NEWS

ည ၁၀ နာရီအထိ အချိန်ပိုဆင်းနေရတာတွေအပါအဝင် အလုပ် ၁ရက်ပျက်လျှင် ၃၀၀၀၀ ကျပ် ထိဖြတ်တောက်နေပြီး အလုပ်သမား ဥပဒေပါအခွင့်အရေးများပါချိုးဖောက်ခံနေရတယ်လို့ Dishang Kenny garment စက်ရုံကအထည်ချုပ်အလုပ်သမားတွေပြော

CoverLogo
2.2K Views

အလုပ်သမားတဦးလျှင် တရက်အလုပ် ပျက်ပါက ရက်ပျက်ကြေး သုံးသောင်းအထိကောက်ခံနေပြီး၊ အလုပ်သမားဥပဒေပါ အခွင့်အရေးများဖြစ်တဲ့လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့် ရယူခွင့်အပါအဝင်အခြားသောအခွင့်အရေးများကို စက်ရုံဖက်ကဘာတခုမှမပေးတဲ့အပြင် အလုပ်သမားတွေရဲ့အခွင့်အရေးတွေကို Dishang Kenny garment အထည်ချုပ်စက်ရုံဖက်က ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတယ်လို့ အလုပ်သမားများရဲ့ပြောကြားချက်တွေအရသိရပါတယ်။

Dishang Kenny garment အထည်ချုပ်စက်ရုံဟာ မင်းကြီးမဟာမင်းခေါင်လမ်း‌၊ ရွှေသံလွင်စက်မှုဇုန်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့မှာလာရောက်အခြေချလုပ်ကိုင်နေတဲ့ တရုတ်လူမျိုးပိုင်စက်ရုံတခုဖြစ်ပြီးတော့လုပ်သားဦးရေ ၅၇၀ နဲ့လည်ပတ်လုပ်ကိုင်နေတဲ့စက်ရုံတခုဖြစ်ပါတယ်။

"လုပ်ငန်းခွင်ထဲမှာအလုပ်ရှင်ကိုယ်စားအုပ်ချုပ်ရတဲ့စူပါနဲ့ အောစူပါတွေက အလုပ်သမားတွေကိုတော်တော်ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာအရှက်ရအောင်ကို အော်ဟစ်ပြီးပြောတာ တနင်္ဂနွေ လိုရက်တွေကိုလဲအလုပ်သမားတွေရဲ့ ဆန္ဒမပါပဲ အိုတီအတင်းဆင်းခိုင်းတယ် မဆင်းရင် ဝမ်တိမ်ထိုးရတယ်"လို့အဆိုပါစက်ရုံမှအလုပ်သမားတဦးကဆိုပါတယ်။

ဒါ့အပြင်စက်ရုံဖက်က အလုပ်သမားဥပဒေများဖြစ်ကြသည့် ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့်အလုပ်ပိတ်ရက်များဥပဒေပါခံစားခွင်များ လုံးဝမပေးတော့ပဲအလုပ်သမားများမှ ခွင့်ယူမည်ဆိုပါက ခွင့်ယူပြီးနောက်ရက်များတွင် လုပ်ငန်းခွင်သို့လာရောက်သည့်အခါ လိုင်းခေါင်းဆောင်များမှ အလုပ်သမားအပေါ်အငြိုးအတေးထား ဆက်ဆံ ခြင်း ဝမ်တိမ်လက်မှတ်ထိုးခိုင်းစေခြင်းအပြင် အလုပ်မှထုတ်ပယ်ခံရပါသည်အထိအလုပ်သမားများအပေါ် အခွင့်အရေးချိုးဖောက်နေတယ်လို့လည်းသိရပါတယ်။

"အရေးပေါ်မိသားစုကိစ္စဖြစ်လို့ ဖြစ်ဖြစ်လုပ်ငန်းခွင်ထဲရောက်မှ နေထိုင်မကောင်းရင်ပဲ ဖြစ်ဖြစ်ပြန်ချင်လဲ ဂိတ်ပတ်ကအလွယ်တကူတောင်းမရဘူး ပြီးတော့အလုပ်တရက်သာပျက်တာနဲ့ ရက်မှန်ကြေးဖြတ်တာအပြင် တရက်ပျက်တာနဲ့ပိုက်ဆံသုံးသောင်းတန်း ဖြတ်ပစ်တာ ခိုင်းတာကလဲည၁၀ ကျော်အထိခိုင်းတာဆိုတော့ဒီလိုကာလမှာအိမ်ပြန်ရတာတော်တော်အခက်အခဲတွေကြုံနေရတယ်"လို့ Dishang Kenny garment စက်ရုံမှ အလုပ် သမားတဦးကပြောပါတယ်။

အထက်ပါစက်ရုံမှအလုပ်ရှင်အနေဖြင့် စက်ရုံအတွင်းရှိ အလုပ်သမားများနားနေထမင်းစားဆောင်များကို သန့်ရှင်းမှု စီစဥ်ဆောင်ရွက်မှုမရှိတာတွေအပါအဝင် အလုပ်သမားများကို အလုပ်ရှင်၏ စီမံအုပ်ချုပ်‌ရေးအပိုင်းမှာတာဝန်ယူထားသော All super/Super များ မှ အလုပ်ချိန် နံနက်(၇း၃၀)အစား နံနက် (၇း၁၅) မှစ၍ အလုပ်သမားများအား လုပ်ငန်းခွင် ဝင်စေခြင်းနှင့် အစည်းဝေးများ ပြုလုပ်ခြင်းများကိုအလုပ်သမားများဆန္ဒမပါဘဲ နေ့စဥ်နဲ့အမျှပြုလုပ်နေတယ်လို့သိရပါတယ်။

လက်ရှိမှာတော့ Dishang Kenny garment Factory အထည်ချုပ်စက်ရုံက အလုပ်သမားတွေအနေနဲ့လုပ်ငန်းခွင်တွင် All super/Super များမှ အလုပ်သမားအပေါ် အလုပ်နဲ့မသက်ဆိုင်ဘဲ  ရိုင်းစိုင်းစွာဖြင့် ပြောဆိုဆက်ဆံခြင်း နှင့် ဝန်ထမ်းများကြားအရှက်ရစေရန်အော်ဟစ်ပြောဆိုဆက်ဆံခြင်းများ မပြုလုပ်စေရန်၊ ဥပဒေပါခံစားခွင်များကို ဥပဒေပါမတိုင်းခံစားခွင်ပြုရန်နှင့်အပြည့်အဝပေးရန်၊ အများပြည်သူအလုပ်ပိတ်ရက်များဖြစ်သည့် တနင်္ဂနွေနေ့များကို အလုပ်ရှင်အနေဖြင့် အချိန်ပိုခေါ်သည့်အခါ  အလုပ်သမားများ၏သဘောဆန္ဒ ကိုရယူပြီးမှသာခေါ်ရန်၊ အလုပ်သမားအနေဖြင့် လုပ်ငန်းခွင်တွင် နေထိုင်မကောင်းဖြစ်တဲ့အခါနှင့် မိမိ၏မိသားစုကိစ္စပေါ်‌ပေါက်လာပါက အလုပ်ရှင်နေဖြင့် ဂိတ်ပတ်ပေးရန်၊ ဥပ‌ဒေပါခံစားခွင့်ရက်ပြတ်ပါက အခြားလစာတိုင်းများထဲက မဖြတ်တောက်ရန်၊ အလုပ်ရှင်အနေဖြင့် အချိန်ပိုခေါ်ယူရာတွင် ဥပဒေမှ သက်မှတ်ထားသည်အတိုင်းခေါ်ယူရန်၊ စက်ရုံလုပ်ငန်းခွင်ရှိ ထမင်းစားဆောင်တွင် သန့်ရှင်းအောင်စီစဥ်ဆောက်ရွက်ပေးရန်၊ အလုပ်ချိန်အားယခင် သက်မှတ်ထားသော နံနက်(၇း၃၀) မှသာ လုပ်ငန်းခွင်သို့ ဝင်ရောက်ရန်အစရှိတဲ့အချက်(၈)ချက်ကိုအမြန်ဆုံးရရှိဖို့လိုလားနေကြပါတယ်။

Dishang Kenny garment Factoryအထည်ချုပ်စက်ရုံမှာအလုပ်သမားသမဂ္ဂရှိနေပေမယ့်  စစ်အာဏာသိမ်းပြီးနောက်မှာတော့ အလုပ်သမားအခွင့်အရေးကိစ္စရပ်တွေကိုစက်ရုံဖက်ကညှိနှိုင်းတာတွေမရှိတော့ဘူးလို့လည်းသိရပါတယ်။

အဆိုပါအထည်ချုပ်စက်ရုံဟာ ZARA, ONLY, KIABI အစရှိတဲ့အမှတ်တံဆိပ် အထည်များချုပ်လုပ်ပြီးစျေးကွက်ကိုဖြန့်ချီနေတဲ့စက်ရုံတခုလည်းဖြစ် တယ်လို့သိရပါတယ်။


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026