NEWS

စာရွက်စာတမ်းအတုပြုလုပ်ပြီး OWIC ကတ် လျှောက်ထားမှုများရှိနေ

CoverLogo
1.4K Views

ပြည်ပအလုပ်အကိုင် သက်သေခံ (OWIC) ကတ် ကို လျှောက်ထားရာမှာ လိုအပ်တဲ့ စာရွက်စာတမ်း တွေကို အတုပြုလုပ်ပြီး အလုပ်သမားနဲ့ ပွဲစား တွေက လျှောက်ထားတာ တွေ ရှိနေတယ်လို့ သိရပါတယ်။ 

 

ယခင် က စာရွက်စာတမ်း အတုပြုလုပ် ပြီး ဦးစီးဌာန ကို တင်ပြခဲ့တာ မှာ စိစစ်တွေ့ ရှိတာကြောင့် Black List စာရင်းသွင်းခံရတဲ့ အလုပ်သမား ၂၂ ဦး ရှိခဲ့ပြီး ပြည်ပကိုထွက်ခွာခွင့် ပိတ်ခံရကာ ပါဝင်သူ အချို့ ကို လည်း အရေးယူမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

လက်ရှိမှာ မကာအိုဟုဆိုကာ OWIC ပြုလုပ်ခွင့်တင်ပြီး အခြားနိုင်ငံများကို တရားမဝင် သွားရောက်ခြင်းများကြားသိရတာကြောင့်စာရွက်စာတမ်းများ အတုအစစ်ကိုသေချာစိစစ်သွားမယ်လို့ဆိုပါတယ်။

 

ယခင် OWIC ကတ်လျှောက်ထားသူ အရမ်းများတဲ့အတွက် စာရွက်စာတမ်းကိုအတုအစစ်သေချာမစီစစ်နိုင်ခဲ့ဘဲ ဒါကိုအခွင့်ကောင်းယူပြီးပွဲစားနဲ့အလုပ်သမားတချို့က စာရွက်စာရွက်စာတမ်းအတုတွေနဲ့ ပြုလုပ်လာတာရှိတဲ့အတွက် အခုနောက်ပိုင်းစာရွက်စာတမ်းကအစသေချာစိစစ်ပြီးမှန်ကန်မှ OWIC ကတ် ရိုက်ခွင့်ပေးတော့မယ် လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူက ပြောဆို ထားပါတယ်။

 

လက်ရှိမှာတော့ OWIC ကတ် ကို နေပြည်တော်အလုပ်သမားဝန်ကြီးဌာနမှာ လိုအပ်တဲ့ စာရွက်စာတမ်း

တွေနဲ့ လျှောက်ထားရ တာဖြစ်ပြီး မြောက်ဒဂုံ အလုပ်သမား သင်တန်းကျောင်းနဲ့ မရမ်းကုန်း မြို့နယ် ၈မိုင် အလုပ်သမားရုံး တို့မှာ စီစစ်ထုတ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

 

၁၉၉၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ်သြဂုတ် လ အထိ အေဂျင်စီ အစီအစဉ် နဲ့ လည်းကောင်း မိမိအစီစဉ် နဲ့လည်းကောင်း ခွင့်ပြန် PR ဖြင့် လည်းကောင်း ထိုင်း၊စင်္ကာပူ၊ကိုရီယား ၊ဂျပန် မလေးရှားအပါအဝင် ပြည်ပ နိုင်ငံ ၈၉ နိုင်ငံ ကို သွားရောက် အလုပ်လုပ်တဲ့ အလုပ်သမား ၁ဒသမ၆ သန်းကျော် ကို ပြည်ပအလုပ်အကိုင် သက်သေခံ (OWIC)ကတ် ထုတ်ပေးထားတယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026