NEWS

စမတ်ကတ် အတုပြုလုပ်ကာ ပတ်စပို့လျှောက်ထားပေးသူ ၂၀ ကျော်ဖမ်းဆီးခံရ

CoverLogo
825 Views

လူမှုကွန်ယက်စာမျက်နှာကနေ ​ကြော်ငြာပြီး မှတ်ပုံတင်နဲ့ UID(စမတ်ကတ်) အတု ပြုလုပ်ကာ နိုင်ငံကူးလက်မှတ်လျှောက်ထားပေးသူ ၂၀ကျော် ကိုဖမ်းဆီးလိုက်တယ်လို့စစ်ကောင်စီရဲ့ နိုဝင်ဘာ၁၇ ရက် နေ့ နိုင်ငံပိုင်သတင်းစာမှာ ကြေညာထားတာတွေ့ရပါတယ်။ 

ပြည်သူများသို့ အသိပေးကြေညာချက် ဆိုပြီး ထုတ်ပြန်ထားတာမှာ လူမှုကွန်ရက် စာမျက်နှာတစ်ခုဖြစ်တဲ့ လဝကရုံး (ဟစ်တိုင်) လို့ အမည်ပေးထားတဲ့ Facebook Group ကနေ ပွဲစားတွေနဲ့ချိတ်ဆက်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားနဲ့ UID ကတ်ပြားအတုပြုလုပ်ပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားရန်ဆောင်ရွက်ပေးသူ ၂၃ဦး ကိုမြို့နယ် ခုနှစ်မြို့နယ်က ရဲစခန်းတွေမှာ တရားစွဲဆိုအမှုဖွင့်လှစ်ထားတယ်လို့သိရပါတယ်။ 

ယခုဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ Jack But Jaxk အကောင့်ပိုင်ရှင် ချစ်မင်းခိုင်ပါ သုံးဦးကို သင်္ကန်းကျွန်း မြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့သလို Aent Hmue အကောင့်ပိုင်ရှင်ဖြစ်တဲ့ အံ့မှူး အပါအဝင် ၁၁ ဦးကို မင်္ဂလာဒုံ မြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ရဲထက်စိုး အပါအဝင် ငါးဦးကို မြဝတီ မြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့သလို သန့်ဇင်ထွန်းကို အင်းစိန် မြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့ပြီး အောင်သူထက်ကို စမ်းချောင်း မြို့မရဲစခန်း၊ ခင်မောင်ကျော်ကို မော်လမြိုင် မြို့မရဲစခန်းနဲ့ ထက်မြတ်အောင်ကို ဒလ မြို့မရဲစခန်းမှာ အသီးသီး အမှုဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။ 

ရုံးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ မသိနားမလည်မှုအပေါ် အခွင့်ကောင်းယူပြီး ငွေကြေးရယူ၊ အမြတ်ထုတ်သူတွေကို ထိရောက်စွာ အရေးယူမယ်လို့ စစ်ကောင်စီကအသိပေးထားပါတယ်။ 

UID နံပါတ် ရယူလိုသူတွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ် လဝကရုံးတွေမှာ နိုင်ငံသား စိစစ်ရေးကတ်ပြားနဲ့အတူ လူကိုယ်တိုင် သွားရောက်ပြီး အခကြေးငွေ ကုန်ကျမှုမရှိဘဲ ဆောင်ရွက်နိုင်တယ်လို့ စစ်ကောင်စီက အသိပေးကြေညာထားပါတယ်။ 

 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026