NEWS

စစ်​ကောင်စီက ထောင် ၇၇ နှစ် ချထားတဲ့ ၂၀၂၀ ​ရွေး​ကောက်ပွဲအနိုင်ရ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်ကို ထပ်တိုး ၃နှစ် ချမှတ်

CoverLogo
963 Views

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ရက်နေ့က ဘားအံအကျဉ်း ထောင်အတွင်း တရားရုံကနေ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်ကို အာဏာသိမ်း စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၁၃၀ ကနဲ့ အမြင့်ဆုံး  အပြစ် ဒဏ် ၃နှစ် ထပ်မံ တိုးချလိုက်တယ်လို့ ဘားအံအကျဉ်းထောင်နဲ့ နီးစပ်သူ တဦးထံက သိရပါတယ်။

ပထမ အမှုတွေ ထောင်ဒဏ် ၇၇နှစ် ချမှတ်ထားပြီးနောက်ပုဒ်မနဲ့ ထပ်တိုးပြီး ယခုဒီဇင်ဘာလထဲမှာ စွဲ ချက် တင်ပြီး ချလိုက်တာကြောင့် ထောင်ဒဏ်နှစ် (၈၀) ဖြစ်သွားတာပါ။

ဒါအပြင် ယခုအမှုကို ရွေးကောက်ပွဲကာလ မဲမသမာမှုပြုလုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒဏ်သုံးနှစ်ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ဖော်ပြထားချက်နဲ့ ချမှတ်လိုက်တာလို့  ရှေ့နေတဦးထံက သိရပါတယ်။

ဒီအပြင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးလည်း ဖြစ်သလို ၁၉၉၀မှာ တကြိမ်၊၂၀၁၅မှာ အနိုင်ရပြီး ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာပီနောက် ပြီခဲ့တဲ့   ၂၀၂၀ ရွေးကောက်ပွဲအထိ ၃ကြိမ်ဆက်တိုက် အနိုင်ရခဲ့သူဖြစ်ပါတယ်။ 
 


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026