NEWS

စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း

CoverLogo
218 Views
 
စုယုအိ အထည်ချုပ် စက်ရုံက အလုပ်ဝင်ချိန် ရှိပေမဲ့ အလုပ်ပြန်ချိန် ပုံသေမရှိဘဲ အချိန်ပိုတွေ လုပ်ကိုင် ခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။နေ့စဉ် အချိန်ပိုတွေအပြင် ပုံမှန်အလုပ်ပိတ်နဲ့ တခြား ပိတ်ရက်တွေပါ စက်ရုံဘက်က လုပ်ကိုင်ခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ညနေ အလုပ်ဆင်းချိန်က ပုံမှန်မရှိဘူး၊ အချိန်ပိုကို ပုံစံမျိုးစုံ ဆင်းရတယ်။ ည ၆ ခွဲ ဆင်းလိုက် ၇ ခွဲ ဆင်းလိုက်နဲ့ ။ စနေနေ့ဆို ည ၇ နာရီမှ ဆင်းရတာတွေရှိတဘ်။ တနင်္ဂနွေနဲ့ တခြားရုံးပိတ်ရက်ဆိုလည်း မပိတ်ဘူး ၊ ပိတ်ရက် မရှိ ဆင်းနေရတာ” လို့ ပြောပါတယ်။
 
အချိန်ပို အော်လင်းဆင်းပြီး မနက် (၂) နာရီမှ စက်ရုံက ကြိုပို့ ပတ်ကားနဲ့ နီးစပ်ရာကို ပို့ပေးလို့ အမျိုးသမီး အလုပ်သမားတွေမှာ လုံခြုံရေး အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ကြိုပို့စီးနေကြ မှတ်တိုင်ကို ပို့ပေးတာ မဟုတ်ဘူး၊ နီးစပ်ရာ လမ်းစုံ၊ လမ်းခွတွေမှာ ချပေးထားခဲ့တာ။ မိသားစုဝင်တွေလည်း မကြိုခိုင်းရဲဘူး ။ ပေါ်တာဆွဲနေတဲ့ကြားက အဆင်ပြေသလို ပြန်ရတယ်။ ကြောက်လည်း ကြောက် ၊ လုံခြုံမှုမရှိဘူးလို့ ခံစားရတယ်။” လို့ ပြောပါတယ်။
 
အချိန်ပို မဆင်းပါက ခေါင်းဆောင်းတွေရဲ့ အပြောအဆိုခံရသလို အငြိုးအတေးထားခံရလို့ ဆန္ဒမပါဘဲ လုပ်ကိုင်နေရတယ်လို့ အလုပ်သမား တွေကပြောပါတယ်။
 
“ စားဝတ်နေရေးအတွက် လက်ရှိအနေအထား အလုပ်ရ လုပ်နေရတာ၊ မနက်ဆို အလုပ်မီဖို့ သွားရတယ်။ နားချိန် အိပ်ချိန်ကို မရှိသလောက် ဖြစ်နေတာ။ ခွင့်လည်း ဘာခွင့်မှမပေးဘူး၊ ဂိတ်ပတ်စ်လည်း မရဘူး ” လို့ ပြောပါတယ်။
 
အလုပ်ဆင်းချိန်မှာ စက် သန့်ရှင့်ရေး လုပ်ကိုင်ခိုင်းလို့ နေအိမ်အပြန်မှာ အမြဲနောက်ကျရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ အလုပ်ချိန်ပြည့်မှ သန့်ရှင်းရေးလုပ်ခိုင်းတာ၊ အနည်းဆုံး နာရီဝက်လုပ်ပြီးမှ အိမ်ပြန်ရတယ်။ တကယ်ဆို ၁၅ မီနစ်ကြိုလုပ် ရတာကို အခုက အလုပ်ချိန်ထိမှာစိုးတာနဲ့ အလုပ်သမားတွေကတော့ နောက်ကျကြတယ်။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လက်ရှိ စက်ရုံဘက်က ဒေးကြေး ၅၈၀၀ ကျပ်၊ ရက်မှန်ကြေး ၂၀,၀၀၀ ကျပ်၊ အချိန်ပို တစ်နာရီ ၁၈၀၀ ကျပ် တွက်ချက်ပေးနေဆဲ ဖြစ်ပြီး ဝန်ကြီးဌာန ညွှန်ကြားထားသလို့ ဒေးကြေးမှာ ပေါင်း မပေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
“ဒေးကြေးမှာ စက်ရုံဘက်က အခုအထိ ထည့်မပေးထားပါဘူး။ ဒေးကြေးကို ၅၈၀၀ ကျပ်နဲ့ ပဲ ပေးနေတာ။ အခြားစက်ရုံတွေလို့ ကျွမ်းကျင်ကြေး၊ အထည်ကြေးဆိုတာလည်း ပေးတာမရှိပါဘူး။ စက်ရုံဘက်က ခေါင်းပုံဖြတ် အမြတ်ထုတ်နေတာ” လို့ ပြောပါတယ်။
 
လုပ်ငန်းခွင် ရေသန့်ပြတ်ချိန်မှာ လက်ဆေးပိုက်က ရေကို သောက်ရသလို ထမင်းစားခုံတွေကလည်း လုံလောက် မှု မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ ဖွဲ့ထားတယ်လို့ ပြောပေမဲ့ အဖွဲ့ဝင် ဘယ်သူဆိုတာ မသိရဘူးလို့ အလုပ်သမားတွေက ပြောပါတယ် ။
 
“ရှိတယ်တော့ကြားတယ် ဘယ်သူတွေမှန်းလဲမသိရဘူး၊ အခု အခြေအနေကို ဖြေရှင်းမဲ့သူလည်း မရှိပါဘူး” လို့ အလုပ်သမားတွေက ပြောထားပါတယ်။
 
စုယုအိ အထည်ချူပ် စက်ရုံက ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ B လမ်းဆုံ အနီးမှာ ရှိပြီ အလုပ်သမား (၈၀၀) ကျော် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ စက်ရုံပိုင်ရှင်မှာ ကိုရီယား နိုင်ငံသားဖြစ်ပြီး TRIPLE , TRIPLE VALUE တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026