NEWS

စာချုပ်ချုပ်ထားသည့် လုပ်သားများကိုစေလွှတ်ပြီး မှသာ ပြည်ပအလုပ်ခေါ်စာ အသစ်ထပ်မံလက်ခံမယ်လို့ဆို

CoverLogo
530 Views
 
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက် နေ့မတိုင်မီ ထိုင်းနိုင်ငံ အတွက် အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုထားတဲ့ အလုပ်သမားတွေနဲ့
အခြား နိုင်ငံ တွေ အတွက် Demand Letter မှန်ကန်မှု ရှိသဖြင့် စေလွှတ်ရေးလုပ်ငန်းစဉ်အတွက် ခွင့်ပြုပြီးသား အလုပ်သမားတွေကို စေလွှတ်ပြီးမှသာ အလုပ်ခေါ်စာ အသစ် တွေ ကို ထပ်မံ လက်ခံ မယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက မတ်လ ၁၇ ရက် မှာ လိုင်စင်ရအေဂျင်စီ တွေ ထံ အကြောင်းကြားစာပေးပို့ပါတယ်။
ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ တွေ ထံ အကြောင်းကြားစာထဲမှာ သက်ဆိုင်ရာနိုင်ငံအလိုက် စေလွှတ်ရန် ကျန်ရှိတဲ့ အလုပ်သမားတွေ ကို စေလွှတ်ပြီးစီးပါက သက်ဆိုင်ရာ နိုင်ငံအလိုက် Demand Letter အသစ် တင်ပြနိုင် ပြီ ဖြစ်ကြောင်း ကိုလည်း အကြောင်းကြားပေးသွားမယ်လို့ ဆိုပါတယ်။
""ဒီနေ့ အကြောင်းကြားတဲ့ စာက ဇန်နဝါရီ ၃၀ရက် အရှေ့က စာချုပ်ချုပ်ထားသူတွေ ခွင့်ပြုချက် ကျထားပြီး စေလွှတ်ဖို့ ကျန်နေသေးတဲ့ လုပ်သား အားလုံး စေလွှတ်ပြီးမှ နောက်ထပ် အလုပ်ခေါ်စာ အသစ်ကို လက်ခံမယ်လို့ အကြောင်းကြားစာထဲ မှာပါတယ် အဲ့တော့ စေလွှတ်ဖို့ ကျန်တဲ့ အလုပ်သမားက လည်း တစ်သောင်း နီးပါး လောက်ရှိတယ် သူတို့အားလုံးစေလွှတ်ပြီး မှ နောက်ထပ်အလုပ်ခေါ်စာအသစ်ကို လက်ခံမယ်ဆိုတော့ အလုပ်ခေါ်စာအသစ်ရထားတဲ့အေဂျင်စီတွေလည်း အခက်ခဲဖြစ်ပြီ တစ်ဖက်က မြန်မာလုပ်သားကိုစောင့်ခေါ်မလား တခြားအဆင်ပြေတဲ့ နိုင်ငံက လုပ်သားတွေ ကို ခေါ်တာတွေ ဖြစ်လာမှာဘဲပြီးတော့ ပြည်ပထွက်ဖို့ ပြင်ဆင်နေတဲ့ သူတွေ အတွက် လည်း အချိန်ကြန့်ကြာတာတွေ ဖြစ်လာမယ် တရားမဝင် ထွက်တာတွေ ဘက် ပိုပြီး များလာမယ်""လို့ လိုင်စင်ရအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၃၀ရက် နောက်ပိုင်း ဦးစီးဌာန သို့ တင်ပြခဲ့တဲ့ Demand Letter တွေ ကို လည်း အေဂျင်စီ တစ်ခု လျှင် တင်ပြရမယ့် ကန့်သတ်လူဦးရေ စာရင်း ကို ထပ်မံ အကြောင်းကြားသွားမယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ တွေ ကို အသိပေးထားပါတယ်။
နိုင်ငံအလိုက် စေလွှတ်ခွင့်ရရှိထားတဲ့ အလုပ်သမားတွေ အတွက် OWICကတ်ပြုလုပ်ပြီးပါက ပြည်ပစေလွှတ်ခွင့်ပြုဖို့ ကိုပါ သက်မှတ်ထားတဲ့ လုပ်ငန်းစဉ်အတိုင်း ခွင့်ပြုချက် တောင်းရမယ်လို့ အသိပေးထားပါတယ်။

Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026