NEWS

ဆောင်းဦးရွှေနေစက်ရုံအတွင်း ယောင်ပြ သမဂ္ဂဖွဲ့စည်းဖို့ ကြိုးပမ်းမှုတွေ ရှိနေ

CoverLogo
645 Views
 
ဆောင်းဦးရွှေနေ (Saung Oo Shwe Ney) စက်ရုံအတွင်း ယောင်ပြသမဂ္ဂ Yellow Union တွေ ဖွဲ့စည်းဖို့ စက်ရုံတာဝန်ရှိသူတချို့က ကြိုးစားနေတယ်လို့ စက်ရုံသမဂ္ဂတာဝန်ရှိသူ တဦးက ပြောပါတယ် ။ ဒီလို ဖွဲ့စည်းဖို့ ကြိုးစားနေတာ ၂ လလောက်ရှိနေပြီလို့လည်း ဆက်ပြောပါတယ်။
 
“ လွန်ခဲ့တဲ့ နှစ်လလောက်ကတည်း အစည်းအဝေးတွေမှာ သမဂ္ဂတရပ် ထပ်မံဖွဲ့စည်းမယ်ဆိုပြီး HR မန်နေဂျာ က ပြောခဲ့တယ်။ ဒီနောက် ဖွဲ့စည်းထားပြီးဖြစ်တဲ့ သမဂ္ဂထဲက ထွက်သွားတဲ့ ခေါင်းဆောင်နှစ်ဦးကို စည်းရုံးတယ်။ သူတို့ နှစ်ဦးကို အခွင့်အရေးတွေပေးတယ်၊ နောက် WCC အဖွဲ့ထဲ ထည့်ဖို့တောင် စက်ရုံတာဝန်ရှိသူတွေက စီစဉ်ခဲ့ တာ။” လို့ စက်ရုံသမဂ္ဂ တာဝန်ရှိသူ တဦးက ပြောပါတယ် ။
 
ယောင်ပြသမဂ္ဂ Yellow Union ဆိုတာ အလုပ်ရှင်နဲ့ စက်ရုံတာဝန်ရှိသူတွေက ဦးဆောင်ဖွဲ့စည်းတဲ့ သမဂ္ဂတွေ ဖြစ်တယ်လို့ အလုပ်သမားအဖွဲ့ချုပ် အဖွဲ့ဝင်တဦးက ပြောပါတယ်။ လုပ်ငန်းခွင်အတွင််း အလုပ်သမား အခွင့်အရေး အထောက်အကူပြုနိုင်ဖို့ သမဂ္ဂတွေကို လွတ််လပ်စွာ ဖွဲစည်းဖို့ကို အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ စံနှုန်းနဲ့ မြန်မာနိုင်ငံက အလုပ်သမားဥပဒေတွေမှာလည်း တည့်သွင်း ပြဌာန်းထား ပါတယ်။ ဒါပေမဲ့ စက်ရုံလုပ်ငန်း တချို့မှာတော့ အလုပ်ရှင်ဘက်က သမဂ္ဂတွေကို ဦးဆောင် ဖွဲ့စည်းပြီး အလုပ်သမားအခွင့်အရေးတွေကို ချိုဖောက် နေတာတွေလည်း ရှိနေပါတယ်။
 
“ဒီကာလထဲမှာ ဆောင်းဦးရွှေနေမှာ အလုပ်သမားပြဿနာတွေ တော်တော်များ ဖြစ်တယ်။ အဲဒါ ပြဿနာ တွေက တကယ် ဖြစ်တာပဲ။ မြို့နယ် အလုပ်သမားရုံးအထိတောင် တိုင်တာတွေရှိတယ်။ ဒါပေမဲ့ တချို့ကိစ္စ တွေ ညှိနှိုင်း တော့ သမဂ္ဂမပါဘဲ ဆောင်ရွက်တာတွေ ရှိတယ်။ WCC ကတော့ အမြဲပါတယ်။ ဒါက သမဂ္ဂကို ဖြိုခွင််း ဖို့ ကြိုးစား တာလို့ ပြောလို့ရပါတယ် ။ ” လို့ ပြောပါတယ်။
 
ဒါ့အပြင် လူမှုကွန်ရက်စာမျက်နှာမှာ စက်ရုံအတွင််းအလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ဖော်ပြရမှာ သတင်းတု တွေဆိုပြီး စက်ရုံတာဝန်ရှိသူတွေနဲ့ နီးစပ်သူတွေက ရေးသားတာတွေလည်းရှိနေတယ်လို့ ပြောပါ တယ်။ ဆောင်းဦးရွှေနေစက်ရုံသမဂ္ဂအဖွဲ့ဝင် ၁၀၀ ကျော်ရှိပြီး သမဂ္ဂခေါင်းဆောင်တွေအပေါ် စက်ရုံ ရုံးဝန်ထမ်း တချို့က ငွေကြေးအရှုတ်တွေရှိတယ်ဆိုပြီး လူမှုကွန်ရက်မှာ ရေးသားပြီး သမဂ္ဂပုံရိပ် ကျဆင်းဖို့နဲ့ ဖြိုခွဲဖို့ ကြိုးစားခဲ့ တယ်လို့ ခေါင်းဆောင်တချို့က အထောက်အထားတွေနဲ့ ပြောပါတယ်။ စက်ရုံသမဂ္ဂအနေနဲ့ ငွေကြေး ရှင်းတမ်း တွေကို တိတိကျကျ ထုတ်ပြန် ပေးတဲ့အပြင် အလုပ်သမားတွေ အကူအညီတောင်းနေတဲ့ ကိစ္စတွေကို ချက်ချင်း ဖြေရှင်းပေးတယ်လို့ ဆိုပါတယ်။
 
“ အလုပ်ရှင်က ဒါဆို ဒါလုပ်အဖွဲ့မျိုးကိုပဲ လိုချင််တာ၊ ကျွန်မတို့သမဂ္ဂကတော့ ကိစ္စတခုခုဆို စက်ရုံအလုပ်သမား နစ်နာ တာမျိုး လက်မခံဘူး၊ တလောကဆို စက်ရုံတာဝန်ရှိသူက အလုပ်သမားတွေ ရက်ပျက်ရင် အရင်လို ရက်မှန်ကြေး ၊ ဒေးကြေးလိုတွေ ပြန်ဖြတ်ဖို့ ပြောတာကို လုံးဝ လက်မခံခဲဘူး။ ယောင်ပြသမဂ္ဂတွေ ဖြစ်လာရင် တော့ အလုပ်ရှင် ပြောသမျှ ခေါင််းငြိမ့်နေတော့ အလုပ်သမားတွေက နစ်နာနေမှာပဲ ” လို့ သမဂ္ဂ ခေါင်းဆောင် တဦးက ပြောပါတယ်။
 
Saung Oo Shwe Nay အထည်ချုပ်စက်ရုံကတော့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ် စက်မှုဇုန် ၊အလယ်လမ်း ၃ လမ်းမှာရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ စက်ရုံလုပ်သား ၁၈၀၀ ကျော်က SMOG ၊ H&M နဲ့ DIVIDED တံဆိပ်တွေကို ချုပ်လုပ်နေတယ်လို့လည်း သိထားရပါတယ်။

Related posts

Cover
GTIG အထည်ချုပ်စက်ရုံ ၅ ရုံမှာ လုပ်ခလစာ တိုးပေးဖို့တောင်းဆိုမှုကြောင့် လစာတပြေးညီသတ်မှတ်
Jun 02, 2025
Cover
ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီမြို့နယ်က ဂုံမင်းမြောင် ဟွာရှိန်စက်ရုံတွင် အလုပ်သမား ၃၀၀၀ကျော် လုပ်ခလစာ တိုးမြှင့်တောင်းဆိုနေ
Jun 02, 2025
Cover
SDI Manufacturing အထည်ချုပ်စက်ရုံ ခွင့်တိုင်ကြားပေမဲ့ လစာမဲ့ ခွင့်ပေး
Jun 02, 2025
Cover
Preclo Myanmar စက်ရုံ အချိန်ပို မဆင်းသည့် အလုပ်သမားများအား အကျပ်ကိုင် ဖိနှိပ်
Jun 02, 2025
Cover
Yangon Young clothing အထည်ချုပ်စက်ရုံ တပတ်နာရီ ၂၀ ကျော် အချိန်ပို လုပ်ကိုင်ခိုင်း
Jun 02, 2025
Cover
Bontech စက်ရုံမှာ လုပ်ခကြေး တိုးမြှင့်ရေး တောင်းဆိုမှုအပေါ် သဘောတူညီချက် ရရှိ
May 31, 2025
Cover
Dishang Fashion Myanmar အထည်ချုပ် နေ့စားလုပ်သား ၅၀ ကို အလုပ်ရပ်နား
May 31, 2025
Cover
Sayan Outdoor အထည်ချုပ် လုပ်ခ လစာ လျှော့ပေး
May 31, 2025