar Labour News ကိုအလုပ်သမားတွေကပြောပါတယ်။
 
၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံးလဖြစ်တဲ့ ဇန်နဝါရီလအတွင်း အလုပ်သမားတွေ လုပ်ခတိုးပေးဖို့ တောင်းဆို ဆန္ဒပြတဲ့ စက်ရုံ အလုပ်ရုံ အများအပြားရှိ ခဲ့ရာ အလုပ်သမားတွေ အဓိက ချိုးဖောက်ခံရတာက လုပ်ခလစာ ဖြတ်တောက်တာ၊ ဖိအားပေး ခြိမ်းခြောက် ခိုင်းစေ တာ၊ အချိန်ပို အတင်းအကျပ် ခိုင်းစေတာ၊ ဆဲဆို ခိုင်းစေတာ၊ ဆန္ဒပြတောင်းဆိုတာ၊ ဥပဒေပါ ခွင့်ရက်နှင့် ခွင့် ခံစားခွင့် မရတာ၊ အလုပ်ထုတ်တာနဲ့ အထည်စံချိန် အတင်းအကျပ်တောင်းဆိုတာတွေ အမျာဆုံး ဖြစ်ပွားတာကို တွေ့ရပါတယ်။
 
အငှားအိမ်ရာ တိုက်ခန်းတွေကို ငှားရမ်းနေထိုင်ခွင့်ရှိသူ ကိုယ်တိုင် နေထိုင်ခြင်း မရှိဘဲ ထပ်ဆင့် ငှားရမ်းခြင်း ရောင်းချခြင်း တို့ စစ်ဆေးတွေ့ရှိသဖြင့် ၎င်းအိမ်ခန်းငှားရမ်းနေထိုင်ခွင့်ကို ပယ်ဖျက်ပြီး ဥပဒေနဲ့အညီ အရေးယူမှု တွေ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ အိုးအိမ်ဦးစီးဌာနက ဖေဖော်ဝါရီ ၁၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ ပါကျင်ဘူရီခရိုင်တွင် မြန်မာအလုပ်သမား အမျိုးသမီး တစ်ဦး ဟာ ဆိုင်ကယ်ဖြင့် အလုပ်သို့ လာစဉ် လမ်းတွင် ဆိုင်ကယ် ကို အနောက်မှ ကားဖြင့်အတိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ ၎င်းအမှုကို ကူညီပေးနေတဲ့ MHACမဟာမိတ်အဖွဲ့ထံ မှ သိရပါတယ်။
 
ဝမ်ရှင့်သာ ခရီးသွားလာရေးပစ္စည်းကုမ္ပလီမိတက် (WANXINDA TRAVEL GOODS Co.Ltd) မန်နေဂျာ ဦးသီဟနိုင်က တရားလိုပြုလုပ် တရားစွဲဆိုပြီး စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲချုပ် STUM အဖွဲ့ဝင်တွေ ပြန်လည် လွတ်မြောက်လာတယ်လို့ လူမှုကွန်ရက်မှာ ထုတ်ပြန်ထားခဲ့ပါတယ်။
 
ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအပါအဝင် ရွှေ့ပြောင်း လုပ်သားတွေ ရဲ့ ကလေးငယ်တွေကို ထိုင်းအစိုးရအနေနဲ့ စနစ်တကျ စောင့်ရှောက်မှု မရှိပါကလေးငယ် ၇၈,၈၆၄ ဦးခန့်ဟာ အလုပ်ခွင်ကို စောစီးစွာ ဝင်ရောက်နိုင်တဲ့ အန္တရာယ် နဲ့ ရင်ဆိုင်နေရတယ်လို့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အဖွဲ့အစည်းများကွန်ရက် (Migrant Working Group - MWG) က ဖေဖေါ်ဝါရီ ၁၈ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
 
ရန်ကုန်မြို့ ၊လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်က New Fubon Co.,Ltd ပိုင်အထည်ချုပ်စက်ရုံဟာ အလုပ်ပိတ်ရက် အချိန်ပို မဆင်းလို ဆိုပြီး အလုပ်သမားတွေကို ရရှိထားတဲ့ ဆုကြေး ၁၀ ရက်အတွက် ဖြတ်တောက်ခဲ့ကာအလုပ်သမားအခွင့်‌ေရးချိုး‌ေဖာက်တာ‌ေတွရှိ‌ေနတယ်လို မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှု လက်မှု အလုပ်သမားများ အဖွဲချုပ် (IWFM) ကို အလုပ်သမားတွေက ပြောကြားတယ်လို သိရပါတယ်။
 
ဖေဖေါ်ဝါရီ၂၀
 
ယခုဖေဖေါ်ဝါရီ လ အတွင်း မှာ ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံပြီး တဲ့ မြန်မာနိုင်ငံသား ၁၃၀ကျော်ကို စစ်ကော်မရှင် လက်အောက် ရှိ တာဝန်ရှိသူတွေထံ လွှဲပို့ပေးခဲ့တယ်လို့ ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးရုံးရဲ့ ထုတ်ပြန်ချက် တွေ အရ သိရပါတယ်။
 
တစ် နဲ့ တစ် ပေါင်းပြီး သုည ဖြစ်နေတဲ့ လူသားတန်ဘိုး ဆုံးရှုံးမှု၊ ဆင်းရဲမှု သံသရာ နဲ့ လူမှု တရားမျှတမှု ( ဆောင်းပါး)
ထိုင်းနိုင်ငံ ၊လယောင်မြို့နယ်၊နိခွန်းဖတ်ထနာတွင်ရှိသော ခြေသုတ်၊ဖော့ဖျာထုတ်လုပ်သည့်စက်ရုံမှာ လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၇၇ဦး ကို ရှယ်ယာရှင်သူဌေးမှ အလုပ်ကနေ မောင်းထုတ်ခံရမှု ဖြစ်ပေါ်ခဲ့တယ်လို့ ၎င်းအမှု ကို ကူညီပေးနေတဲ့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။
 
ဖေဖေါ်ဝါရီ၂၁
 
ထိုင်းနိုင်ငံရှိ မြန်မာ၊လာအိုနဲ့ ဗီယမ်နမ် နိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၃သိန်းကျော်အတွက် အလုပ်လုပ်ခွင်​့ ပါမစ် သက်တမ်း တိုးရက်ကို ၂၀၂၆ခုနှစ် မတ်လ ၃၁ရက်အထိ ရက် တိုးမြှင့်ပေးလိုက်တယ်လို့ ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနက ဖေဖေါ်ဝါရီ ၂၀ရက်မှာ အတည်ပြုကြေညာပါတယ်။
 
နိုင်ငံသားစိစစ်ရေးကတ်အတု ဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားမှု တွေရှိနေတယ်လို့ စင်္ကာပူရှိ မြန်မာသံရုံးက ထုတ်ပြန်ကြေညာပါတယ်။
 
Myanmar Labour News ရဲ့ ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း ကဏ္ဍမှာဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် အကြောင်းဖော်ပြခဲ့ပါတယ်။
 
ဖေဖော်ဝါရီ ၂၂
 
ရန်ကုန်မြို့ ၊လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ကTanjin fashion milestone Co.,Ltd အထည်ချုပ်စက်ရုံမှာ လူမှုဖူလုံရေး ကတ်အသစ်မထုတ်ဘဲ မူလ ကတ်ဟောင်းကို ပြန်လည် အသုံးပြုလိုတဲ့ အလုပ်သမားတွေကို ကိုယ်တိုင် သွားရောက် ဆောင်ရွက်ဖို့ ပြောဆိုတယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ဆီက သိရပါတယ်။
 
ဖေဖော်ဝါရီ ၂၃
 
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂) က Lat War (3) Co.,Ltd ပိုင် အထည်ချုပ်စက်ရုံကပိတ်သိမ်းဖို့သတင်းထွက်နေကာ လုပ်ငန်းသုံး ပစ္စည်းတချို့ ပြောင်းရွှေ့နေပေမဲ့ စက်ရုံ ပတ်သက်တဲ့ အကြောင်းအရာတွေကို ထုတ်ပြန်အသိပေးတာ မရှိဘူးလို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် IWFM ကို အလုပ်သမားတွေက ပြောထားပါတယ်။
 
ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်က Myanmar LNY CAPS (1) ဦးထုပ်ချုပ်စက်ရုံမှာ ပုတ်ပြတ်(လစာ) အလုပ်သမားတွေကို တစ်လ အချိန်ပို ၆၁ နာရီ အဓမ္မခိုင်းစေနေ တယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ကို အလုပ်သမားတွေက ပြောထားပါတယ်။
 
မလေးရှား နိုင်ငံ ကလန်တန်ပြည်နယ် တွင် အထောက်အထားမရှိဘဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအပါအဝင် ရွှေ့ပြောင်းနေထိုင်သူ ၂၇ဦးကို ဖမ်းဆီးခဲ့တယ်လို့ မလေးရှားလူဝင်မူကြီးကြပ်ရေး ဌာနကထုတ်ပြန်ထားပါတယ်။
ရန်ကုန်မြို့၊အင်းစိန်မြို့နယ်၊ရွှေပြည်သာစက်မှုဇုန်(၃)က Jie Sen Garment (Myanmar) Co.,Ltd ပိုင် အထည်ချုပ်စက်ရုံဟာ ဒီကနေ့ဖေဖော်ဝါရီ၂၃ရက် မနက်မှာ အလုပ်သမား ၄၀ ကို အလုပ်က ထုတ်ပယ်လိုက်တယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် - IWFM ကို အလုပ်သမားတွေက ပြောပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီး ၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုံ၊ သိမ်ကျောင်းလမ်း တွင် ဖွင့်လှစ်ထားသော SANYAN OUTDOOR Co,. Ltd မှ လုပ်သားများအနေဖြင့် စက်ရုံတွင်းလုပ်ခလစာတိုးမြှင့်ရေးဆိုင်ရာ တောင်းဆိုမှုကို ယနေ့ (ဖေဖော်ဝါရီလ ၂၃ ရက်နေ့) နံနက်ပိုင်းက စတင်ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။
 
ထိုင်းနိုင်ငံ ဘန်ကောက် ကနေ သွေးစစ်ပြီး ပြန်လာတဲ့ မြန်မာလုပ်သား တွေ ကို တင်ဆောင် လာတဲ့ ကား ဟာ အခြားပစ်ကပ်ကားတစ်စီးနဲ့ တိုက်မိပြီး တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါလာတဲ့ မြန်မာလုပ်သားတွေ အပါအဝင် ၉ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ထိုင်းသတင်း​ တွေ အရ သိရပါတယ်။
 
ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊ရွှေလင်ဗန်းစက်မှုဇုန်(၃)က WHN Garment အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေ ခွင့်ယူပါက ကျွမ်းကျင်ဂရိတ်အဆင့် ချပြီးရက်မှန်ကြေး ဖြတ်တောက်တယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ဆီက သိရပါတယ်။
 
ရန်ကုန်မြို့၊ မြစိမ်းရောင် စက်မှာဇုန်က Myanmar Belle International အထည်ချုပ်ဟာလုပ်ခလစာအတွက် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြတဲ့အလုပ်သမား‌ေတွကို တောင်ဆိုချက်များ စာချုပ်ချုပ်ထားကာ ဖေါက်ဖျက်လို့ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာတွေရှိကြောင်း Myanmar Labour Newsကို စက်ရုံလုပ်သားအချို့က‌ေပးစာပို့ထားပါတယ်။
 
ဂျပန်နိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ရမယ်ဆိုပြီး ငွေလိမ်သွားသူကို ထိုင်းနိုင်ငံတွင် ပြန်တွေ့ သဖြင့် မြန်မာအလုပ်သမားသံရုံးကို တိုင်ကြားပြီး ပေးသွင်းထားတဲ့ငွေပြန်တောင်းရာ ပြန်ရခဲ့တယ်လို့ မြန်မာအလုပ်သမားသံအရာရှိရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
ရန်ကုန်မြို့ ၊‌ ငွေပင်လယ်စက်မှုဇုန် ကHanfex Garment Co.,Ltd ပိုင် အထည်ချုပ်စက်ရုံက ဆန္ဒမပါဘဲ အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်းပြီး မဆင်းတဲ့ အလုပ်သမားကို အလုပ်ထုတ်ခဲ့တယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။
တပတ်တာ သတင်းအနှစ်ချုပ်ကို မုဒြာက စုစည်းပေးထားတာပါ။

Related posts

Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026
Cover
ရွှေ နှင့် စက်သုံးဆီလုပ်ငန်းရှင်ကြီးများ ဖမ်းဆီးခံရပြီးနောက် ကုန်စျေးနှုန်းများ အနည်းငယ်ပြန်ကျ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 17, 2026
Cover
ရွှေအသင်းခေါင်းဆောင်ပိုင်းတွေ အဖမ်းခံရပြီးနောက် ရွှေအရောင်းအဝယ်တန့်ပြီး ဈေးပြန်ကျသော်အခြေခံကုန်ပစ္စည်းတွေ ဈေးနှုန်းတက်နေဆဲ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 07, 2026
Cover
စစ်အာဏာသိမ်းမှု ၅ နှစ်အောက် ပိုဆိုးရွားလာနေသော အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှုများ တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ၂၇-‌‌ ဖေဖော်ဝါရီ၁)
Feb 02, 2026
Cover
ရွှေဈေးသိန်းရာကျော်ခဲ့ပြီး ရွှေဆိုင်တွေအရောင်းရပ်ထားရ၊ အခြေခံကုန်ဈေးနှုန်း လိုက်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 31, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(ဇန်နဝါရီ၁၉-ဇန်နဝါရီ၂၅)
Jan 27, 2026
Cover
ရွှေဈေးသိန်း ၁‌၀၀ကျော်မှာ လုပ်ခလစာမတိုးတဲ့ လုပ်သားပြည်သူတွေ အခက်ပိုကြုံ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 27, 2026