NEWS

ဇွန်လ ဒုတိယပတ်အတွင်း ရွှေဈေး၊ ငွေဈေးနဲ့ကုန်ဈေးနှုန်းများ

CoverLogo
495 Views

အာဏာသိမ်းစစ်တပ်လက်အောက်  မြန်မာနိုင်ငံရဲ့  ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေဟာ  တစ်ရှိန်ထိုးဖြစ်ပေါ်နေပါတယ်။   ဇွန်လဒုတိယပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့   ရွှေဈေးငွေဈေးနဲ့အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News ကစုစည်း  ဖော်ပြပေးလိုက်ပါတယ်။ 

တစ်ပတ်အတွင်း ပြည်တွင်းက စက်သုံးဆီဈေးနှုန်းတွေကတော့ ဇွန်၁၀ ရက်နေ့ရဲ့စက်သုံးဆီဈေးနှုန်းတွေဟာ  အောက်တိန်း ၉၂တစ်လီတာလျှင် ၂၄၉၅ ကျပ်၊ အောက်တိန်း ၉၅တစ်လီတာလျှင် ၂၆၁၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၃၀၅ ကျပ်နဲ့ ပရီမီယမ် တစ်လီတာလျှင် ၂၃၅၀ကျပ်ဖြစ်ပြီး အဆိုပါဈေးနှုန်းတွေအတိုင်း  ဇွန်၁၁ရက်၁၂ရက်၁၃ရက်နေ့အထိရှိနေခဲ့ပြီး ဇွန်၁၄ရက်ကနေဇွန်၁၅ရက်နဲ့၁၆ရက်နေ့အထိ  ဈေးနှုန်းတွေကတော့ အောက်တိန်း၉၂တစ်လီတာလျှင် ၂၅၁၅ ကျပ်၊ အောက်တိန်း ၉၅တစ်လီတာလျှင် ၂၆၄၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၃၀၅ ကျပ်နဲ့ ပရီမီယမ် တစ်လီတာလျှင် ၂၇၀၅ကျပ်ဖြစ်တာကြောင့်  တစ်ပတ်တာအတွင်းစက်သုံးဆီဈေးအနည်းငယ်မြင့်တက်လာတာကို  ရန်ကုန်တိုင်းစက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူး ကြီးကြပ်ရေးကော်မ တီရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။  

တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့  ဇွန်၁၀ရက်နေ့ရဲ့ ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၂၉၃ ဒေါ်လာရှိပြီး ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရဲ့ အခေါက်ရွှေပေါက်ဈေးဟာ ၄၆သိန်း၅သောင်းကျော်ဖြစ်တယ်လို့ သတ်မှတ်ထားပြီး ပြင်ပအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်၅၂သိန်းတစ်သောင်းသို့ရှိနေခဲ့တာဖြစ်ပြီး ဇွန်၁၁ရက်နေ့မှာတော့ ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၃၀၄ဒေါ်လာသို့အနည်းငယ်မြင့်တက်လာခဲ့ပြီး ပြင်ပအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်၅၄သိန်းကျော်ဖြစ်ကာ ဇွန်၁၂ရက်ကနေပြီးဇွန် ၁၆ရက်နေ့အထိ ရွှေဈေးတွေဟာ ယခင်ရက်များကဲ့သို့ဈေးတန်းတည်ရှိနေတာဖြစ်ပြီး  ရွှေဆိုင်များနဲ့ရွှေကုန်သည်များအားလုံး  ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ သတ်မှတ်ဈေးထုတ်ပြန်ထားအတိုင်း အရောင်းအ၀ယ်ပြုလုပ်ဖို့နဲ့  ဇွန်၁၄ရက်နေ့ကလည်း ရွှေဆိုင်အချို့ကိုဖိအားပေးပြီး  ၎င်းတို့သတ်မှတ်ဈေးအတိုင်းပြည်သူလူထုထံ ရောင်းချခိုင်းခဲ့တာလည်း ဖြစ်ပွားခဲ့ပါတယ်။ 

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ ဇွန်၁၀ရက်နေ့ကနေ ဇွန်၁၆ရက်နေ့တွေမှာတော့  ပြင်ပပေါက်ဈေးအမေရိကန်တစ်ဒေါ်လာလျှင်ကျပ် ၄၂၀၀ကန ၄၅၀၀ အထိရှိခဲ့တာဖြစ်ပြီး  ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင် ၃၈၀၀၊ ၃၉၀၀ ဝန်းကျင်နှုန်းနဲ့ဖြတ်နေသလို ဘဏ်အပလီးကေးရှင်းတွေမှာတော့ ၃၃၀၀ ကျော်နဲ့သာ ဈေးနှုန်းသတ်မှတ်ထားပြီး  အမှန်တကယ်ဖြတ်ရင်တော့  ၃၉၀၀ အထိဖြတ်နေတာလို့လည်း သိရပါတယ်။ ပြင်ပပေါက်ဈေးထိုင်းဘတ်ငွေတစ်ဘတ်လျှင် မြန်မာငွေ ၁၂၂ ကနေ ၁၂၅ကျပ်အထိပေါက်ဈေးရှိပြီး အဆိုပါဈေးတန်းနဲ့ဇွန်၁၀ရက်ကနေ ဇွန်၁၆ရက်အထိ  ရှိနေတာဖြစ်ပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  ယခုတစ်ပတ်တာ ဇွန်၁၀ရက်မှ ဇွန်၁၆ရက်နေ့အထိ စားအုန်းဆီအခြေခံရည်ညွှန်းဈေး တစ်ပိဿာလျှင် ၅၃၆၅ကျပ်သတ်မှတ်ထားတာဖြစ်လို့  ပြီးခဲ့တဲ့တစ်ပတ်တာဈေးနှုန်းထက် အနည်းငယ်ဈေးမြင့်သတ်မှတ်ခဲ့တာဖြစ်ပြီး  ပြင်ပပေါက်ဈေးနှုန်းတွေမှာလည်း တစ်ပိဿာလျှင်ကျပ်တစ်သောင်းကနေ ၁၂၀၀၀ အထိရှိကာ   ပြင်ပလက်ကားဈေးမှာတော့ တစ်ပိဿာလျှင် ကျပ်၉၀၀၀အထိပေါက်ဈေးရှိတယ်လို့ သိရပါတယ်။ 

အခြေခံစားသောက်ကုန်နဲ့ ကုန်ဈေးနှုန်းမှာတော့  ဆန်တစ်ပြည် ခြောက်ထောင်ဝန်းကျင်နဲ့ ခြောက်ထောင်အထက်၊  ခရမ်းချဉ်သီးတစ်ပိဿာလျှင်ကျပ်၆၀၀၀၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့်(အလတ်) ကျပ်၂၀၀၀ ၀န်းကျင်အထိဖြစ်နေပြီး ငြုပ်သီးစိမ်းအနည်းဆုံးကျပ်၅၀၀ဖိုးသာပေးဝယ်နေရတယ်လို့ သိရပြီး ငါးဈေးနှုန်းတွေကတော့ မည်သည့်ငါးမဆိုအနည်းဆုံးကျပ်သုံးထောင်ဖိုးဝယ်ယူမှသာ တစ်နပ်စာစားသုံးလို့ရနေတာဖြစ်သလို ပဲသီးတစ်စီးလျှင်  ၇၀၀ကျပ်၊  ချဉ်ပေါင်ရွက်တစ်စီးလျှင် ၃၀၀၊ ဗူးရွက်တစ်စီး ၄၀၀၊ စူးပုတ်ရွက်တစ်စီး ၅၀၀ကျပ်နဲ့ ကြက်ဥတစ်လုံး ၃၅၀ကျပ်နဲ့  ဘဲဥတစ်လုံး ၄၀၀ကျပ်ဖြစ်လာပြီး အခြားသောအခြေခံအသီးအရွက်စားသောက်ကုန်တွေဟာ ယခင်ကအနည်းဆုံး ၅၀၀ဖိုးဝယ်ယူရနိုင်ပေမဲ့ ယခုအခါကျပ်၁၀၀၀ အထက်သို့ပေးဝယ်နေရတယ်လို့ သိရပါတယ်။  

ကြက်သားဈေးဟာလည်း တစ်ပိဿာ ၂၀၀၀၀ ကျပ်အတိဖြစ်တာကြောင့် အခြေခံကျတဲ့အလုပ်သမားတွေအတွက် ကျပ် ၃၀၀၀ ဖိုးပေးဝယ်မှသာရရှိတဲ့အနေအထားသို့ရောက်ရှိနေတာဖြစ်ပြီး  အမဲသားနဲ့ဝက်သား ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ကျပ်၂၀၀၀၀ အထက်ဈေးသို့ရောက်ရှိနေတာကြောင့်  အခြေခံအလုပ်သမားတွေအတွက်  စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။ 

အထက်ပါဖော်ပြခဲ့တဲ့တစ်ပတ်အတွင်းပြောင်းလဲမြင့်တက်နေတဲ့  ကုန်ဈေးနှုန်းတွေအရ အလုပ်သမားတစ်ဦးရဲ့  တစ်နေ့တာကုန်ကျစရိတ်ဟာ  ကျပ်တစ်သောင်းအထက်ကိုရောက်ရှိနေတာကို မြင်တွေ့နေရပါတယ်။လက်ရှိ ပေးချေနေတဲ့ နှုန်းထားအရ တရက်လုပ်ခ ၅၈၀၀ ကျပ်သာ ရရှိတာကြောင့် အခြေခံအလုပ်သမားတစ်ဦးလျင် တစ်နေ့ကို အလုပ်ချိန် ၁၆ နာရီကျော်လုပ်ကိုင်နေရပြီး တနင်္ဂနွေနေ့တွေပါ အလုပ်ဆင်းနေရသလို ကျန်းမာရေး လူမှုရေး ထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပွားနေပါတယ်။

 


Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026