NEWS

ဆိုင်ကယ်ဖြင့် အလုပ်လာသည့် မြန်မာလုပ်သား ကားတိုက်ခံရပြီးသေဆုံး တိုက်သည့် ယာဉ်မောင်းထွက်ပြေးနေ

CoverLogo
236 Views
 
ထိုင်းနိုင်ငံ ပါကျင်ဘူရီခရိုင်တွင် မြန်မာအလုပ်သမား အမျိုးသမီး တစ်ဦး ဟာ ဆိုင်ကယ်ဖြင့် အလုပ်သို့ လာစဉ် လမ်းတွင် ဆိုင်ကယ် ကို အနောက်မှ ကားဖြင့်အတိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ ၎င်းအမှုကို ကူညီပေးနေတဲ့ MHACမဟာမိတ်အဖွဲ့ထံ မှ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက် ၇ နာရီခွဲဝန်းကျင် ခန့် က အသက်၃၆နှစ်အရွယ် မသက်မြတ်စိုးအမည်ရှိ မြန်မာလုပ်သားအမျိုးသမီး ဟာ ဆိုင်ကယ်ဖြင့်အလုပ်သို့သွားစဥ် အနောက်မှကားဖြင့်အတိုက်ခံရကာ ၎င်းနေရာ၌ ပွဲချင်းပြီးဆုံးပါးခဲ့ပြီး ကားသမားမှာထွက်ပြေးတိမ်းရှောင်နေတယ်လို့ သေဆုံးသူရဲ့ မိသားစုဝင်တွေထံမှတစ်ဆင့်သိရပါတယ်။
၎င်းယာဉ်တိုက်မှု နဲ့ ပက်သက်ပြီး ဥပဒေနဲ့အညီနစ်နာမှု တွေရရှိဖို့ သေဆုံးသူရဲ့ ခင်ပွန်းဖြစ်သူက အေအေစီရဲမင်းဦးဆောင် တဲ့ 𝐌.𝐇.𝐀.𝐂မဟာမိတ်အဖွဲ့ထံ အကူညီတောင်းခံ ခဲ့တယ်လို့ သိရပါတယ်။
 
ဒါကြောင့် MHACမဟာမိတ်အဖွဲ့အနေနဲ့ ဖေဖေါ်ဝါရီ ၁၈ရက်က နာရေးကို သွားရောက် ပြီး အမှုနဲ့ပက်သက်တဲ့ မေးမြန်းခြင်းတွေ အပြင် လိုအပ်တာတွေကိုပါ ကျန်ရစ်သူမိသားစုတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ ပြီး သေဆုံးသူအတွက် ဥပဒေနဲ့ အညီ နစ်နာမှု အတွက် ထိုက်သင့်တဲ့လျော်ကြေး ရရှိရေး ကူညီဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။
 
ထိုင်းနိုင်ငံအတွင်း ယာဉ်မတော်တဆ မှု ကြောင့် သေဆုံး ထိခိုက်ဒဏ်ရာရတဲ့ မြန်မာလုပ်သားတွေ မကြာခဏ ဖြစ်ပေါ်နေတဲ့ အတွက် ယာဉ်ဖြင့်သွားလာခြင်း လမ်းခရီးသွားခြင်းတို့တွင် သတိထား ဂရုစိုက် ကျဖို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေးကူညီသူတွေက အသိပေးလျက်ရှိပါတယ်။

Related posts

Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026