NEWS

စားဝတ်နေရေးအကျပ်အတည်းကြောင့် တရုတ်နိုင်ငံတွင် ဇနီးမယားအဖြစ် သွားရောက် အလုပ်လုပ်ကိုင်သူတွေများလာ

CoverLogo
524 Views

ပြည်တွင်းမှာ စားဝတ်နေရေး အခက်ခဲတွေ ကြောင့် တရုတ်နိုင်ငံဘက်ကိုသွားရောက်ပြီး တရုတ်ဇနီးမယား အဖြစ် အလုပ်လုပ်ကိုင်သူများလာတယ်လို့ တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ ဒေသခံတွေထံကသိရပါတယ်။

ယခင်က တရုတ်နိုင်ငံရှိ စက်ရုံအလုပ်ရုံတွေ မှာ အလုပ်လုပ်ကိုင်ရမယ်ဆိုကာ မြန်မာအမျိုးသမီး တွေကို ပွဲစားတွေ ကလိမ်လည်ခေါ်ယူပြီး တရုတ်မယား အဖြစ် ရောင်းစားတာတွေ ရှိပေမယ့် အခုနောက်ပိုင်းမှာ စားဝတ်နေရေး အခက်ခဲ တွေ ကြောင့် အမျိုးသမီးတွေကိုယ်တိုင် တရုတ်မယား အဖြစ် အလုပ်လုပ်ကိုင်ရမှာ ကို သိရှိ ပြီး အလုပ်လုပ်ကိုင်လာသူ တွေ များလာတယ်လို့ သိရပါတယ်။

"ယူနန်ပြည်နယ်ထဲ အလုပ် လာလုပ်နေတဲ့ ကလေးမလေးတွေကို ပွဲစားတွေက တရုတ် ကောင်လေးယူရမယ် ငွေ ဘယ်လောက်ပေးမယ် ပြောပြီးခေါ်တာရှိသလို မြန်မာနိုင်ငံ အထဲ မှာလဲ လိုင်းပေါ်ကနေ တရုတ်မယား အဖြစ်နေပေးရင် ဘယ်လောက်ပေးမယ် ခေါ်တာတွေ ရှိတယ်၊ အရင်ကဆိုစက်ရုံမှာလုပ်ရမယ်ဆိုပြီး လိမ်ခေါ်လာပြီးမှ ဒီဘက်ရောက်မှရောင်းစားတာ အခုနောက်ပိုင်း က တရုတ်မယား အနေနဲ့နေပေးရမယ်ဆိုတာ သိသိကြီးနဲ့ ကို လုပ်လာကျတာ စားဝတ်နေရေး အခက်ခဲတွေကြောင့်လဲ ပါတယ် ပွဲစားတွေကလည်း ဘယ်လိုနေရမှာ ဘာညာ အပြော ကောင်းတာတွေကြောင့်လဲ မြန်မာအမျိုးသမီးတွေ လုပ်လာတာ များတယ် "လို့ တရုတ်- မြန်မာ စကားပြန်ပြုလုပ်သူ အမျိုးသမီးတစ်ဦးကပြောပါတယ်။

တရုတ်မယား အဖြစ် သွားရောက် လုပ်ကိုင်ရာ မှာ တစ်ချို့ပွဲစားတွေ က အလုပ်လုပ်ကိုင်ပါက ရရှိမယ့် ပိုက်ဆံ ပမာဏ ပေးတာရှိပေမယ့် တချို့ ပွဲစား တွေ က တော့ ငွေပမာဏ အနည်းအကျဉ်းသာပေးပြီး လိမ်လည် ရောင်းစားတာတွေရှိတယ်လို့ ဆိုပါတယ်။

"တရုတ်ကနေ မြန်မာမိန်းကလေးတွေကို လာဝယ်တဲ့ တရုတ်တွေက  ဟိုဘက် နိုင်ငံမှာ ပိုက်ဆံ မရှိလို့ ဆင်းရဲလို့ တရုတ်အမျိုးသမီးကို မရှာနိုင်လို့ မြန်မာဘက်က မိန်းကလေးတွေကို လာယူတာ သူဌေးတွေ မဟုတ်ဘူး ဒါကို ပွဲစားတွေက  သူဌေးလိုနေရမှာ သူတို့အတွက် ကလေးပဲမွေးပေးရမှာ ဆိုပြီး လိမ်ခေါ်လာကြတာ အခု ပွဲစားနဲ့ချိတ်ပြီး တရုတ်ယောက်ျားယူတဲ့သူ ၁၀ ယောက်မှာ ၈ ယောက်လောက်က အဆင်မပြေကြလို့ အိမ်ပြန်ချင်တဲ့သူတွေ များတယ် တချို့ဆို အိမ်နဲ့အဆက်သွယ်လုပ်မှာစိုးလို့ ဖုန်းပေးမကိုင်တာတွေ ရှိတယ် ဘာသာမတူ လူမျိုးမတူ နဲ့ ပတ်ဝန်းကျင်အသစ်မှာ ရေရှည်နေသွားဖို့ ဘယ်လို မှ အဆင်မပြေနိုင်ဘူး လုပ်မယ့်တွေးနေတဲ့သူတွေ စဉ်းစားပါ တခြားစက်ရုံ အလုပ်တွေနဲ့ လုပ်လို့ရတယ် တကယ်ချစ်ကြိုက်လို့ တရားဝင် လက်ထပ်မှတ်ပုံတင် ပြီး ယူတဲ့ သူတွေ  ဆိုတမျိုး၊ ပွဲစားနဲ့ချိတ်ပြီး ယူမယ် ဆိုရင်တော့ မလုပ်ဖို့ပဲ ပြောချင်တယ်""လို့ အခြေအနေတွေကို တွေ့မြင်နေရတဲ့  တရုတ်- မြန်မာ စကားပြန် အမျိုးသမီးကပြောပါတယ်။

အခုလိုပွဲစား နဲ့ တရုတ်ယောက်ျားယူ တဲ့ မြန်မာအမျိုးသမီးတွေကို   ကလေးမွေးပြီးပါက အခြား တရုတ်အမျိုးသား ထံ ထပ်မံ ရောင်းချ တာတွေလည်းရှိတယ်လို့ သိရပါတယ်။

"တချို့ကလေးမတွေ အသက် ၂၀ ပဲရှိသေးတယ် အလုပ်လုပ်ရမယ်ဆိုပြီး တရုတ်ပြည် ဟိုးအတွင်းပိုင်းထိကိုရောက်သွားကြတာတွေရှိတယ်။  မြန်မာပြည်ပြန်ချင်ရင် တရုတ်မယားလုပ်ရမယ် ပြီးမှ အဖမ်းခံ၊ ထောင်ကျခံပြီး မြန်မာပြည်ပြန်လို့ရမယ်ဆိုတဲ့ အခြေအနေတွေ ကြုံနေရတယ်။ ပြောရမယ်ဆို လူကုန်တားရဲကတောင် သွားခေါ်လို့မရတဲ့နေရာတွေကိုရောက်သွားတာရှိတယ်။ သေချာမသိဘဲ မသွားစေချင်ဘူး။ လက်ရှိအခြေအနေထက်ပိုပြီး ဒုက္ခရောက်သွားနိုင်တယ်"လို့ အလုပ်သမားအရေးဆောင်ရွက်သူက ပြောပါတယ်။

လက်တလောမှာ လူမှုကွန်ယက်စာမျက်နှာတွေ ဖြစ်တဲ့ Facebook ၊Tik Tok တို့မှာ ပွဲစားတွေ မှ တရုတ်ယောက်ျားယူရန် အတွက် ငွေမက်လုံးပေးစွဲဆောင် လာတာတွေ များလာသလို တရုတ်ပြည်ထဲ ရောက်ရှိသူတွေ မှ လည်း အခက်ခဲအဆင်မပြေတာတွေရှိတဲ့ အတွက် တရုတ်မယား အဖြစ် မလုပ်ကိုင် ဖို့ သတိပေးတာတွေပြုလုပ်လာတာ တွေ့ရှိရပါတယ်။

 


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026