NEWS

စာချုပ် ချုပ်ထားပြီး အသက်ကန့်သတ်ချက် ကိုက်ညီနေတဲ့ အမျိုးသား လုပ်သားတွေပြည်ပထွက်ခွင့်မရ

CoverLogo
394 Views
 
ပြည်ပကို အလုပ် သွားရောက် လုပ်ကိုင် ဖို့ အလုပ်သမားဝန်ကြီးဌာန အသိအမှတ်ပြု အလုပ်ရှင် အလုပ်သမား သဘောတူ (ECစာချုပ်) ချုပ် ထားပြီးပေမယ့် အသက် ၁၈ နှစ်မှ ၃၅နှစ်အထိ ကန့်သတ် ချက်နဲ့ ကိုက်ညီနေတဲ့ အမျိုးသား လုပ်သားတွေ ပြည်ပထွက်ခွင့်မရဘူး လို့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ တွေ ထံက သိရပါတယ်။
 
ယခင်က အမျိုးသား လုပ်သား တွေ ကို အသက် ၂၃ နှစ်မှ ၃၁နှစ် အထိ ပြည်ပထွက် အလုပ်လုပ်ခွင့် ကန့်သက်ပိတ်ပင်ခဲ့ ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ လ ၃၀ ရက် မှာတော့ ၁၈နှစ်မှ ၃၅နှစ်အထိ အမျိုးသားတွေ ကို ပြည်ပထွက် အလုပ်လုပ် ခွင့် ကန့်သက်ပိတ်ပင် လိုက်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီတွေ ကို အကြောင်းကြားခဲ့ပါတယ်။
 
အလုပ်သမားဝန်ကြီး ဌာနက အမျိုးသားလုပ်သား တွေ အပေါ် အသက်ကန့်သတ်ချက် တိုးမြှင့် ပိတ်ပင်တာ ကို ဇန်နဝါရီ လကုန် ပိုင်းမှ အကြောင်းကြားပေမယ့် လက်ရှိမှာ ၂၀၂၅ခုနှစ် ဇန်နဝါရီ ၃၀ရက် မတိုင်ခင်က EC စာချုပ် ချုပ်ထားတဲ့ အမျိုးသား လုပ်သားတွေကိုပါ ထွက်ခွာခွင့်မပြုတော့ဘူးလို့ လိုင်စင်ရ အေဂျင်စီတွေက ပြောပါတယ်။
 
"ထပ်တိုးအသက်ကန့်သတ်ချက်နဲ့ညိပေမယ့် အကြောင်းကြားစာမပို့ခင်က စာချုပ် ပြီး ထားတဲ့ အမျိုးသား လုပ်သားတွေ ကိုတော့ ထွက်ခွင့်ပေးဖို့ အေဂျင်စီတွေ ကိုယ်စား MOEAA အနေနဲ့ အလုပ်သမားဝန်ကြီးဌာနကိုတင်ပြပေးတယ် မထူးခြားဘူး အခု သင်တန်းတတ်ခွင့် OWIC ကတ်ရိုက်ခွင့် တွေ ချပေးတဲ့ အထဲ အသက်ညိနေတဲ့ အမျိုးသားလုပ်သားတွေ ကို ပြုလုပ်ခွင့်ချမပေးဘူး အဲ့တော့ ထွက်ခွင့်မပြုဘူးဆိုတာသေချာသွားပြီ""လို့ လိုင်စင်ရအေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
အခုလို EC စာချုပ် ချုပ်ထားပြီး အသက်ကန့်သတ်ချက်ကြောင့် ထွက်ခွင့်မရတဲ့ အမျိုးသား လုပ်သားတွေ ကို အချို့ အေဂျင်စီတွေ က ပေးဆောင်ထားတဲ့ ဝန်ဆောင်ခ တွေ ပြန်လည် ထုတ်ပေးတယ်လို့ သက်ဆိုင်ရာ လုပ်သားတွေထံ မှသိရပါတယ်။
 
"ကျွန်တော်က ထိုင်းကို သွားဖို့ VDM အေဂျင်စီနဲ့၁လပိုင်း ၈ရက်နေ့က စာချုပ် ချုပ်ထားတာ အခု အေဂျင်စီ ဘက်က အသက်ကန့်သက်ချက်နဲ့ ညိနေလို့ ဝန်ဆောင်ခ တွေ ပြန်ထုတ်ပေးတယ် သွင်းထားတဲ့ ပိုက်ဆံ အကုန်လုံး ပြန်ပေးတော့ တော်သေးတယ် တခြား ကုန်ကျစရိတ်နဲ့ အတိုးနဲ့ငွေယူထားတော့ အတိုးဖိုးတွေ ပေးရတာပေါ့ အချိန်လည်းကုန် ငွေကုန်နဲ့ နစ်နာဆုံးရှုံးရတာပေါ့""လို့ ပြည်ပထွက်ခွင့်မရတဲ့ လုပ်သားတစ်ဦးကပြောပါတယ်။
 
EC စာချုပ် ချုပ်ထားပြီး အသက်ကန့်သက်ချက်ကြောင့် ပြည်ပထွက်ခွင့် မရတဲ့ အမျိုးသား လုပ်သားတွေ ကို အချို့ အေဂျင်စီတွေ က ဝန်ဆောင်ခ သွင်းထားငွေ များ အားလုံးပြန်ပေးတာ ရှိသလို တချို့အေဂျင်စီ တွေက သွင်းထားတဲ့ငွေ အကုန်ပြန်မပေးတာလည်းရှိတယ်လို့ သိရပါတယ်။
 
"အခုလို စာချုပ် ချုပ်ပြီး မှ မသွားရတော့ အေဂျင်စီ ဘက်ကလည်း နစ်နာမှု တွေ ရှိတယ် တချို့ အေဂျင်စီ ကျတော့ လည်း အလုပ်သမား ဘက်ကို စာနာပြီးတော့ သွင်းထားငွေ အကုန်ပြန်ပေးတယ် တချို့ကျတော့လည်း သွင်းငွေထဲကနေ ပြန်ဖျက်တာမျိုးတွေ လည်းရှိတယ် ဒါကတော့ အေဂျင်စီနဲ့ အလုပ်သမား ကျေနပ်တဲ့ပမာဏ ဖြစ်ရင်တော့ တော်သေးတာပေါ့ မဟုတ်ရင် အလုပ်သမားတွေ ဘက်က နစ်နာဆုံးရှုံးတာတွေ ပိုများလိမ့်မယ်""လို့ အေဂျင်စီနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
 
ပြည်ပထွက် အလုပ်လုပ်ဖို့ လိုင်စင်ရအေဂျင်စီတွေနဲ့ EC စာချုပ် ချုပ်ထားတဲ့ အလုပ်သမား ၁၀၀၀၀ ဝန်းကျင်ရှိပေမယ့် လက်ရှိမှာ အလုပ်သမားဝန်ကြီးဌာနက စိစစ်ကာ တစ်ပတ် လျှင် လူဦးရေ ရာဂဏန်းသာ စိစစ်လွှတ်ပေးလျက်ရှိတယ် လို့ သိရပါတယ်။

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026