NEWS

တစ်နေ့လုပ်ခကျပ် ၁၀၀၀၀ နှုန်းအဖြစ်ဆက်လက်အဆိုပြု

CoverLogo
1.1K Views

ပြည်တွင်းကအလုပ်သမားတွေရဲ့ အနိမ့်ဆုံးလုပ်ခလစာနှုန်းထားကို တစ်နေ့လျှင်အနိမ့်ဆုံးလုပ်ခ ကျပ် ၁၀၀၀၀ (တစ်သောင်းကျပ်)အဖြစ်သာ ဆက်လက်အဆိုပြုတယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ STUM အဖွဲ့ကဆိုပါတယ်။ 

 

“၅၆၀၀ က လုပ်ငန်းခွင်မှာ အလုပ်သမားကို ခွဲခြားဖို့အတွက် သတ်မှတ်လိုက်တဲ့ ငွေကြေးတခု ဖြစ်သွား ပြီလား ဆိုတာ လုပ်ငန်းရှင် တချို့ကို မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။ ဇွန်လ ကုန်မှာထုတ်ပေးလိုက်တဲ့လစာ တွေမှာ အလုပ်သမားရဲ့စွမ်းဆောင်ရည်ပေါ်မူတည်ပြီး ၄၈၀၀ နဲ့ ၅၆၀၀ ကို ခွဲခြားပေးလိုက်တယ်။ ဥပဒေ က ပြဌာန်းလိုက်တာ မဟုတ်တဲ့အတွက် မပေးလည်း သူက ဝိနည်းလွတ်တာကိုး။ ဒါဆိုရင်ဘာကြောင့်မို့ လစာတိုးပေးမယ်တို့၊ ၅၆၀၀ ပေးလိုက်ပြီတို့ အသံထုတ်လာကြတာလဲ။ အလုပ်သမားက လကုန်ရင် ၅၆၀၀ ရမယ်လို့သိထားတယ်။ တကယ်ရတော့ ၄၈၀၀။ ဘာ့ကြောင့်လဲမေးတော့ target မပြည့်လို့။ Target အပြည့်ရမှ ၅၆၀၀ ပေးမယ်လို့လည်း တိတိကျကျ ထုတ်မပြော။ အနိမ့်ဆုံးအခကြေးငွေ တိုးဖို့ လိုအပ်ပါတယ်။ တနေ့ ၁၀,၀၀၀ အဆိုပြုနှုန်း မပြောင်းလဲပါ။ OT မရှိတဲ့ စက်ရုံအတွက် လုပ်ခလစာမတိုးရင် အလုပ်သမား တွေ အကြွေးနွံထဲ နစ်သထက်နစ်နေ တော့မယ်။ ဒေါ်လာဈေး ၃၀၀၀ ကျော်။ ၃ ဒေါ်လာနှင့်အထက် ပေးမှ လုပ်ခ လစာ ပြေလည်မဲ့အခြေအနေ ဖြစ်ပါမယ်။ တိတိကျကျ မထုတ်ပြန်ရင် ကြားထဲမှာ အလုပ်သမားတွေ ပိုပြီးကြပ်တည်း လာလိမ့်မယ်”လို့ အဆိုပါအဖွဲ့တာ၀န်ရှိသူက ဆိုပါတယ်။ 

 

ပြီးခဲ့တဲ့လက အလုပ်သမားတွေဟာ အနိမ့်ဆုံးလုပ်ခလစာကိုတစ်နေ့လျှင်ကျပ် ၄၈၀၀ အစား ၅၆၀၀ကျပ်သို့ တိုးမြင့်ပေးဖို့တောင်းဆိုမှုတွေပြုလုပ်ခဲ့ကြတာတွေရှိသလို စက်ရုံအလုပ်ရှင်တွေကလည်း တစ်နေ့လုပ်ခ ကျပ်၅၆၀၀အဖြစ်တိုးမြှင့်ပေးတာတွေရှိပြီး လုပ်သားသစ်ခေါ်ယူတာတွေကိုလည်း ဒေးကြေးကျပ်၅၆၀၀ ကျပ်ဖြင့် လုပ်သားခေါ်ဆိုမှုတွေရှိခဲ့တာဖြစ်ပါတယ်။  

 

အဲ့ဒီလိုတိုးမြင့်ပေးမှုတွေရှိခဲ့တာဖြစ်ပေမဲ့ ယခုလလစာထွက်ရှိလာတဲ့အခါမှာတော့ အလုပ်သမားတွေဟာ အမှန်တစ်ကယ်၅၆၀၀ကျပ်ရရှိလာတာမဟုတ်ဘဲ သတ်မှတ်စံချိန်မီအောင်အထိ ချုပ်ပေးနိုင်တဲ့အလုပ်သမားတွေကိုသာ ၅၆၀၀ကျပ်ဖြင့်ရရှိခဲ့တာဖြစ်ပြီးအလုပ်ရှင်သတ်မှတ်တဲ့ စံချိန်မမှီရင်တော့ ၄၈၀၀ ကျပ်နဲ့သာရရှိခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ 

 

“ဟုတ်ပါတယ်။ ကျွန်တော်တို့လည်းအဲဒီလိုပဲကြားနေရပါတယ်။ အလုပ်သမားတိုင်း၅၆၀၀ကျပ်ရကြတာ ဟုတ်ဘူးလို့ ကြားနေရတယ်”လို့ နောက်ထပ်အလုပ်သမားရေးကူညီဆောင်ရွက်သူတစ်ဦးကဆိုပါတယ်။  

 

စက်ရုံတွေက ယခုလိုမျိုးအလုပ်သမားရဲ့စွမ်းဆောင်ရည်ပေါ်မူတည်ပြီး ကျပ် ၄၈၀၀ နဲ့ ကျပ် ၅၆၀၀ ကို ခွဲခြားပေးလိုက်တာဟာ ၎င်းတို့တိုးမြှင့်ပေးထားတဲ့ ၅၆၀၀ကျပ်ဟာ ဥပဒေက ပြဌာန်းလိုက်တာ မဟုတ်တဲ့အတွက် ယခုလိုတိုးမပေးလည်းပြဿနာမရှိနိုင်တာကြောင့် လုပ်ခလစာကို ခွဲခြားပြီး တိုးမြှင့်ပေးခြင်းဖြစ်လို့ မျှတမှုရှိမနေဘူးလို့ အလုပ်သမားရေးရာ အသိုင်းအဝိုင်းက သုံးသပ်ပြောဆိုပါတယ်။

 

အလုပ်သမားတွေအတွက် အနိမ့်ဆုံးလုပ်ခလစာဟာ အမှန်တကယ်တိုးမြှင့်ပေးဖို့လိုအပ်နေပြီး အတည်ပြုသတ်မှတ်ပေးခြင်းမရှိပါက အလုပ်သမားတွေရဲ့ဘ၀ဟာ ပိုမိုဆုတ်ယုတ်လာဖို့ပဲရှိတယ်လို့ အလုပ်သမားရေးကူညီသူများက သုံးသပ်ပြောဆိုပါတယ်။

 

#MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026