NEWS

ဆောက်လုပ်ဆဲ မြေအောက်ရထားလမ်း ဥမင်လှိုင်ခေါင်းပြိုကျ မြန်မာအလုပ်သမားတစ်ဦးအပါအဝင် သုံးဦး ပိတ်မိနေ

CoverLogo
231 Views

ထိုင်းနိုင်ငံ နခွန်ရတ်ချာစီးမား​ပြည်နယ် ပါခ်ချောင်ခရိုင်၊ ချနတ်ခရိုင်ခွဲမှာ ဆောက်လုပ်ဆဲ မြေအောက်ရထားဥမင်လိုဏ်ခေါင်းပြိုကျမှုကြောင့် မြန်မာအလုပ်သမားတစ်ဦးအပါအဝင် သုံးဦး ပိတ်မိနေတယ်လို့ ထိုင်းသတင်းဌာနတွေ မှာဖေါ်ပြထားပါတယ်။


ဩဂုတ်လ ၂၅ရက် မနက် ၁နာရီ ခန့် လောက်မှာ ပြိုကျခဲ့တာ ဖြစ်ပြီး ၎င်း ရထားလမ်းပိုင်းဟာ ထိုင်းနဲ့ တရုတ်နိုင်ငံကို ဆက်သွယ်မယ့် မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။


မြေပြိုကျတဲ့ အတွက် မြန်မာအလုပ်သမားတစ်ဦးနဲ့တရုတ်နိုင်ငံသားထရပ်ကားမောင်းသူနှစ်ဦး ပိတ်မိနေကာ လက်ရှိအချိန်ထိ ပြန်မတွေ့သေးဘူးလို့ သိရပါတယ်။


လှိုင်ခေါင်း  အဝင်ပေါက်  ၄ ကီလိုမီတာခန့်အကွာကနေ  ပြိုကျခဲ့တာ ဖြစ်ပြီး ကယ်ဆယ်ရေး အဖွဲ့တွေက မြေတူး စက်တွေ နဲ့ အထဲသို့ ဝင်ရောက်ရန် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


မြေပြိုမှုနဲ့ပတ်သက်ပြီး နခွန်ရက်ချာစီးမားပြည်နယ် အကြီးအကဲ Chaiwat Chuenkosum က ကယ်ဆယ်ရေးလုပ်ငန်းတွေ ချက်ချင်းလုပ်ဆောင်ဖို့ အမိန့်ပေးခဲ့သလို ခရိုင်အတွင်းက ပြိုကျမှုနဲ့စပ်လျဥ်းတဲ့နေရာတွေ စစ်ဆေးဖို့ပါ တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာဖေါ်ပြထားပါတယ်။


၎င်းရထားလမ်းစီမံကိန်းဟာ အရှည် ၂၅၁ကီလိုမီတာရှိပြီး ဘန်ကောက်မြို့ကနေ နခွန်ရက်ချာစီးမားပြည်နယ်ကို ဆက်သွယ်ဖို့ ရည်မှန်းထားကာ ၂၀၂၈ခုနှစ် တွင်ပြီးစီးရန်ရည်ရွယ်ထားတယ်လို့ သိရပါတယ်။


Photo-Thenationthailand


Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(အောက်တိုဘာ၂၀-၂၆)
Oct 26, 2025
Cover
အမျိုးသားရေးဝါဒီ ဝန်ကြီးချုပ်အသစ်လက်ထက် ဂျပန်ရောက်မြန်မာတို့၏ အနာဂတ်နှင့် စိုးရိမ်မှုများ
Oct 26, 2025
Cover
ထိုင်းဘုရင်ရဲ့မယ်‌တော် နတ်ရွာစံတဲ့အတွက် ထိုင်းအစိုးရက ရက် ၉၀ ဝမ်းနည်းခြင်းအထိမ်းအမှတ် သတ်မှတ်ရန် ကြေညာ
Oct 25, 2025
Cover
ကန်ချနဘူရီ တွင် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများ တင်ဆောင်လာသည့် ယာဉ်တိမ်းမှောက်ပြီး ၃ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရ
Oct 25, 2025
Cover
လုပ်ငန်းခွင်ထိခိုက်မှုကြောင့် လက်ချောင်းပြတ်တောက်သွားရသော အလုပ်သမား လျော်ကြေးရရှိ
Oct 25, 2025
Cover
ရုရှားနိုင်ငံသားပိုင် ကားအငှားလုပ်ငန်းကို ဝင်ရောက်စီးနင်းစစ်ဆေးရာ မြန်မာဝန်ထမ်း ၅ ဦးအဖမ်းခံရ
Oct 24, 2025
Cover
မြန်မာသံရုံး အသွင်ယူပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုး အတွက်ငွေကြေး လိမ်လည်မှုများ ရှိနေဟု စင်္ကာပူရှိမြန်မာသံရုံးကြေညာ
Oct 23, 2025
Cover
ပဲခူးတိုင်းမှ လာရောက်သည့် မြန်မာ ၃၀ ကျော် ထိုင်းနိုင်ငံ သို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရ
Oct 23, 2025