NEWS

စနေနေ့ကို အစားထိုးရုံးတက်ရက်ကြေညာမှု စက်ရုံ အလုပ်ရုံများလည်း အကျုံးဝင်

CoverLogo
2.9K Views

စစ်ကောင်စီက အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်တွေရဲ့ ကြားရက်တွေကို ဆက်တိုက် ပိတ်ပေးတယ်ဆိုပြီး ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ပိတ်ရက်ယူလိုက်တဲ့ အပိုရက်အတွက် နောက်တပတ် စနေနေ့တွေမှာ ရုံးဖွင့်ရက်အဖြစ်သတ်မှတ်ပြီး ရက်အစားထိုးဆင်းစေခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါ ကြေညာချက်မှာ အစိုးရဝန်ထမ်းများနှင့် ပုဂ္ဂလိက စက်ရုံ အလုပ်ရုံတွေအတွက်ပါ အကျုံးဝင်တယ်လို့ ဆိုထားပြီး သက်ဆိုင်ရာအလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ အသိပေးကြေညာချက် နောက်ကျတာကြောင့် စက်ရုံ အလုပ်ရုံအလုပ်သမားတွေဟာ နှစ်သစ်ကူး ရုံးပိတ်ရက်အတွက် ကြိုတင်ပြီး အစားထိုးလုပ်ကိုင်ပေးခဲ့ရပြီးဖြစ်ပါတယ်။

ကြေညာချက်အရ ဒီဇင်ဘာ ၂၈ မှ ဇန်နဝါရီ ၁ ရက် ၂၀၂၅ အထိ ပိတ်ရက် ၅ ရက်ရှိပြီး ဇန်နဝါရီ ၁၁ ရက်နေ့ မှာ အစားထိုး ဆင်းပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။

စက်ရုံ အလုပ်ရုံ အလုပ်သမား တွေအတွက်တော့ ကြေညာချက် ထုတ်ပြန်လာမှု နောက်ကျတာကြောင့်  ပိတ်ရက်အတွက် တနင်္ဂနွေနဲ့ ခရစ္စမတ်နေ့တွေမှာ ကြိုတင်အစား ထိုးဆင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

စက်ရုံအလုပ်ရုံတွေက အဆိုပါပိတ်ရက်ကြေငြာချက်ကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထပ်ဆင့်လက်မှတ်ထိုးထုတ်ပြန်တာမရှိခဲ့လို့ ဒီဇင်ဘာ ၃၁ ရက်ကပိတ်ရက်မဟုတ်ဘူးဆိုတာကြောင့်  အဆိုပါ ၃၁ ရက်နေ့ကို ပိတ်ရက်ရယူလိုတာကြောင့် ပြီးခဲ့တဲ့တနင်္ဂနွေနေ့လို့ရက်နဲ့ ခရစ္စမတ်လိုရက် မှာ အလုပ်သမားတွေက အစားထိုးဆင်းပေးခဲ့ကြရတာပဲဖြစ်ပါတယ်။ 

"ပိတ်ရက်ကြေညာတဲ့ဟာမှာ မြို့နယ်အလိုက်အလုပ်ရုံနဲ့အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးအရာရှိတွေအနေနဲ့က ပိတ်ရက်တွေအတည်ဖြစ်ကြောင်း သူတို့ကိုယ်တိုင်လက်မှတ်ထိုးပြီးတော့ စက်ရုံတွေကိုဖြန့်တာတွေမလုပ်ခဲ့တော့ အခုလိုတွေဖြစ်ကုန်တာ။  အမှန်ဆို အစကတည်းကထုတ်ပြန်ပေးရမှာ။ မထုတ်ပြန်ပေးတော့ အလုပ်သမားတွေကိုစက်ရုံတွေက ဒီဇင်ဘာ ၃၁ ရက်နေ့မပိတ်ဖူးဆိုပြီး အစားထိုးတွေပြန်ဆင်းခိုင်းကြတာပေ့ါ။ ဒါအတွက်အိုတီအနေနဲ့ပေးမလားဘယ်လိုလုပ်မလဲဆိုတာ စောင့်ကြည့်ရတော့မယ်" လို့ သမဂ္ဂအဖွဲ့ဝင်အလုပ်သမားတစ်ဦးက ဆိုပါတယ်။ 

အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်တွေရဲ့ ကြားရက်တွေကို တစ်ဆက်စပ်တည်းပိတ်ပေးပြီး အဆိုပါ ပိတ်ရက်များအတွက် စနေတစ်ရက်ပြန်အစားထိုးရုံးတက်ရန်နဲ့  အစားထိုးရုံး တက်ရက်အဖြစ်သတ်မှတ်လိုက်ကြောင်းကို ပြီးခဲ့တဲ့ရက်ပိုင်း ဒီဇင်ဘာ ၂၁ရက်နေ့က  စစ်ကောင်စီကကြေငြာလိုက်တာဖြစ်ပါတယ်။  

အဆိုပါကြေငြာချက်ထွက်ပြီးနောက် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက စက်ရုံအလုပ်ရုံများသို့ ထပ်ဆင့်အသိပေးကြေငြာချက်ထုတ်ပြန်တာမရှိခဲ့လို့ စက်ရုံအလုပ်သမားတွေအနေနဲ့ အဆိုပါကြေငြာချက်အတိုင်း မပိတ်လို့ ဒီဇင်ဘာ ၃၁ရက်နေ့အတွက် အစားထိုးအလုပ်ဆင်းပေးရတာတွေကို စက်ရုံအများစုကပြုလုပ်ခဲ့တာလို့ သိရပါတယ်။ 

"အစားထိုး အလုပ်ဆင်းရရင် OT ပေးရမှာပါ။ အလုပ်မဆင်းရင် အလုပ်ဖြုတ်လို့ မရပါ။ ရက်မှန်ကြေးဖြတ်လို့မရပါ။အဆင်မပြေတာများရှိရင် ဆက်သွယ်ပေးပါ ကူညီပေးဖို့ အသင့်ပါ"လို့လည်း STUM ကဆိုထားပါတယ်။ 

စစ်ကောင်စီက ပိတ်ရက်ရှည်အဖြစ်သတ်မှတ်ပေးလိုက်တဲ့  ရုံးပိတ်ရက်ရှည်များ၏ ရှေ့လာမည့် အနီးဆုံးစနေနေ့တစ်ရက်စီကို အစားထိုးရုံးတက်ရက်များအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ပထမ ရုံးပိတ်ရက် ၅ ရက်အတွက် ၂၀၂၅ ခုနှစ်၊ ဇန္နဝါရီ ၄ရက်(စနေနေ့)ဟာ  အစားထိုးရုံးတက်ရက်ဖြစ်သော်လည်း လွတ်လပ်ရေးနေ့ဖြစ်နေတာကြောင့် ဇန္နဝါရီ ၁၁ ရက်(စနေနေ့)၊ဒုတိယရုံးပိတ်ရက်ရှည်အတွက် မတ်၂၂ရက်(စနေနေ့)နှင့် မတ်လ၂၉ ရက်(စနေနေ့)၊ တတိယရုံးပိတ်ရက်ရှည်အတွက်နိုဝင်ဘာ ၈ ရက်(စနေနေ့)၊စတုတ္ထရုံးပိတ်ရက်ရှည်အတွက် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီ၃ရက်(စနေနေ့)တို့ကို အစားထိုးရုံးတက်ရက်များအဖြစ်သတ်မှတ်တယ်လို့ ကြေငြာထားတာဖြစ်ပါတယ်။

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026