NEWS

ဆန္ဒပြပွဲရှိတာကြောင့် မြန်မာလုပ်သားတွေ ကွာလာလမ်ပူမြို့အတွင်း မလိုအပ်ဘဲသွားလာခြင်းမပြုဖို့ သတိပေး

CoverLogo
304 Views
 
မလေးရှား နိုင်ငံသားတွေ ဆန္ဒပြ ချီတက်ခြင်းတွေ ပြုလုပ် မှာဖြစ်တဲ့ အတွက် မလေးရှားရောက် မြန်မာလုပ်သားတွေ အနေနဲ့ ကွာလာလမ်ပူမြို့ အနီးဝန်းကျင် တဝိုက်ကို မလိုအပ်ဘဲ သွားလာတာ တွေ မပြုလုပ်ဖို့ Alliance of Chin Refugees (ACR)နဲ့မြန်မာလူမူကူညီရေးအသင်းတွေက သတိပေးထားပါတယ်။
 
ဇူလိုင်လ ၂၆ ရက်နေ့မှာ မလေးရှားနိုင်ငံသားတွေဟာ Sogo , Pasar, Seni , Masjid India နဲ့ Kg Baru စတဲ့ နေရာအသီးသီးကနေ Merdeka Dataran ထိ ဆန္ဒပြချီတက်ခြင်း ပြုလုပ်မှာဖြစ်ပါတယ်။
 
လုံခြုံရေးအရ ရဲအင်အားတိုးချဲ့ချထားတယ်လို့ ACR အနေနဲ့ သတင်း ရရှိထားတဲ့ အတွက် အထူးသဖြင့် အထောက်ထားမဲ့ မြန်မာအလုပ်သမား တွေအနေနဲ့ Merdeka Dataran နေရာတဝိုက် နဲ့ ကွာလာလမ်ပူမြို့အတွင်း မလိုအပ်ဘဲ သွားလာခြင်း မပြုလုပ်ဖို့ အထူးသတိပေးထုတ်ပြန်ထားပါတယ်။
 
မလေးရှား ရှိ မြန်မာလူမှု့ကူညီရေးအသင်းဖြစ်တဲ့ နှလုံးလှပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့ မှ လည်း ဇူလိုင်၂၆ရက်နဲ့၂၇ရက်တွေမှာ မြန်မာလုပ်သားတွေအနေနဲ့ ကွာလာလမ်ပူမြို့အတွင်း အရေးကြီးကိစ္စမရှိဘဲ မလာကြဖို့ အသိပေးထားပါတယ်။
 
""မလေးနိုင်ငံသားတွေဆန္ဒပြပွဲ အကြီးအကျယ် လုပ်ဖို့ရှိပါတယ် မာဒေးကားကွင်းဆိုဂိုကုန်တိုက်၊KLCCဝန်းကျင် ပါဆာဆီနေးဘူတာရုံ တွေစုရပ်လုပ်မယ်သိရပါတယ်။
 
ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံသား တွေ အကြောင်းကိစ္စမရှိဘဲ မလာကြဖို့ သတိပေးချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ သူတို့နိုင်ငံဆန္ဒပြပွဲ က ကိုယ်တွေနဲ့ မဆိုင်ပေမယ့် ကျွန်တော်တို့ နိုင်ငံသားတွေ ကြားညှပ် ပါ သွားမှာစိုးရိမ်လို့ပါ ""လို့ နှလုံးလှပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့မှ ကိုသက်ကပြောပါတယ်။
 
မလေးရှားနိုင်ငံ မှာ အထောက်ထားမဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သားတွေကို ယခုနှစ်အစောပိုင်းကတည်းကနေ အခုအချိန်အထိ အဖမ်းအဆီးတွေ တောက်လျှောက်လုပ်နေတာဖြစ်ပါတယ်။
 
ဖမ်းဆီးခံရသူတွေကို နေရပ်ပြန်ပို့တာ၊အရေးယူတာတွေကို မလေးရှားအာဏာပိုင်တွေက ပြုလုပ်နေတဲ့ အတွက် မလေးရှားရောက်မြန်မာလုပ်သားတွေ အထူးသတိထားနေထိုင်နေရတယ်လို့ သိရပါတယ်။

Related posts

Cover
CI လျှောက်ထားမှု အတွက် ဝမ် ၃ သောင်းသို့ ပြောင်းလဲကောက်ခံမည်ဟုတောင် ကိုရီးယားရှိ မြန်မာသံရုံးကြေညာ
Feb 09, 2026
Cover
ဘန်ကောက် တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ကရိန်းပြိုကျသဖြင့် မြန်မာလုပ်သား၂ဦး ဒဏ်ရာရရှိ
Feb 07, 2026
Cover
ထိုင်းတွင် မြန်မာလုပ်သားများတင်ဆောင်လာသည့် ကား ယာဉ်တိုက်မှုဖြစ်သဖြင့် ၁၈ဦး ထိခိုက်ဒဏ်ရာရ
Feb 07, 2026
Cover
အမျိုးသား အသက်၃၅နှစ်အထက်နှင့်အမျိုးသမီး အသက်၂၇နှစ်အထက်များကိုသာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP) ထုတ်ပေးဟု မူဆယ် လ၀က ကြေညာ
Feb 06, 2026
Cover
ပွဲစားခ ဘတ် ၄ သောင်းပေးပြီး လာရတဲ့ မြန်မာလုပ်သား ၁၃ ဦး လမ်းဘေးမှာ ပစ်ထားခံရ၍ အဖမ်းခံရ
Feb 06, 2026
Cover
ကားတိုက်ခံရပြီး ဒဏ်ရာအပြင်းထန်ရနေသည့် မြန်မာအလုပ်သမားကို ယာဉ်ပိုင်ရှင် မှ တာဝန်ယူမှုမရှိဟုဆို
Feb 05, 2026
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် မြေပြိုမှုတွင် မြန်မာလုပ်သားတစ်ဦး သေဆုံး
Feb 05, 2026
Cover
ပဋိပက္ခတွေကြောင့် ထိခိုက်နေရသည့် မြန်မာပြည်သူတွေအတွက် EU က ယူရို ၆၃ သန်း ထောက်ပံ့မည်
Feb 04, 2026