NEWS

တစ်နေ့လုပ်ခ ၅၆၀၀ ကျပ်မဟုတ်ဘဲ လက်ရှိကုန်စျေးနှုန်းအရ လိုက်လျောညီထွေတဲ့နှုန်းထားရရှိရေးသာ ဖြစ်သင့်တယ်လို့ဆို

CoverLogo
861 Views

လတ်တလောကာလတွေမှာ စက်ရုံအလုပ်ရုံတချို့ဟာ အနည်းဆုံးအခကြေးငွေတစ်နေ့လုပ်ခ  ၅၆၀၀ ကျပ်တိုးပေးလာကြတာကြောင့် အဲ့ဒီနှုန်းထားထက် လက်ရှိကုန်စျေးနှုန်းအရ လိုက်လျောညီထွေရှိတဲ့နှုန်းထားတစ်ခုဖြစ်ဖို့ကိုသာ အဓိကထားတောင်းဆိုသင့် တယ်လို့  သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)က ဆိုပါတယ်။

"တစ်နေ့၅၆၀၀ဖြစ်နေတာက အလုပ်သမားတွေလာပြောရင်တော့ကိုယ်တွေကရှင်းပြတယ်။ ခက်တာက နောက်ကွယ်မှာက အဖွဲ့အစည်းတစ်ခုခုကတော့ရှိနေတယ်။  အဲလိုဆန္ဒပြတယ်တောင်းဆိုတဲ့ နောက်မှာလည်း သမဂ္ဂရှိကြတာများတယ်။ မရှိရင်လည်းအဖွဲ့အစည်းတို့နီးစပ်တဲ့လူတွေရှိကြတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ၅၆၀၀ ဆိုတာက လက်ဝါးခြင်းရိုက်တာလို့မြင်တယ်။  ဒါကိုစက်ရုံတွေ အကုန်လုံးကပေးတယ်ဆိုရင်တော့ အမျိုးသားအဆင့်ကော်မတီကအဲ့ဒါကိုအတည်ပြုလိုက်မှာပေါ့။  တကယ်လို့ ၄၈၀၀နဲ့ ငါးနှစ်လောက်ထိနေခဲ့ပြီးမှ ၅၆၀၀ပဲတိုးတယ်ဆိုတာ ကဘယ်လိုမှမဖြစ်နိုင်ဘူး။ကုန်စျေးနှုန်းတွေက ၄၈၀၀ဆိုတုန်းကထက် သုံးဆလောက်တက်သွားချိန်မှာ လုပ်ခလစာကိုအဲလိုလေးပဲတိုးတယ် တိုးဖို့ကြိုးစားကြတယ်ဆိုတာ လုံး၀မဖြစ်နိုင်ဘူး။ တစ်ဖက်မှာတောင်းဆိုထားတာ ၇၀၀၀တို့  ၈၀၀၀တို့  ၁၀၀၀၀ တို့ ဆိုတာအားလုံးသိကြတာပဲ။ တစ်ရုံရုံ
ကနေ  သူရဲ့လုပ်ငန်းလိုအပ်ချက်အရ ဒေးကြေးတိုးပေးလိုက်တာကိုအားလုံးက လိုက်ပါသွားတာ။ ဒါက်ိုအလုပ်သ မားတွေကိုရှင်းပြနေရတာ။ ခုကုန်စျေးနှုန်းနဲ့ကဘယ်လိုမှမဖြစ်နိုင်ဘူး။ တစ်ကယ်သာဆိုလက်ရှိကုန်စျေးနှုန်းနဲ့လိုက်လျောညီထွေဖြစ်တာကိုပဲတောင်းသင့်တယ်လို့ အကြံပေးချင် တယ်" လို့ STUM တာဝန်ရှိသူကဆိုပါတယ်။

လက်ရှိမှာ ရန်ကုန်မြို့ကစက်ရုံတချို့က တစ်ရက်လုပ်ခ ၄၈၀၀ကျပ်ကနေ ၅၆၀၀ကျပ်သို့ မူလနှုန်းထားတက် ကျ်ပ၈၀၀ပိုတိုးပေးလာကြတာဖြစ်သလို အခြားသောစက်ရုံများက အလုပ်သမားများကလည်း အခြားစက်ရုံများနည်းတူ တစ်နေ့လုပ်ခကျပ်၅၆၀၀ကျပ်သို့တိုး ပေးဖို့တောင်းဆိုမှုတွေဆက်တိုက်ရှိလာတာဖြစ်ရာ   ဒါဟာအလုပ်သမားတွေအမှန်တကယ်လိုချင်တဲ့ပမာဏမဟုတ်ဘူးလို့ STUM တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

"၅၆၀၀ဆိုပြီးဘယ်လိုဖြစ်လာတယ်ဆိုတာမသိဘူး။လုပ်ငန်းရှင်တွေဆီကတသံတည်းထွက်လာတာတော့သတိထားမိတယ်။ဒီလိုအကြောင်းဖြစ်လာဖို့နောက်ကွယ်က နောက်မှာအဖွဲ့အည်းတစ်ခုခုရှိတယ်။ ၅နှစ်စာမတိုးဘဲနေလာခဲ့ပြီးမှ ၈၀၀ ကျပ်ပဲဲတိုးပေးတာက အဖွဲ့အစည်းတစ်ခုခုရှိတယ်။ ပြောရရင်တော့ လက်ဝါးချင်းရိုက်တာပေါ့"လို့ အလုပ်သမား​ရေးကူညီပေးနေသူတစ်ဦးကဆိုပါတယ်။

လတ်တလောကာလတွေမှာ စက်ရုံတွေကဒေးကြေး ၅၆၀၀ကျပ်သတ်မှတ်ပေးလာတာကိုအလုပ်သမားတွေက ၄၈၀၀ကျပ် ၃၆၀၀ကျပ်ထက်စာရင် များလာတာကြောင့် အခြေအနေအရလက်ခံနေကြရပေမယ့် STUM အနေနဲ့ကတော့ ၄၈၀၀ကျပ်နဲ့၅နှစ်အထိနေခဲ့ရတဲ့အခြေအနေနဲ့ လက်ရှိမြင့်တက်နေတဲ့ကုန်စျေးနှုန်းတွေအရ  တစ်နေ့လုပ်ခကျပ်၅၆၀၀အစား မူလတောင်းဆိုထားတဲ့ကျပ် ၇၀၀၀၊ ကျပ်၈၀၀၀နဲ့ကျပ်တစ်သောင်းဆိုတဲ့ နှုန်းအတိုင်းတောင်းဆိုသင့်တယ်လို့ လည်းဆိုပါတယ်။

ရန်ကုန်မြို့က စက်ရုံအများစုဟာ ယခုလဇွန်လကစပြီးတစ်ရက်လုပ်ခ မူလ၄၈၀၀အစား  ၅၆၀၀ကျပ်သို့ပြောင်းလဲပေးပြီး အလုပ်သမားသစ်ခေါ်ယူရာမှာလည်း ဒေးကြေး၅၆၀၀ဟုပြောဆိုကာ ဝန်ထမ်းခေါ်ယူမှုတွေရှိနေတဲ့အပြင်  တချို့စက်ရုံတွေကတော့ ကျပ်၄၈၀၀၊ ၅၂၀၀၊ ၅၈၀၀ စည်ဖြင့် တိုးပေးနေတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

#MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026