NEWS

ဆိုင်ကယ်ပစ္စည်းစက်ရုံ မြန်မာလုပ်သား ၁၀၀ ကျော် အလုပ်ဖြုတ်ခံရ

CoverLogo
37 Views
 
ထိုင်းနိုင်ငံ၊စာမွတ်ပါကန်ခရိုင်၊ ဆိုင်ကယ်အပိုပစ္စည်း စက်ရုံက မြန်မာလုပ်သား၁၀၀ကျော်ကို ကြိုတင်အကြောင်းကြားမှုမရှိဘဲ အလုပ် ဖြုတ်လိုက်တယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီပေးနေတဲ့ MHACမဟာမိတ်အဖွဲ့ဆီက သိရပါတယ်။
မေ ၂၂ ရက်၊ မနက် ၁၁ နာရီကျော် မှာ ရုတ်တရက် အလုပ်ဖြုတ်လိုက်ပြီး အလုပ်သမားတွေ ရရှိမဲ့ လုပ်ခလစာ တစ် လစာကို အပြည့်မပေးဘဲ ၁၀ ရက်အတွက်ပဲပေးမယ်လို့ စက်ရုံမန်နေဂျာ (ဖိုးကျကန်း) က ပြောဆိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
"သူတို့ဘက်က ကြိုတင်ပြောရင် လက်ခံသေးတယ်။ ပြင်ဆင်ချိန်ရှိတာပေါ့ ။အခုက ကြိုတင်မပြောဘဲ အလုပ်ကဖြုတ်လိုက်တာ ။ လက်ရှိ အလုပ်ချက်ချင်းပြန်ရှာလို့က အဆင်မပြေဘူး ။ ကိုယ့်တစ်ယောက်စာအတွက် ဆိုရင် တော်သေးတယ် ။ ကိုယ်တွေ နောက်မှာ မှီခိုနေတဲ့ မိသားစုတွေရှိတယ်။ အကုန်အခက်ခဲဖြစ်ကုန်တာပေါ့။"လို့ အလုပ်ဖြုတ်ခံရသူ မြန်မာအမျိုးသမီး လုပ်သားတစ်ဦးက ပြောပါတယ်။
မြန်မာအလုပ်သမား ၁၀၀ ကျော် အလုပ်ဖြုတ်ခံရလို့နစ်နစ်သူလုပ်သားတွေက ဥပဒေအတ်ိုင်း ဆောင်ရွက်ပေးဖို့ MHAC မဟာမိတ်အဖွဲ့ ဦးဆောင်သူ အေအေစီကိုရဲမင်းဆီ ဆက်သွယ် အကူအညီတောင်းခံခဲ့တယ်လို့ သိရပါတယ်။
မြန်မာလုပ်သားတွေအတွက် ထိုင်းနိုင်ငံ အလုပ်သမားဥပဒေအတိုင်း လုပ်ခလစာနဲ့ နစ်နာမှု‌တွေ ပြန်လည်ရရှိ ဖို့ MHAC အဖွဲ့က အလုပ်သမားကူညီရေးရုံး(ဆဝါဒီကန်) မှာ အလုပ်ရှင် ကို အမှုဖွင့်တိုင်ကြားပေးသွားမယ်လို့ သိရပါတယ်။
 

Related posts

Cover
Bontech စက်ရုံမှာ လုပ်ခကြေး တိုးမြှင့်ရေး တောင်းဆိုမှုအပေါ် သဘောတူညီချက် ရရှိ
May 31, 2025
Cover
Dishang Fashion Myanmar အထည်ချုပ် နေ့စားလုပ်သား ၅၀ ကို အလုပ်ရပ်နား
May 31, 2025
Cover
Sayan Outdoor အထည်ချုပ် လုပ်ခ လစာ လျှော့ပေး
May 31, 2025
Cover
KSheng အထည်ချုပ် လိုင်းခေါင်းဆောင် လုပ်အားခ ခေါင်းပုံဖြတ်
May 31, 2025
Cover
SUNLONE MYANMAR SPORTS CO, LTD စက်ရုံတွင် အချိန်ပို မဆင်းနိုင်သူအား အလုပ်ထွက်ခိုင်း
May 31, 2025
Cover
Asdet ( Myanmar ) Garment .Co . Ltd. စက်ရုံတွင် ခွင့်နှင့် ဂိတ်ပတ်စ် အားလုံး ရက်ပျက်သတ်မှတ်ပြီး ရက်မှန်ကြေး ဖြတ်မယ်ဟု ပြော
May 31, 2025
Cover
အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သာများ နစ်နာကြေး လုပ်အားခများ ပြန်ရ
May 31, 2025
Cover
“သာဓုကန် စက်မှုဇုန် Bontech အထည်ချုပ်စက်ရုံမှ ရှင်သန်စရိတ်လုပ်ခလစာ ၁၃,၀၀၀ တိုးမြှင့်ပေးရန် တောင်းဆို”
May 29, 2025