NEWS

ဆန္ဒပြသည်ဟု စွတ်စွဲပြီး မြန်မာလုပ်သား ၄၁ ဦး ကို အလုပ်မှ ထုတ်ပယ်

CoverLogo
38 Views
 
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် စီလချာရှိ အလုပ်ရုံတစ်ရုံမှ မြန်မာအလုပ်သမား ၄၁ဦး ကို ဆန္ဒပြတယ်လို့ စွတ်စွဲ ပြီး အလုပ်မှ ထုတ်ပယ်လိုက်တယ် လို့ ၎င်းအမှု ကို ကူညီပေးနေတဲ့ MHACမဟာမိတ်အဖွဲ့ ထံမှ သိရပါတယ်။
 
၎င်းစက်ရုံ ဟာ အလုပ်သမားတွေ ရဲ့လစာ ထုတ်ပေးရာမှာ အလုပ်ဆင်းရက်တွေကွာဟသလို ရက်မှန်ကြေး လည်း မရတာကြောင့် အလုပ်ရုံက စာရေးမ ကို မြန်မာလုပ်သားတွေက ထောက်ပြ ပြောဆို ကျရာ မှာ ၎င်းစာရေးမ ကအလုပ်ကို မလာလဲ ဖြစ်တယ် လာလဲ ဖြစ်တယ် လို့ ပြောဆိုတဲ့အတွက် အလုပ်သမားတွေက မနက်ပိုင်း အလုပ်နားခဲ့ကျတယ်လို့ ဆိုပါတယ်။
 
ထိုနောက် အလုပ်ရုံဘက်မှ အလုပ်သမားတွေကို ရဲနှစ်ယောက်နှင့်အတူ လာရောက်ညှိနှိုင်းရန်ခေါ်၍ သွားရောက်ခဲ့ကြရာ ဓာတ်ပုံနှင့်ဗီဒီယိုမှတ်တမ်းများယူခံရပြီး တစ်ဖက်လှည့်နဲ့ ဆန္ဒပြ တယ်လို့ စွပ်စွဲကာ မြန်မာလုပ်သား၄၁ ဉီးအား အလုပ်မှထုတ်ပယ်လိုက် တယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
အခုလို မြန်မာလုပ်သား ၄၁ဦး စွပ်စွဲပြီး အလုပ်မှထုတ်ပယ်ခံလိုက်ရတဲ့ အတွက် အလုပ်သမားတွေကအေအေစီရဲမင်းဉီးဆောင်တဲ့ 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံလာခဲ့တယ်လို့ သိရပါတယ်။
 
မြန်မာလုပ်သားတွေရဲ့ ကူညီတောင်းခံ မှု ကြောင့် 𝐌.𝐇.𝐀.𝐂အဖွဲ့သားတွေ သွားရောက် ကူညီဆောင်ရွက်ပေးခဲ့ပြီး ဘိုင်ကျန့်အော့နှင့် ဝေါ့ပါမစ် သက်တမ်းတိုးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်း နယ်မြေခံ ဆဝါဒီကန်ရုံး၌ အလုပ်ရုံဘက်နှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။

Related posts

Cover
ထိုင်းတွင် CI စာအုပ်အသစ်များကို လာမည့် ၁၇ ရက်မှစပြီး ပြုလုပ်ပေးမည်
Feb 13, 2026
Cover
နိုင်ငံကူးလက်မှတ် သက်တမ်း ၆လ အောက် ကျန်ရှိသည့် သူများကိုသာ walk-in စနစ်ဖြင့် သက်တမ်းတိုး ဆောင်ရွက်ပေးမည်
Feb 13, 2026
Cover
မဲဆောက်တွင် ယာဉ်မတော်တဆမှုကြောင့် မြန်မာနှစ်ဦး သေဆုံး
Feb 13, 2026
Cover
မတ်လ ၁ရက် မှစ၍ OWICကတ် ဖိုးငွေကို မြန်မာ့စီးပွားရေး ဘဏ်ကနေ ပေးသွင်းရမည်ဟုကြေညာ
Feb 13, 2026
Cover
ဂျပန် သို့ ကျွမ်းကျင်လုပ်သားဖြင့် သွားရောက် လိုသူအချို့ အောင်လက်မှတ်အတု များဖြင့် လျှောက်ထားခြင်း များ ရှိနေဟုဆို
Feb 13, 2026
Cover
လုံခြုံရေးစိုးရိမ်ရသဖြင့် အလုပ်ရှင်ထံ အသနားခံစာတင်ပြီး ခွင့်ယူသည့် မြန်မာလုပ်သား ၂၃ဦး အလုပ်ထုတ်ခံရ
Feb 13, 2026
Cover
CI လျှောက်ထားမှု အတွက် ဝမ် ၃ သောင်းသို့ ပြောင်းလဲကောက်ခံမည်ဟုတောင် ကိုရီးယားရှိ မြန်မာသံရုံးကြေညာ
Feb 09, 2026
Cover
ဘန်ကောက် တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ကရိန်းပြိုကျသဖြင့် မြန်မာလုပ်သား၂ဦး ဒဏ်ရာရရှိ
Feb 07, 2026