NEWS

စံချိန်တိုးတောင်းပြီး အိုတီ( အချိန်ပို)အခမဲ့ ဆင်းခိုင်းနေတဲ့အပြင် ဥပဒေမဲ့အလုပ်ထုတ်မှု့တွေပါရှိနေလို့ Myanmar Tencent Fashion အထည်ချုပ်အလုပ်သမားတွေအခက်ကြုံနေရ

CoverLogo
1.9K Views

အလုပ်သမားများမချုပ်လုပ်နိုင်တော့တဲ့အထိအပ်ထည်စံချိန်တွေမတရားတိုးမြှင့်ထားတဲ့အပြင် စံချိန်မပြည့်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့အချိန်ပိုအလကားဆင်းခိုင်းတာတွေ၊ စံချိန်မပြည့်ရင်ခြိမ်းခြောက်ပြောဆိုတာတွေ၊ ဥပဒေမဲ့အလုပ်ထုတ်နေတာတွေရှိနေတာကြောင့် Myanmar Tencent Fashion အထည်ချုပ်စက်ရုံကအလုပ်သမားတွေအခက်ကြုံနေရတယ်လို့နစ်နာသူအလုပ်သမားများရဲ့ပြောကြားချက်အရသိရပါတယ်။

အဆိုပါစက်ရုံဟာတရုတ်လူမျိုးပိုင်စက်ရုံတစ်ရုံဖြစ်ပြီးတော့
အမှတ်42/86၊ ချယ်ရီလမ်း၊ စက်မှုဇုန်(၁)၊ ရွှေပြည်သာမြို့နယ်မှာ Myanmar Tencent Fashion Garment အမည်ဖြင့်အထည်ချုပ်လုပ်ငန်းလုပ်ကိုင်နေကာ အလုပ်သမား(၄၀၀)ကျော်ဖြင့်လုပ်ကိုင်လျှက်ရှိတယ်လို့သိရပါတယ်။

"စက်ရုံမှာခွင့်ရက်က မရတဲ့အ​​ ပြင်​တနင်္ဂနွေ OT ရက်များကိုအလကားဆင်းပေးနေရတယ် အလုပ်သမားများမချုပ်လုပ်နိုင်သောစံချိန်များကိုလည်းတောင်းခံပြီးစံချိန်မပြည့်လျှင်လည်း၀မ်တိန်ထိုးပေးရသည့်‌အပြင်အလုပ်ပါထွက်ရမည်ဟု စူပါတွေက ခြိမ်းခြောက်တယ် အလုပ်သမားတွေကိုလဲ ကိုလည်းဥပဒေမဲ့အလုပ်ထုတ်မှုများစွာလည်းရှိပါတယ်"လို့နစ်နာသူအလုပ်သမားတဦးကစက်ရုံရဲ့လုပ်သားအခွင့်အရေးချိုးဖောက်မှု့တွေကိုပြောပါတယ်။

ဒါ့အပြင်စက်ရုံဖက်က အလုပ်သမားတွေကိုစံချိန်မပြည့်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ညနေ(၆)နာရီမှ(၈)အထိအိုတီ (အချိန်ပို) အလကားထပ်ဆင်းခိုင်းနေတဲ့အပြင်လုပ်ငန်းခွင်အတွင်းနေထိုင်မကောင်းဖြစ်လာလျှင် ဆေးခန်းပြရန်အတွက် ဂိတ်ပြင်ထွက်ခွင့်တောင်းခံလို့လဲမရသည့်အခြေအနေဖြစ် ကြုံတွေ့နေရတယ်လို့သိရပါတယ်။

"လုပ်ငန်းခွင်အတွင်၌အသက်မပြည့်သေးသော ကလေးငယ်(၃၀)ကျော်လည်းရှိနေပါတယ် အဲ့ဒါကိုအခုလိုအလုပ်သမားအခွင့်အရေးတွေမတရားချိုးဖောက်နေတာပါ"လို့နစ်နာသူအလုပ်သမားတွေဖက်ပြောပါတယ်။

လက်ရှိအခြေအနေမှာအလုပ်သမားတွေဖက်ကကူညီဖြေရှင်းပေးမယ့်စက်ရုံမှာသမဂ္ဂမရှိပေမယ့် အလုပ်သမားတွေဖက်က OT အလကားဆင်းပေးနေရခြင်းနှင့်အပြစ်တစ်စုံတစ်ရာမရှိပဲဝမ်တိန်ထိုးခိုင်းခြင်းမပြုလုပ်ရန်ဥပဒေမဲ့အလုပ်ထုတ်ခြင်းမပြုလုပ်ရန်တို့ကိုတောင်းဆိုနေကြပါတယ်။

Myanmar Tencent Fashion Garment အထည်ချုပ်စက်ရုံဟာ Singer အမှတ်တံဆိပ်အထည်များချုပ်လုပ်ပြီးစျေးကွက်ကိုပြန်လည်တင်ပို့နေတဲ့စက်ရုံတခုဖြစ်တယ်လို့လဲသိရပါတယ်။

 


Related posts

Cover
JOC အထည်ချုပ် စက်ရုံ နှစ်ပတ်နီးပါးကြာ အလုပ်သမား တောင်းဆိုမှု ညှိနှိုင်း ပြီးဆုံး
Jan 11, 2026
Cover
Myanmar Belle အထည်ချုပ်တွင် အလုပ်သမားများတောင်းဆိုမှုပြုလုပ်
Jan 11, 2026
Cover
၂၀၂၅ ခုနှစ်အတွင်း အငြင်းပွာ အမှု ၂၁ မှု အား အလုပ်သမားဝန်ကြီးဌာန ဖြေရှင်းမပေး
Jan 11, 2026
Cover
ထိုင်း Powacore အိပ်ချုပ်စက်ရုံ HR မှ တရာမဝင်အလုပ်ထုတ်ပြီး ငွေကြေး ဖြတ်ယူ
Jan 11, 2026
Cover
ထိုင်းထီ ဘတ် ၆ သန်းနှစ်ဆု နှင့် ဘတ်၁၂သန်းဆုများကို မြန်မာလုပ်သား ၃ဦး ဆွတ်ခူး
Jan 11, 2026
Cover
အလုပ်သမားဦးစီးဌာနမှ စစ်ကောင်စီနှင့် ဖမ်းဆီးခိုင်းဟု SM Myanmar Garment ပိုင်ရှင် ပြောဆို
Jan 11, 2026
Cover
Cascio Grament လုပ်ခလစာ မရှင်းပေး၍ ညအိပ်စောင့်ဆိုင်းနေရ
Jan 11, 2026
Cover
တောင်းဆိုမှု ဖြစ်ပွားနေသည့် JOC အထည်ချုပ် စက်ရုံတွင် သုံးရေနှင့် လျှပ်စစ်မီး ဖြတ်တောက်၊ NO Work , NO Pay ဆိုပြီး ခြိမ်းခြောက် ကြေညာ
Jan 11, 2026