NEWS

ဌာနဆိုင်ရာက လာရောက်စစ်ဆေးပြီးနောက် လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုပိုမိုဆိုးရွားလာဟုဆို

CoverLogo
366 Views
 
လုပ်ငန်းခွင်အတွင်း ခွင့်ရက် နဲ့ ခွင့်ခံစားခွင့်တွေကို ခွဲခြားပေးပြီး ရက်ပျက်ပါက ခံစားခွင့်တွေ ဖြတ်တောက်ခံရတယ်လို့ အလုပ်သမားတွေတိုင် ကြားပြီးနောက်ပိုင်းမှာ လုပ်ငန်းခွင်ထဲကို အလုပ်သမားရုံးတာဝန်ရှိသူတွေလာရောက်စစ်ဆေးပေမယ့် ချိုးဖောက်မှုတွေကို ပြုပြင်ပေးတာမရှိဘဲ ပိုဆိုးလာတယ်လို့ Victor House Co.Ltd အထည်ချုပ်စက်ရုံ အလုပ်သမားတွေကပြောပါတယ်။
 
လုပ်ငန်းခွင်မှာ ရှောင်တခင် ခွင့်ခံစားခွင့်မရဘဲ အလုပ်တရက်ပျက်ပါက ကျပ် ငါးသောင်း နစ်နာရပြီး အထည်စံချိန် တနာရီ အထည် ၆၀ အထိ တောင်းခံတာကြောင့် အလုပ်သမားတဦးကို ပွိုင့် နှစ်မျိုးသုံးမျိုး အထိ ချုပ်လုပ်နေရတယ်လို့ အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ကို တိုင်ကြားခဲ့တာပါ။
 
"လုပ်ငန်းခွင်ချိုးဖောက်မှုတွေကို ဆိုရှယ်မီဒီယာမှာ သတင်းဖော်ပြခံရပြီးနောက်ပိုင်း လုပ်ငန်းခွင်ထဲကို လေဘာရုံးကဆိုပြီး လူ ၅ ယောက် ရောက်လာတယ်၊ စက်ရုံသတင်းလိုင်းမှာတွေ့လို့ဆိုပြီး အလုပ်သမားတွေကို မေးမြန်းတာမရှိဘဲ အလုပ်ရှင်နဲ့စကားပြောပြီးပြန်သွားတယ်။ စစ်ဆေးရေးတွေပြန်သွားတာနဲ့ အလုပ်ရှင်က ၉ လပိုင်းကစပြီး ခွင့်ယူရင် ဒေးကြေးက လွဲပြီး အခြားခံစားခွင့်အကုန်ဖြတ်မယ်၊ အထည်စံချိန်ပြည့်အောင်မပေးနိုင်ရင် ကျွမ်းကျင်ကြေးအကုန်ဖြတ်မယ်ဆိုပြီး ပြောပါတယ်"လို့ အလုပ်သမားတွေရဲ့ တိုင်ကြားချက်အရသိရပါတယ်။
 
လုပ်ငန်းခွင်ထဲမှာ အထည်စံချိန်တောင်းခံရာမှာ အော်ဟစ် ဆဲဆိုပြီးခိုင်းစေတာ၊ ဖိအားပေးခြိမ်းခြောက်ခိုင်းတာတွေပါ ပိုမိုဆိုးရွားလာတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
"ဥပဒေပါခွင့်ခံစားခွင့်ဖြစ်တဲ့ ရှောင်တခင်ခွင့် မပေးဘဲ တရက်ပျက်ရင် ခွင့်မဲ့ သတ်မှတ်လိုက်တဲ့အတွက် အလုပ်တရက်ပျက်ရင် ဒေးကြေး ထောက်ပံ့ကြေး ရက်မှန်ကြေး ကျွမ်းကျင်ကြေးတွေ အချိုးကျဖြတ်တောက်ခံရတယ်၊ ဥပဒေအတိုင်းဆို တစ်လမှာ ရှောင်တခင်ခွင့်တရက်ယူလို့ရတယ် ဒေးကြေး တွေခံစားခွင့်တွေ ဖြတ်တောက်စရာမလိုဘူး။ အခုကျတော့ တရက်ပျက်လို့ရှိရင် ၅၀၀၀၀ ကျော်လောက် အဖြတ်ခံရတော့ ၅ ရက်စာလောက်နစ်နာသွားတယ်။ သူတို့ပေးထားတဲ့ ကျွမ်းကျင်ကြေးတွေ ရက်မှန်ကြေးတွေဆိုတာလည်း မသေရုံတမယ်စားဖို့ပဲ ရတာ ၊ အထည်စံချိန်ချုပ်ခိုင်းတော့ကျ ညလုံးပေါက် အချိန်ပိုတွေဆင်းပြီး တောင်းသလောက်ပြည့်မီအောင်ချုပ်ပေးရတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
အလုပ်သမားတွေရဲ့တောင်းဆိုချက်တွေအရ

၁။ အောစူပါ၊ စူပါများမှ အထည်စံချိန်များတောင်းခံရာတွင် အော်ဟစ်ဆဲဆိုနေခြင်းမပြု လုပ်ရန်။

၂။ အလုပ်သမားများ မချုပ်လုပ်နိုင်သည့်အထိ အထည်စံချိန်များကို အလုပ်ရှင်ဘက်ကတောင်းခံနေခြင်း မပြုလုပ်ရန်။

၃။ အလုပ်သမားရုံက လုပ်ငန်းခွင်ထဲလာရောက် စစ်ဆေးလျင်လည်း ထူးခြားမှုမရှိဘဲ ပိုပိုဆိုးလာခြင်းကြောင့် ထိရောက်စွာလုပ်ဆောင်ပေးရန်။

၄။ အလုပ်ရှင်ဘက်က အလုပ်သမားများခံစားခွင့်ရှိသော ခွင့်ရက်ကိုခံစားခွင့်ပေးရန်တို့ဖြစ်ပါတယ်။

Victor House Co.Ltd အထည်ချုပ်စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အောက်ထိပ်မှာ ဖွင့်လှစ် လုပ်ကိုင်နေပါတယ်။ လက်ရှိ လုပ်သား ၉၀၀ ဝန်းကျင်က Papaya အထည်တွေကို ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။

Related posts

Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026