NEWS

ဆောက်လုပ်ရေးလုပ်ငန်းမှမြန်မာအလုပ်သမား ၃၀ ဦး လုပ်အားခပုံမှန်မရသဖြင့် တိုင်ကြား

CoverLogo
25 Views
 
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ နခွန်ချိုင်စီ က (ဆောက်လုပ်ရေးလုပ်ငန်း)မှာ အလုပ်လုပ်နေတဲ့ မြန်မာ (MOU/CI/ဘတ်မဲ့) အလုပ်သမား ၃၀ ဦးမှာလုပ်အားခပုံမှန်မရတာကြောင့် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူညီတောင်းခံလာတာဖြစ်ပါတယ်။
 
အလုပ်သမားတွေ အနေနဲ့ အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်သက်အများဆုံးသက်တမ်း၂နှစ်ရှိကြပြီး အလုပ်ရှင်အနေနဲ့ လုပ်အားခပုံမှန်မထုတ်ပေးခြင်း၊ လုပ်အားခအပြည့်အဝမပေးခြင်း ၊ရက်ပေါင် ၃၀ ရက်ယူခြင်း၊ အလုပ်သမားရဲ့ စာရွက်စာတမ်းများသိမ်းထားခြင်း၊ ဘတ်မရှိသောသူများကိုဘတ်ရိုက်ပေးမည်ဟုဆိုကာ ဘတ်နှစ်သောင်းကျော် ဖြတ်ထားကာ ဘတ်မလုပ်ပေးခြင်းတို့ ကြုံတွေ့နေရတာဖြစ်ပါတယ်။
 
"ဒီနေ့ ၁၅ ရက်နေ့ပိုက်ဆံထွက်တာစောင့်နေတာ။ဒီနေ့တကယ်လို့ပိုက်ဆံမထွက်ပေးဘူး ဘာတွေကျန် ညာတွေကျန် ဆိုတာမှ အဲ့ဒါတွေနဲ့ပါရောပြီးကျွန်တော်တို့အမှုကိုနယ်မြေခံ ဆာဝါဒီကန်ရုံးကိုတိုင်သွားမှာဖြစ်ပါတယ်” လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုမုန်တိုင်းကပြောပါတယ်။
 
အလုပ်သမား တွေရဲ့ အခွင့်အရေးချိုးဖောက်ခံနေရမှုနှင့်ပတ်သက်ပြီး ကူညီဖြေရှင်းပေးပါရန် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူညီတောင်းခံလာသဖြင့် အမှုကိုလက်ခံခဲ့ကြောင်း သိရပါတယ်။

Related posts

Cover
ထိုင်း-မြန်မာ နယ်စပ် တွင် အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်သည့် မြန်မာအလုပ်သမား ၄၀ခန့် အဖမ်းခံရ (ရုပ်သံသတင်း)
Oct 15, 2025
Cover
ထိုင်းရောက် ကိုယ်လက်အင်္ဂါမသန်စွမ်းသည့် မြန်မာနိုင်ငံသားများကို အလုပ်ခေါ်ယူ (ရုပ်သံသတင်း)
Oct 15, 2025
Cover
ထိုင်း-မြန်မာ နယ်စပ် တွင် အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်သည့် မြန်မာအလုပ်သမား ၄၀ခန့် အဖမ်းခံရ
Oct 15, 2025
Cover
ထိုင်းရောက် ကိုယ်လက်အင်္ဂါမသန်စွမ်းသည့် မြန်မာနိုင်ငံသားများကို အလုပ်ခေါ်ယူ
Oct 15, 2025
Cover
ကြေးပိုက်ခိုးယူသည့်​​ မြန်မာဝန်ထမ်းအား တရားဥပဒေနှင့်အညီအရေးမယူဘဲ ညှင်းပန်းနှိပ်စက်သောကြောင့် အလုပ်သမားများဆန္ဒပြ
Oct 15, 2025
Cover
မလေးရှားတွင် ၃ နှစ်အရွယ်ကလေးငယ်အပါအဝင် အထောက်အထားမဲ့ မြန်မာ ၄၀ ကျော်အဖမ်းခံရ
Oct 15, 2025
Cover
မလေးရှားတွင် ၃ နှစ်အရွယ်ကလေးငယ်အပါအဝင် အထောက်အထားမဲ့ မြန်မာ ၄၀ ကျော်အဖမ်းခံရ (ရုပ်သံသတင်း)
Oct 15, 2025
Cover
မြန်မာလုပ်သား၂၀ ကျော်ရဲ့ တစ်နှစ်စာလုပ်ခ ဘတ်တစ်သန်းကျော် ရလိုမှု အဆင်ပြေ (ရုပ်သံသတင်း)
Oct 14, 2025