NEWS

တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ ၅-ဇန်နဝါရီ၁၁)

CoverLogo
177 Views
 
 
Myanmar Labour News ရဲ့ ဇန်နဝါရီ၅ရက်နေ့မှဇန်နဝါရီ၁၁ရက်အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။
 
ဇန်နဝါရီ ၅
 
ရန်ကုန်မြို့ ၊ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်၃က JOC အထည်ချုပ် စက်ရုံက နာမည်ပြောင်းလည်ပတ်နေတဲ့အခါမှာ လုပ်ခလစာ မူလလစာတိုင်း ပြန်လည် သတ်မှတ်ပေးဖို့ တောင်းဆို နေတာ ၇ ရက်ကြာခဲ့ပေမဲ့ ပြေလည်မှုမရတဲ့ အပြင် စက်ရုံပြန်လည်လည်ပတ်ဖို့က မရေမရာ အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေကMyanmar Labour Newsကို ပြောပါတယ်။
 
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ်၊မယ်စရိန်ခရိုင်ရှိ ဆောက်လုပ်ရေး လုပ်ငန်း တစ်ခု မှာ အလုပ်လုပ်ကိုင်နေတဲ့ အထောက်အထားမရှိတဲ့ မြန်မာလုပ်သား ၈ဦး နဲ့ အလုပ်ရှင်တို့ကို ထိုင်းအာဏာ ပိုင်တွေ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေ အရ သိရပါတယ်။
 
ထိုင်းနိုင်ငံ ၊ စမူစာခွန်ခရိုင် ကထွန်းဘင်မြို့နယ် တွင် နေထိုင်ပြီး ပေါင်မုန့် စက်ရုံ တွင် အလုပ် လုပ်နေတဲ့ မြန်မာလုပ်သား ၂ဦး စီးလာတဲ့ ဆိုင်ကယ် ကို တစ်ဖက် လမ်းကြောင်း ကနေ လမ်းကြောင်းမှားဝင်လာတဲ့ကား မှ ဝင်တိုက်တာကြောင့် မြန်မာ လုပ်သား ၁ဦးသေဆုံးပြီး ၁ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ၄အမှု့ကို ကူညီပေးနေတဲ့ WAGအလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။
 
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ တွင် ထိုင်းနိုင်ငံ အတွင်း အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံ ပြီးတဲ့ မြန်မာလုပ်သား ၇၅ဦး ကို ထိုင်းဘက်မှ စစ်ကော်မရှင် ထံသို့ ပြန်လည် လွှဲပို့ပေးခဲ့ ကြောင်းရန်နောင်းလူဝင်မှုကြီးကြပ်ရေးရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
ဇန်နဝါရီ၆
 
ထိုင်းနိုင်ငံ၊ချာချင်ဆောင်ခရိုင်၊ဘန်းပကွန်မြို့နယ်အတွင်းရှိ အီလက်ထရောနစ်စက်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမား ၅၀ကျော်ကို အလုပ်ဝင်ပြီး ၈လခန့်မှာပင် အလုပ်ရှင်မှ ကြိုတင်အကြောင်း မကြားဘဲ အလုပ်မှ ထုတ်ပယ်တာခံလိုက်ရတယ်လို့ ၎င်းကိစ္စကို ကူညီပေးနေတဲ့ WAGအလုပ်သမား မဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။
မကွေးအကျဉ်းထောင် မှ နိုင်ငံရေးအကျဉ်းသား ၃၅ဦး ကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNMက ဇန်နဝါရီ ၅ရက်မှာ ထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ် ကျိုင်းတုံမြို့နှင့်မိုင်းဆတ် မြို့နေ အမျိုးသမီး ၃ဦးကို လူကုန်ကူးသူတွေ က မိုင်းဖျဲန်မြို့တွင်နေစားစရိတ်ငြိမ်းဖြင့် အလုပ်ရမည် ဟု လိမ်လည်ပြောဆို စည်းရုံး ပြီး တရုတ်အမျိုးသား တစ်ဦးနှင့် အတူနေရန်(အပျိုစင်ဖျက်ရန်) ပြည်တန်ဆာအဖြစ် အဓမ္မခိုင်းစေခဲ့ခြင်း နဲ့ ညှင်းပန်းနှိပ်စက် ရိုက်နှက်ခြိမ်းခြောက်ခြင်းမှု ဖြစ်ပေါ်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထံမှ သိရပါတယ်။
 
ဇန်နဝါရီ၇
 
ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်၊စက်မှုဇုန်၃ကJOC (COSTEC) အထည်ချုပ်စက်ရုံမှာ တောင်းဆိုမှုတွေ ဖြစ်ပွားပြီး ညှိနှိုင်းတဲ့ ကာလအတွင်း NO Work , NO Pay ဆိုပြီး ခြိမ်းခြောက် ကြေညာထား တယ်လို့ Myanmar Labour Newsကိုအလုပ်သမားတွေက ပြောပါတယ်။
 
ထိုင်းနိုင်ငံ စမူပကန်ခရိုင် ဘန်ပိုဒေသတွင် နေထိုင်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေ ရဲ့ အခန်း အတွင်းသို့ ဥပဒေမဲ့ ဝင်ရောက် စစ်ဆေးပြီး ငွေညှစ်တဲ့ ထိုင်းရဲ ကို ဘန်ပိုရဲစခန်း တွင် သွားရောက် တိုင်ကြားခဲ့တယ်လို့ UFFအလုပ်သမား ကူညီရေးအဖွဲ့ထံမှ သိရပါတယ်။
 
ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊စက်မှုဇုန် ၃ ၊ ဆိပ်ကမ်းသာလမ်းက Cascio (Garment) Co., Ltd. အထည်ချုပ်စက်ရုံမှာ လုပ်ခလစာ မရှင်းပေးတာကြောင့် ညအိပ်စောင့်ဆိုင်းနေရကာ ဒီလို လုပ်ခလစာ နောက်ကျ ရက်တွေမှာ ရှင်းပေးတာက ၃ လ ရှိနေပြီလို့ အလုပ်သမားတွေက Myanmar Labour Newsကိုပြောပါတယ်။
 
ဇန်နဝါရီ၈
 
ရန်ကုန်မြို့ ၊လှိုင်သာယာမြို့နယ်၊ရွှေသံလွင်စက်မှုဇုန်၃က SM Myanmar Garment Co.,Ltd ပိုင် အထည်ချုပ်စက်ရုံက အလုပ်သမားအခွင့်အရေးချိုးဖောက်တာတွေရှိနေပြီး အလုပ်သမားတွေရဲ့လုပ်ခလစာတိုးမြှင့်ရန်တောင်းဆိုနေတဲ့အပေါ်
အလုပ်သမာရေးရာ ဆက်ဆံရေးဦးစီးဌာနက တာဝန်ရှိသူတွေက စစ်ကောင်စီနှင့် ဖမ်းဆီးခိုင်းတယ်ဆိုပြီး SM Myanmar Garment ပိုင်ရှင် ပြောဆိုနေကြောင်းအလုပ်သမားတွေက ပြောပြပါတယ်။
 
တောင်ကိုရီးယားရှိ မြန်မာနိုင်ငံသားတွေ အနေနဲ့ နိုင်ငံကူးလက်မှတ်(ပတ်စပို့)ကို သက်တမ်းမကုန်ခင် ကြိုတင်သက်တမ်းတိုးထားဖို့ မြန်မာသံရုံး(ဆိုလ်းမြို့)က ဇန်နဝါရီ ၆ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။
 
မလေးရှားနိုင်ငံမှာ အလုပ်လုပ်ဖို့အတွက် ပွဲစားခဘတ်၅သောင်းကျော်ပေးပြီး လာခဲ့ရတဲ့ မြန်မာလုပ်သား ၂၀ဦးဟာ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင် ကလောင်ဝမ်မြို့နယ် ထဲက အုန်းခြံတစ်ခုအတွင်း ပုန်းအောင်းနေစဉ် ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်လို့ ထိုင်းဒေသတွင်း သတင်းတွေအရ သိရပါတယ်။
 
ဇန်နဝါရီ၉
 
၂၀၂၆ခုနှစ် ဇန်နဝါရီ ၂ရက်က ထွက်ရှိခဲ့တဲ့ ထိုင်းအစိုးရထီဖွင့်ပွဲမှာ ဘတ်၆သန်း ဆု နှစ်ဆု နဲ့ ဘတ်၁၂သန်း ဆု ကို မြန်မာ ၃ဦးက ရရှိခဲ့တယ်လို့ ဆုထုတ်ယူရေးကိစ္စကိုကူညီပေးတဲ့ မြန်မာအလုပ်သမားမဟာမိတ် MHAC အဖွဲ့ထံကနေ သိရပါတယ်။
 
တပတ်ကြာ Myanmar Labour News ရဲ့ကုန်ဈေး ကဏ္ဍမှာတော့ ပြည်ပက တင်သွင်းရတဲ့ ဆေးဝါးနဲ့ သွင်းကုန်ပစ္စည်းပြတ်လပ်ပြီး ကုန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေကြောင်းဖော်ပြထားပါတယ်။
 
ဇန်နဝါရီ ၁၀
 
ထိုင်းနိုင်ငံ ဘန်ထောင် အနီးမှာ ဖွင့်လှစ်ထားတဲ့ Powacore Thailand Co,Ltd ပို အိပ်ချုပ် စက်ရုံ HR အမျိုးသမီးက မြန်မာ လုပ်သားတွေတွေကို တရားမဝင် ငွေကြေးဖြတ်တောက်ပြီး ပြောဆိုတင်ပြသူတွေကို အလုပ်က ထုတ်ပယ်နေတယ်လို့ အလုပ်သမားတွေက Myanmar Labour Newsကိုပြောပါတယ်။
 
Solidarity Trade Union of Myanmar (STUM) ရဲ့ ထုတ်ပြန်မှုတွေအရင် ၂၀၂၅ ခုနှစ်အတွင်း စက်ရုံ လုပ်ငန်းခွင်တွေ ဖြစ်ပွားခဲ့တဲ့ အငြင်းပွားမှုတွေကို အလုပ်သမား ဝန်ကြီးဌာနကို တိုင်ကြားပေမဲ့ မဖြေရှင်းပေးနိုင်တဲ့ အမှုပေါင်း (၂၁)မှု ရှိတယ်လို့ သိရပါတယ်။
 
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊မြစိမ်း ရောင်စက်မှုဇုန်က Myanmar Belle International Co.Ltd ပိုင်အထည်ချုပ် စက်ရုံမှာ လုပ်ခလစာ တိုးမြှင့်ရေး တောင်းဆို နေပြီး တောင်းဆိုမှုတွေကို ဇန်နဝါရီလ၊ ၉ ရက်မှာ စတင်ခဲ့တာဖြစ်ရာလုပ်ခလစာ တိုးမြှင့်ပေးဖို့ အပါအဝင် အချက် ၁၂ ချက်ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။
 
ရန်ကုန် ၊ရွှေပြည်သာမြို့နယ်၊စက်မှုဇုန်၃ က JOC (COSTEC) အထည်ချုပ်စက်ရုံမှာ တောင်းဆိုမှုတွေ ဖြစ်ပွားပြီးနောက် ၁၂ ရက်အကြာမှာ ပြီးဆုံးသွားပြီးလို့ Solidarity Trade Union of Myanmar (STUM)က သတင်းထုတ်ပြန်ရာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းမှာ တောင်းဆိုမှုတွေစတင်ခဲ့ပြီးနောက် ဒီကနေ့ ဇန်နဝါရီ ၁၀ ရက် တောင်းဆိုမှုကို ဦးဆောင်သူတွေက ညှိနှိုင်းရလဒ်တွေကို အလုပ်သမားတွေကို ချပြပြီးနောက် တောင်းဆိုမှု ပြီးဆုံးခဲ့တာလို့ အလုပ်သမားတဦးက Myanmar Labour Newsကိုပြောပါတယ်။
 
ရန်ကုန်၊လှိုင်သာယာမြို့နယ် ၊စက်မှုဇုန်၂ က ရှိရှောင်ကွေ့ အထည်ချုပ်စက်ရုံက အချိန်ပို မဆင်းလို့ဆိုပြီး အလုပ်သမားတွေကို အလုပ်ထုတ်ခဲ့ရာမှာ နှစ်သစ်ကူးအလုပ်ပိတ်ရက် အချိန်ပို အလုပ်မဆင်းလို့ ဆိုပြီး အလုပ်သမား ၁၅ ဦးကို အလုပ်ထုတ်ခဲ့သလို အခြား အလုပ်သမားအခွင့်အရေးချိုးဖောက်တာတွေလည်းလုပ်ဆောင်‌ေန‌ေကြာင်းအလုပ်သမား တွေကပြောပြလာပါတယ်။
 
ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊ရွှေလင်ဗန်းစက်မှုဇုန် က Sen yu အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေရဲ့ တောင်းဆိုချုပ်တွေကို ညှိနှိုင်းခဲ့ရာမှာ စက်ရုံဘက်က လုံးဝ လိုက်လျှောမှု မရှိခဲ့ဘူးလို့ သိရပြီး အလုပ်သမားတွေဘက် က လုပ်ခတိုးမြှင့်ပေးရေး အပါအဝင် အချက် လေး ချက်တောင်းဆိုမှုကို ဇန်နဝါရီ၁၁ရက်ကတောင်းဆိုခဲ့တာလို့ သိရပါတယ်။
ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ် ၊မြစိမ်း‌ေရာင် စက်မှုဇုန်က Myanmar Belle International Co.Ltd ပိုင်အထည်ချုပ် စက်ရုံမှာ လုပ်ခလစာ တိုးမြှင့်ရေး တောင်းဆိုမှု ညှိနှိုင်းအဆင်ပြေခဲ့ပြီလို့သိရပြီးတောင်းဆိုမှုတွေကို ဇန်နဝါရီလ၊ ၉ ရက်မှာ စတင်ခဲ့တာ ၁၁ ရက် ညနေပိုင်းမှာ ညှိနှိုင်းအဆင်ပြေခဲ့တာလို့ အလုပ်သမားတွေက Myanmar Labour Newsကိုပြောပါတယ်။
 
ဇန်နဝါရီ ၁၁
 
၂၀၂၅ ခုနှစ်အတွင်း Solidarity Trade Union of Myanmar - STUM အနေနဲ့ လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေး ချိုးဖောက်ခံရမှု အကူအညီတောင်းခံလွှာ စုစုပေါင်း (၂၃၁) စောင် လက်ခံရရှိခဲ့ပြီး ဖြေရှင်းဆောင်ရွက်ပေးခဲ့ တယ်လို့သိရကာ လုံခြုံရေးအခြေအနေတွေ ကြုံတွေ့ရလို့ STUM နှစ်ချုပ်အစီရင်ခံစာ ၁၀ လစာအတွက်သာ မှတ်တမ်းတင်နိုင် ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
 
ထိုင်းနိုင်ငံ ချာချင်ဆောင် ရှိ တရုတ်လုပ်ငန်းရှင်ပိုင်သော ကားအကူပစ္စည်းထုတ်လုပ်တဲ့ စက်ရုံ မှ အကြောင်းမဲ့ အလုပ်ထုတ်ခံလိုက်ရတဲ့ မြန်မာလုပ်သား ၁၇ဦး ရသင့် ရထိုက်တဲ့ နစ်နာကြေးနဲ့ထိပ်လန့်ကြေး စုစုပေါင်း ဘတ်၃သိန်း၉သောင်းကျော်ရရှိခဲ့ တယ်လို့ ၎င်းကိစ္စကို ကူညီပေးတဲ့ 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ ထံမှသိရပါတယ်။
တပတ်တာ သတင်းအနှစ်ချုပ်ကို မုဒြာက စုစည်းပေးထားတာပါ။

Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026
Cover
ရွှေ နှင့် စက်သုံးဆီလုပ်ငန်းရှင်ကြီးများ ဖမ်းဆီးခံရပြီးနောက် ကုန်စျေးနှုန်းများ အနည်းငယ်ပြန်ကျ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 17, 2026
Cover
ရွှေအသင်းခေါင်းဆောင်ပိုင်းတွေ အဖမ်းခံရပြီးနောက် ရွှေအရောင်းအဝယ်တန့်ပြီး ဈေးပြန်ကျသော်အခြေခံကုန်ပစ္စည်းတွေ ဈေးနှုန်းတက်နေဆဲ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 07, 2026
Cover
စစ်အာဏာသိမ်းမှု ၅ နှစ်အောက် ပိုဆိုးရွားလာနေသော အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှုများ တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ၂၇-‌‌ ဖေဖော်ဝါရီ၁)
Feb 02, 2026
Cover
ရွှေဈေးသိန်းရာကျော်ခဲ့ပြီး ရွှေဆိုင်တွေအရောင်းရပ်ထားရ၊ အခြေခံကုန်ဈေးနှုန်း လိုက်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 31, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(ဇန်နဝါရီ၁၉-ဇန်နဝါရီ၂၅)
Jan 27, 2026