NEWS

တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (စက်တင်ဘာ ၃၀-အောက်တိုဘာ ၄)

CoverLogo
257 Views
အောက်တိုဘာ၄ ၊၂၀၂၅
 
Myanmar Labour News မှာ စက်တင်ဘာ (၃၀) ရက်ကနေ အောက်တိုဘာ(၅) ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။
 
စက်တင်ဘာ ၃၀
 
မလေးရှားကို အလုပ်လုပ်ဖို သွားရောက်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၉၀ ဦး ထိုင်းမှာ အဖမ်းခံလိုက်ရပါတယ်။
ရနောင်း-ရန်ကုန် ကုန်ပစ္စည်းတင်းသွင်း၊ တင်ပို့မှုကို အောက်တိုဘာ ၁ ရက်ကစပြီး MACCS စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်တော့မယ်လိုသိရပါတယ်။
 
မြန်မာအရပ်ဘက်လူထုအသိုင်းအဝိုင်းများ လုပ်ဆောင်နေတဲ့ဒေသခံပြည်သူများရဲ့ကြံ့ခိုင်မှု ပိုမိုခိုင်မာအားကောင်းစေရေးနဲ့ပတ်သက်သော အစီရင်ခံစာမိတ်ဆက်ပွဲပြုလုပ်ရာမှာပါဝင်ဆွေးနွေးတွေအနေနဲ့ နော်ချယ်ရီ-ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်၊ နော်ဖိုးဒါး-မြန်မာ့အမျိုးသမီးသမဂ္ဂ၊Rose- ရှေ့ပြေးအသံအဖွဲရယ်တင်ဆက်ဆွေးနွေးသူ အဖြစ်– ဒေါ်ခင်ဥမ္မာ၊ ရှေ့ပြေးအသံအဖွဲရဲ့ အကြံပေးဘုတ်အဖွဲဥက္ကဋ္ဌ ကပြုလုပ်ပေးခဲ့ပါတယ်။
 
ထိုင်းနိုင်ငံရှိ ခက်ကွန် လျှပ်စစ်ပစ္စည်း စက်ရုံကမြန်မာလုပ်သား ၁၅၀၀ ခန့်ကို ကြိုတင်အကြောင်းမကြားဘဲအလုပ်ဖြုတ်ခဲ့ပါတယ်။
 
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန် မင်းကြီးမဟာမင်းခေါင်လမ်း မှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် Saiform International Garment Myanmar အထည်ချုပ်စက်ရုံမှာ ၃ လနီးပါး ပိတ်ရက်မရှိ အချိန်ပိုအခမဲ့ဆင်းပေးနေရလို ဖြေရှင်းပေးရန် အလုပ်သမားတွေက အလုပ်ရှင်ကို တောင်းဆိုလိုက်ပါတယ်။
 
အောက်တိုဘာ ၁ ရက်က စပြီး အစိုးရ ၀န်ထမ်းတွေနဲ့ အငြိမ်းစားတွေအတွက် အပိုထောက်ပံ့ကြေး ၃၀၀၀၀ ကျပ် ခံစားခွင့်ပြုလိုက်ကြောင်း စက်တင်ဘာ၃၀ရက်မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီး၊ မြစိမ်းရောင်စက်မှုဇုန်၊ မြစံပယ် ၁ လမ်းမှာ ဖွင့်လှစ်ထားသော Sky Fashion Myanmar Co.,ltd မှာ အလုပ်သမားတွေကို အလုပ်အချိန်ပိုနဲ့ခြိမ်းခြောက်ခိုင်းစေခြင်းတွေရှိလို အဲ့ဒီလိုမလုပ်ဖို့အလုပ်သမားတွေက ပေးစာပိုကာတောင်းဆို လိုက်ပါတယ်။
 
အောက်တိုဘာ ၁
 
ကြိုတင်အသိမပေးဘဲ အလုပ်ထုတ်ခံရတဲ့ ခက်ကွန်လျှပ်စစ်စက်ရုံက မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမယ် လို့ ထိုင်းနိုင်ငံ အလုပ်သမားသံအရာရှိရုံးကထုတ်ပြန်လိုက်ပါတယ်။
 
စစ်ကောင်စီ အစိုးရက အစိုးရဝန်ထမ်းနဲ့ပင်စင်စားတွေအတွက် အပိုထောက်ပံ့ကြေး ၃ ကြိမ်မြောက်တိုးမြှင့်မှု အပေါ် ကုန်ဈေးနှုန်းနဲ့ဝင်ငွေထွက်ငွေ မမျှတမလုံ‌ေလာက်သေးလို့ဝေဖန်မှုတွေရှိနေ ပါတယ်။
ဒီဇင်ဘာ ၂၀၂၅ ခုနှစ်မှာပြုလုပ်မယ့် စစ်ကောင်စီရဲ့အထွေထွေရွေးကောက်ပွဲအတွက် တစ်အိမ်တစ်ယောက်မဲစာရင်း လာကြည့်ဖို စစ်ကော်မရှင်ရဲ့ UECက ဖိတ်ခေါ် ထားပါတယ်။
 
အောက်တိုဘာ၂
 
ထိုင်းအလုပ်သမား ဝန်ကြီးဌာန ကနယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု လိုက်တယ်လို့အသိပေးထားပါတယ်။
 
အာဏာသိမ်းစစ်တပ် လက်အောက်က အခြေခံပြည်သူတွေရဲ့ စား ဝတ်နေရေး အဆင်မပြေတာတွေ၊ ကြပ်တည်းတာတွေအတွက် ညည်းချင်း ၂၀၂၅ ဆောင်းပါးကို ဖော်ပြခဲ့ပါတယ်။
 
အောက်တိုဘာ၃
 
"စစ်ကောင်စီကြိုးပမ်းနေတဲ့တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ” ဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။
စက်တင်ဘာလအတွင်း နေထိုင်ခွင့်အထောက်ထားမဲ့ မလေးရှားရောက်မြန်မာ ၅၀၀ ကျော်ဖမ်းဆီးခံရပါတယ်။
ပြည်တွင်းရှိ လူငယ် ၄ သန်းနီးပါး အလုပ်လက်မဲ့ဖြစ်နေတယ်လို့ UNDP ထုတ်ပြန် ထားပါတယ်။
 
ထိုင်းနိုင်ငံချင်းမိုင်မှာ မြန်မာဆောက်လုပ်ရေးလုပ်သား၂၁ ဦးအား လုပ်ခ ၁ နှစ်ကျော်ကြာ မရှင်းပေးလို့ အဲ့ဒီ့လုပ်ငန်းကိုတိုင်ကြားထားပါတယ်။
 
လွတ်ရက်စေ့ နိုင်ငံရေး အကျဉ်းသား၅ ဦး ထောင်ဘူး၀ရှေ့မှာ စစ်ကော်မရှင်ရဲ့ပြည်ထဲရေးဌာနက ပြန်လည်ဖမ်းဆီးသွားပါတယ်။
 
ထိုင်းနိုင်ငံက ကားရေးဆေးတဲ့နေရာမှာအလုပ်​လုပ်ကိုင်ရင်းမတော်တဆသေဆုံးသွားသော မြန်မာလုပ်သားနစ်နာကြေးရရှိရေးဆောင်ရွက်နေပါတယ်။
 
ဒေါ်လာဈေး ငွေကျပ် ၃၀၀၀ နားအထိ စံချိန်တင်ကျဆင်းလာပေမယ့် ကုန်ဈေးနှုန်းတွေကမကျသေး ဘူးလို့သိရပါတယ်။
 
အောက်တိုဘာ၄
 
၃ ရက်အတွင်း အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၆၀ ကျော်အဖမ်းခံရတယ်လို့ သိရပါတယ်။
 
မြန်မာနိုင်ငံရှိ လူငယ် အမျိုးသမီးများ အလုပ်လုပ်ဖို အတားဆီးများစွာ ရင်ဆိုင်နေရပါတယ်။ ထိုင်းနိုင်ငံ ချာချင်ဆောင်က စက်ရုံမှာ မြန်မာလုပ်သား ၃၂၀ ဦး အလုပ်ဝင်ပြီး လေးလ ခန့် တွင် အကြောင်းမဲ့အလုပ်ထုတ်ခံရ ပါတယ်။
 
အောက်တိုဘာ ၅
 
ရန်ကုန်မြိုက HERMITE အရုပ်စက်ရုံတွင် ဝန်ထမ်းများ လစာဖြတ်တောက်ခံရမှုနှင့် ခြိမ်းခြောက်မှုများ ကြုံတွေ့နေရ တယ်လို့ အလုပ်သမားတွေက ပြောလာပါတယ်။
 
ခရီးသွား ရာနေရာ လေး တစ်ခု အနေနဲ့ဗီယက်နမ်ဒဏ္ဍာရီလာ နဂါးစိမ်းကျောက်တောင်များ ရှိရာနေရာ (သိုမဟုတ်) Halong Bay (ဟာလောင်း ပင်လယ်အော်) ဆောင်းပါးကို Myanmar Labour news ပရိသတ်တွေအတွက်ဖော်ပြထားပါတယ်။
 
လုပ်ငန်းခွင်မတော်တဆမှုကြောင့် လက်ပြတ်သွားသည့် မြန်မာအလုပ်သမားအား အလုပ်ရှင်မှတာဝန်ယူမှုမရှိသဖြင့် တိုင်ကြားထားပါတယ်။
 
တပတ်တာ သတင်းအနှစ်ချုပ်ကို မုဒြာက စုစည်းပေးထားတာပါ။

Related posts

Cover
စစ်အာဏာသိမ်းမှု ၅ နှစ်အောက် ပိုဆိုးရွားလာနေသော အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှုများ တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ၂၇-‌‌ ဖေဖော်ဝါရီ၁)
Feb 02, 2026
Cover
ရွှေဈေးသိန်းရာကျော်ခဲ့ပြီး ရွှေဆိုင်တွေအရောင်းရပ်ထားရ၊ အခြေခံကုန်ဈေးနှုန်း လိုက်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 31, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(ဇန်နဝါရီ၁၉-ဇန်နဝါရီ၂၅)
Jan 27, 2026
Cover
ရွှေဈေးသိန်း ၁‌၀၀ကျော်မှာ လုပ်ခလစာမတိုးတဲ့ လုပ်သားပြည်သူတွေ အခက်ပိုကြုံ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 27, 2026
Cover
စစ်ကော်မရှင်ရဲ့ အဝင်ခက်အထွက်ခက် အလုပ်သမားမူဝါဒအသစ် နဲ့ ပိုပိုဆိုးရွားနေလာတဲ့ စက်ရုံအလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံမှုများ အပါအဝင် တစ်ပတ်တာသတင်း အနှစ်ချုပ်
Jan 18, 2026
Cover
နိုင်ငံခြားငွေဈေးပြန်တက်လာပြီး၊ ရွှေဈေးနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်လာ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 17, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ ၅-ဇန်နဝါရီ၁၁)
Jan 11, 2026
Cover
ပြည်ပက တင်သွင်းရတဲ့ ဆေးဝါးနဲ့ သွင်းကုန်ပစ္စည်းပြတ်လပ်ပြီး ကုန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 11, 2026