NEWS

ဆရာဝန်ဝတ်စုံတွေချုပ်တဲ့စက်ရုံမှာ အလုပ်သမားများ ဂုဏ်သိက္ခာမဲ့စွာလုပ်ကိုင်နေရ၊ အလုပ်သမားအခွင့်အ ရေးချိုးဖောက်ခံရမှုများရှိနေ

CoverLogo
1.2K Views

ဆရာဝန်ဝတ်စုံတွေချုပ်လုပ်တဲ့စက်ရုံမှာ လုပ်ကိုင်နေတဲ့ အထည်ချုပ်ဝန်ထမ်းတွေ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတာတွေရှိနေပြီး လုပ်ငန်းခွင်အတွင်းမှာ အလုပ်သမားတွေမချုပ်လုပ်နိုင်တဲ့စံချိန်တွေတောင်းခံထားတာဖြစ်ပြီး စံချိန်မပြည့်ပါက နေ့စဉ် မခံနိုင်အောင်ပြောဆိုခံနေရပြီး အလုပ်ထုတ် မယ်ဆိုတာ ခြိမ်းခြောက်တာတွေနဲ့ ဂုဏ်ြသိက္ခာမဲ့စွာလုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ပဲခူးတိုင်း ပဲခူးမြို့ အဝိုင်းကျေးရွာ အုပ်စု ကွင်းအမှတ် ၆၅၃/ခ မှာဖွင့်လှစ်ထားတဲ့  GNS (Bago) Healthcare Co,Ltd   တရုတ်နိုင်ငံသားပိုင် စက်ရုံမှာ အလုပ်သမား ၃၀၀ ကျော်နဲ့ လည်ပတ်လုပ်ကိုင်နေတာဖြစ်ပြီး လုပ်ငန်းခွင်ထဲမှာ ဥပဒေပါ အလုပ်သမားအခွင့်အရေးတွေ ရရှိခြင်းမရှိဘဲ ချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

"ဥပဒေပါခံစားခွင့်တွေ မရတာတွေရှိတယ် ရှောင်တခင်ခွင့်ယူရင် ဒေးကြေးမပေးတာတွေ စံချိန်တွေတောင်းတဲ့နေရာမှာလည်း အလုပ်သမားတွေမချုပ်လုပ်နိုင်တဲ့ ဟာမျိုးတွေတောင်းတယ် စံချိန်မပြည့်ဘူးဆိုရင် မျက်ရည်ကျအောင်ထိ ပြောတာခံရတယ် အမြဲတမ်းလည်း အလုပ်ထုတ်ပစ်မယ်ဆိုပြီးခြိမ်းခြောက်ခံရတယ်"လို့ အဆိုပါ စက်ရုံအလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

"စံချိန်တောင်းရင် တစ်နာရီကို ခက်ခဲတဲ့ပွိုင့်အထည် တစ်ရာလောက်တောင်းတယ် လွယ်တဲ့ ပွိုင့်ဆိုရင် တစ်ရာကျော်လောက်တောင်းတယ် အလုပ်ချိန်စုစုပေါင်း ၈ နာရီကို အထည် ၅၀၀၀ လောက်တောင်းတာပါ။ စံချိန်မရဘူးဆိုရင် အပြောခံရတာ လူနဲ့တောင်မတူဘူး" လို့ လုပ်သားတစ်ဦးကပြောဆိုပါတယ်။

နံနက်ပိုင်း အလုပ်တက်ချိန်မှာ ၇နာရီ ၃၀ မိနစ်ဖြစ်ပေမယ့် ၇ နာရီအရောက် မှာ စတင်ချုပ်လုပ်ပေးရတာဖြစ်ပြီး ထမင်းစားချိန် ၁၀ မိနစ်နောက်ကျတာ အလုပ်ဆင်းချိန်နောက်ကျတာ တွေရှိနေတဲ့အပြင် အစည်းအဝေးအကြောင်းပြချက်နဲ့ စောစောမလာသူတွေကို ပိုက်ဆံဖြတ်တောက်တာတွေ လုပ်တယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်အတွင်း အသက်မပြည့် ခလေးလုပ်သားများရှိနေပြီး၊ ၃ လပြည့်ပြီး ၄၈၀၀ ကျပ် မရရှိသော အလုပ်သမား တစ်ချို့လည်း ရှိနေခြင်း၊ ကျွမ်းကျင်ကြေးကို  သတ်မှတ်ချတ်များနှင့် ကန်သတ်ထားပြီး၊ pair အထည်ကျလျှင် မရရှိခြင်း တောင်းတဲ့ စံချိန်မပြည့်လျှင် မရရှိဘူး လို့ သတ်မှတ်ထားတာကြောင့် ကျွမ်းကျင်ကြေးကိုလည်း အပြည့်မရရှိဘူးလို့ အလုပ်သမားတွေကပြောဆိုပါတယ်။

"အလုပ်လုပ်နေရင်း အလုပ်သမား အပ်စိုက်ထိခိုက်တာ ၊ ဘီးလိမ့်စက်ကြောင့် လက်ကဘီးတွေထဲ ပါသွားရင် လက်တွေပူပြီး လက်တွေပြားသွားတာ ရှိလည်း အပြင်ဆေးခန်း ပေးပြီးမပြခိုင်ဘူး၊ အသက်ရူကြပ်တဲ့သူတွေ ရှိလို့ လုပ်ငန်းခွင်ထဲ ဆေးခန်းသွားပြလျှင် အပြင်က ဖြစ်လာတဲ့ ရောဂါအတွက် ဆေးမရှိဘူးဟု ပြောဆိုလွှတ်ပါတယ်။ လစာပေး စလစ်ထဲမှာလည်း လူမှုဖူလုံရေးကြေးရဲ့ဘေးမှာ ၅% ဆိုပြီး  စုစုပေါင်း  ၆၇၈၂ ကျပ်ဆိုပြီး အမြဲအဖြတ်ခံရတယ်"လို့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ အလုပ်သမား ဥပဒေအရ အကျိုးခံစားခွင့်ရှိတဲ့ ခံစားခွင့်တွေပေးဖို့ အလုပ်ချိန်မှန်ကန်ဖို့နဲ့ ၃ လပြည့်ပြီးတဲ့ အလုပ်သမားတွေကို ၄၈၀၀ ကျပ် ပေးဖို့ လိုလားနေပြီး အလုပ်သမားတွေကို ဂုဏ်သိက္ခာမဲ့အောင်ပြောဆိုတာတွေ ရပ်တန့်စေလိုတယ်လို့  အလုပ်သမားတွေကပြောဆိုပါတယ်။

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026