NEWS

စိန်ခေါ်မှုအခက်အခဲများစွာကို ပြည်တွင်းအလုပ်သမားတွေ ရင်ဆိုင်နေရကြောင်း ILO ထုတ်ပြန်

CoverLogo
557 Views

မြန်မာပြည်တွင်းက အလုပ်သမားတွေဟာ ကိုဗစ်-၁၉ ကပ်ဘေးနဲ့ ၂၀၂၁ခုနှစ် စစ်တပ်ကအာဏာလွှဲပြောင်းယူတဲ့ နောက်ဆက်တွဲတွေကြောင့် စိန်ခေါ်မှုအခက်အခဲများစွာကို ရင်ဆိုင်နေရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ဇူလိုင်လ (၂၇) ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

 

ILO (မြန်မာ)ရဲ့ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ Mr. Donglin LI က “အလုပ်သမားအများအပြားက မရေရာတဲ့အနာဂတ်ကို ရင်ဆိုင်နေရတယ်။ ပြီးတော့ အလုပ်အကိုင်အခြေအနေတွေ မခိုင်မာတော့တဲ့အတွက် စိန်ခေါ်မှုတွေကတော့ ရှိနေဆဲဖြစ်တယ်” လို့ ဆိုပါတယ်။ 

 

ပြည်တွင်းစီးပွားရေးဟာ တစ်ချို့ကဏ္ဍတွေမှာ လတ်တလော ပြန်လည်ကောင်းမွန်လာပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ပြန်တိုးလာပေမယ့် တိုးပွားလာတဲ့ အလုပ်လက်မဲ့ဦးရေနှုန်းကို လိုက်မမှီသေးဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

 

“ကိုဗစ်ကာလကတည်းက ကုမ္ပဏီတွေမှာလူလျှော့တာတွေ၊ လစာအပြည့် မပေးတာတွေ ရှိနေတာပါ။ အခုချိန်ကျတော့ လုပ်ခလစာကို ပညာကြေးနဲ့တန်အောင် မပေးချင်ကြတော့ဘူး။ ပေးတာက သုံးသိန်းလောက်ကို လူနှစ်ယောက်စာ လုပ်ရမယ့်ဟာလောက် ခေါ်ကြတယ်။ နောက်ပြီး ရတဲ့လစာလေးနဲ့ အခုခေတ်ကုန်ဈေးနှုန်းနဲ့ ဘယ်လိုမှအဆင်မပြေတော့ဘူး”လို့ ပုဂ္ဂလိက ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ 

 

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်တွင်းက ကုမ္ပဏီတွေ၊ စက်ရုံတွေမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်တာတွေ ရှိနေပြီး ဥပဒေအရ အရေးယူဆောင်ရွက်တာ မျိုးတွေ အားနည်းနေပြီး ဘက်ပေါင်းစုံကနေ ရိုက်ခတ်မှုတွေကြောင့် အလုပ်လုပ်နေရင်းနဲ့ စားဝတ်နေရေး အခက်အခဲတွေ ရင်ဆိုင်နေရ တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေဆီက သိရပါတယ်။ 

 

#MyanmarLabourNews 

ဓါတ်ပုံ-ပုံဟောင်း


Related posts

Cover
Max Technology စက်ရုံတွင် ဆန္ဒပြ အလုပ်သမားအား နိုင်ငံခြားသာားမှ ကိုယ်ထိလက်ရောက်ကျူးလွန်
Mar 23, 2026
Cover
W & F အထည်ချုပ်စက်ရုံ အချိန်ပို အလွန်အကျွံ ခိုင်းစေ
Mar 23, 2026
Cover
Tianjin Fashion Mileston စက်ရုံ ဆန္ဒပြအလုပ်သမားများ အား ခွဲခြားဆက်ဆံ ဖိနှိပ်
Mar 23, 2026
Cover
အလုပ်သမားများ ပေါ်တာဆွဲခံရသဖြင့် ကံမမြို့ရှိ ရေသန့်စက်ရုံပိတ်လိုက်ရ
Mar 23, 2026
Cover
ရွှေလင်ဗန်း Mengyue စက်ရုံ လုပ်ငန်းခွင်နှင့် အသက်ပေးခဲ့ရသည့် အလုပ်သမားဘဝများ
Mar 23, 2026
Cover
Sky Fashion Myanmar အထည်ချုပ် ရက်စား ၂ ရက်ဆင်းခိုင်းပြီး အချိန်ပို နာရီ လုပ်အားခေါင်းပုံဖြတ်
Mar 22, 2026
Cover
ပြည်တွင်းလုပ်သား ၅၀၀၀ ကျော် အလုပ်အကိုင်ရရှိနိုင်မည်ဆိုသည့် လုပ်ငန်းသစ် ၃၅ခု ကို စစ်ကော်မရှင် ခွင့်ပြု
Mar 22, 2026
Cover
စက်ရုံထဲက "သတို့သမီးလောင်း" ရှာပုံတော်နှင့် အဟောသိကံ စစ်ဆေးမှု
Mar 22, 2026