NEWS

ဆူညံသည်ဆိုပြီး မြန်မာလူငယ်များအား ထိုင်းအာဏာပိုင်များက ပြည်တွင်းသို့ ပြန်ပို့ရန် စီစဥ်

CoverLogo
729 Views
 
ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ လူငယ် အယောက် ၄၀ ဟာ ဆူညံစွာနေထိုင်တယ်ဆိုပြီး ဒေသခံတွေရဲ့ တိုင်ကြားချက်အရ အာဏာပိုင်တွေကဖမ်းဆီးကာ မြန်မာနိုင်ငံဆီ ပြန်လည် ပို့ဆောင်ဖို့ စီစဥ်နေတယ်လို့ ထိုင်းအခြေအစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသူ တဦးက ပြောပါတယ်။
 
"အရင်က အဲဒီလိုမျိုး ပြန်ပို့တာမရှိဘူး။ ဖမ်းပြီး အရေးယူတာတော့ ရှိတယ်။ အခုက အနေအထားက ဒီလူတွေ က စုဖွဲ့နေပြီး ဟေးလားဝါးလားနဲ့ အသံကျယ်တာ မျိုးတွေ လုပ်ကြတာနဲ့ တူတယ်။ သူများနိုင်အတွင်းထဲမှာ ပတ်ဝန်းကျင် အနှောက်ယှက် ဖြစ်စေမှုဆိုတော့ တရားဝင်ဝင်လာတယ်ဆိုပေမဲ့ အလည်အပတ်လည်း မဟုတ်တော့ ပတ်ဝန်းကျင်က သတင်းပေးတာဖြစ်နိင်တယ်။ ပြန်ပို့တာက နည်းနည်းတော်တယ် ထောင်ထဲပို့ရင် ၁ လ နေရမယ်၊ ဒဏ်ငွေ ၅ထောင် ပတ်ဝန်းကျင်၊ တစ်ပါးသူအား အနှောက်ယှက်ဖြစ်မှုနဲ့ "လို့ အလုပ်သမားရေး ဆောင်ရွက်သူ ကိုစိုင်းက ပြောပါတယ်။
 
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားလူငယ် ၄၀ ဟာ တာချီလိတ် အမှတ် (၁) ချစ်ကြည်ရေးတံတားကနေ ဧပြီ ၆ ရက်ကနေ ၈ ရက်အတွင်း ယာယီနေထိုင်ခွင့်လက်မှတ် နဲ့ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာကြတာဖြစ်ပြီး ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ ရွမ်ဖိုငန်ရွာက နေအိမ်တစ်လုံးကို ငှားရမ်းနေထိုင်နေကြတာလို့ သိရပါတယ်။ အုပ်စုလိုက် ဆူညံနေလို့ အဲ့ဒီရွာ ဒေသခံ ထိုင်းလူမျိုးတွေက ဆူညံလို့ဆိုပြီး တိုင်တန်းခဲ့တာကြောင့် ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံဆီ ပြန်ပို့ဖို့ ထိုင်းအာဏာပိုင်တွေက စီစဉ်နေတာလို့ သိရပါတယ်။
 
ထိုင်းနိုင်ငံမှာ မဲဆောက်၊ ရနောင်း၊ မဲဆိုင်၊ စုရတ်ဌာနီ၊ ဖူးခက်၊ မဟာချိုင်စတဲ့နေရာတွေမှာ မြန်မာနိုင်ငံသား အများအများဆုံး နေထိုင်ကြာတာဖြစ့်ပြီး မြန်မာလုပ်သားတွေအုပ်စုလိုက် ဆောင်းဘောက်သံတွေ ဆူညံလို့ ဖြစ်စေ၊ အရက်စုသောက်ပြီး ရန်ဖြစ်လို့ဖြစ်စေ၊ လင်မယားချင်း အချင်းများလို့ဖြစ်စေ ဆူညံမှုကြောင့် တိုင်ကြားခံရတဲ့ မြန်မာတွေကို အချုပ်ခန်းအတွင်း ရက်အနည်းငယ်ထိန်းသိမ်းထားပြီး ဒဏ်ငွေရိုက် ပြန်လည် လွှတ်ပေးလေ့ရှိပေမဲ့ အခုလို မြန်မာနိုင်ငံဆီ ပြန်ပို့တာဟာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့သိရပါတယ်။
 
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေတဲ့ မြန်မာလူငယ်တွေနဲ့ အမှားတစ်ခု ကျူးလွန်တာကြာင့် ပြည်တွင်း ပြန်လည်ပို့ဆောင်ခံရနိုင်တဲ့ အခြေအနေတွေကို အထူးသတိပြု ဖို့လည်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေက သတိပေးထားပါတယ်။
 
 
 
 
 
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026