NEWS

ဆူပူသောင်းကျန်းနေကြောင်း တိုင်ကြားမှုကြောင့် မြန်မာရွှေ့ပြောင်းလုပ်သား ၆၄ ဦး အဖမ်းခံရ

CoverLogo
239 Views
 
ထိုင်းနိုင်ငံ လ​ရောင်းခရိုင်၊ ပိုဒဲန်းမြို့ တားစစ်ရပ်ကွက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် မှာ နေထိုင်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ စဆူပူသောင်းကျန်းနေကြောင်း ရပ်ကွက်နေထိုင်သူ တွေက တိုင်ကြားလိုက်တာကြောင့် မြန်မာလုပ်သား ၆၄ ဦး အဖမ်းခံရတယ်လို့ ရွှေ့ပြောင်းလုပ်သားအခွင့်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် ထံမှ သိရပါတယ်။
 
၎င်းဆောက်လုပ်ရေး လုပ်ငန်းခွင်မှာထိုင်းနိုင်ငံသား ၈ဦး၊ မြန်မာရွှေ့ပြောင်း လုပ်သား ၁၂၁ဦးတို့ အလုပ်လုပ်ကိုင်နေထိုင် တယ်လို့ ဆိုပါတယ်။
 
မြန်မာလုပ်သားတွေဟာ အရက်မူးပြီး ရန်ဖြစ်ခြင်း၊ ညဘက်များတွင် ဆူညံပူညံလုပ်ခြင်း၊ အမှိုက်တွေကိုစနစ်တကျမပစ်ပဲပုံထား တဲ့ အပြင် ​ရွာကို မငြိမ်းမချမ်းဖြစ်အောင် လုပ်နေကြတဲ့ အတွက် ရပ်ကွက်နေ ထိုင်းလူမျိုးတွေက အုပ်ချုပ်ရေးမှူး ထံ တိုင်ကြား တဲ့ အတွက် အုပ်ချုပ်ရေးမှုး မှ ရဲတပ်ဖွဲ့ကို ခေါ်ယူပြီး ၎င်းဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
 
ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုအရ အလုပ်သမား စုစုပေါင်း ၁၂၉ ဦး တွင် ထိုင်းနိုင်ငံသား၈ဦး၊ တရားဝင်အလုပ်လုပ်ခွင့်ရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား၊ ၅၇ ဦး၊ အထောက်အထားရှိပေမယ့် အလုပ်ရှင်မတူသူ ၃၆ ဦး၊ အထောက်အထားမရှိသူ ၂၈ဦး နဲ့အတူ အန္တရာယ်ရှိတဲ့ ဓါးရှည် ၁၅ချောင်း ကိုပါ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
 
ဒါကြောင့် အထောက်အထားမပြည့်စုံ တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား၆၄ ဦးကို ပိုဒဲန်ရဲစခန်းကို ပို့ဆောင်ပြီးဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီဆက်လက်အရေးယူဆောင်ရွက်သွားမှာဖြစ်ကာ အလုပ်ရှင်ကိုလည်း ချက်ချင်းလာရောက်ဖို့ ခေါ်ယူခဲ့ပြီးအရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Related posts

Cover
CI လျှောက်ထားမှု အတွက် ဝမ် ၃ သောင်းသို့ ပြောင်းလဲကောက်ခံမည်ဟုတောင် ကိုရီးယားရှိ မြန်မာသံရုံးကြေညာ
Feb 09, 2026
Cover
ဘန်ကောက် တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ကရိန်းပြိုကျသဖြင့် မြန်မာလုပ်သား၂ဦး ဒဏ်ရာရရှိ
Feb 07, 2026
Cover
ထိုင်းတွင် မြန်မာလုပ်သားများတင်ဆောင်လာသည့် ကား ယာဉ်တိုက်မှုဖြစ်သဖြင့် ၁၈ဦး ထိခိုက်ဒဏ်ရာရ
Feb 07, 2026
Cover
အမျိုးသား အသက်၃၅နှစ်အထက်နှင့်အမျိုးသမီး အသက်၂၇နှစ်အထက်များကိုသာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP) ထုတ်ပေးဟု မူဆယ် လ၀က ကြေညာ
Feb 06, 2026
Cover
ပွဲစားခ ဘတ် ၄ သောင်းပေးပြီး လာရတဲ့ မြန်မာလုပ်သား ၁၃ ဦး လမ်းဘေးမှာ ပစ်ထားခံရ၍ အဖမ်းခံရ
Feb 06, 2026
Cover
ကားတိုက်ခံရပြီး ဒဏ်ရာအပြင်းထန်ရနေသည့် မြန်မာအလုပ်သမားကို ယာဉ်ပိုင်ရှင် မှ တာဝန်ယူမှုမရှိဟုဆို
Feb 05, 2026
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် မြေပြိုမှုတွင် မြန်မာလုပ်သားတစ်ဦး သေဆုံး
Feb 05, 2026
Cover
ပဋိပက္ခတွေကြောင့် ထိခိုက်နေရသည့် မြန်မာပြည်သူတွေအတွက် EU က ယူရို ၆၃ သန်း ထောက်ပံ့မည်
Feb 04, 2026