NEWS

စစ်အာဏာသိမ်းပြီးနောက် စက်ရုံအလုပ်ရုံအများစု နေ့စားခန့်အပ်မှုတွေပြုလုပ်လာ

CoverLogo
1K Views

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း  စက်ရုံအလုပ်ရုံအများစုရဲ့ လုပ်ငန်းရှင်တွေဟာ အလုပ်သမားခေါ်ယူရာမှ နေ့စားလုပ်သားအ​​ဖြစ်ခန့်အပ်မှုတွေပြုလုပ်လာတယ်လို့ စုံစမ်းသိရှိရပါတယ်။

'' ညီမတို့ကို လစားတင်မပေးဘူး။ မန်နေဂျာကနေတစ်ဆင့်ပြောတယ်။ နှစ်ပတ်ပဲဆက်ခန့်မယ်။ ညီမတို့လိုချင်တာက ဒီနှစ်ပတ်မှာလည်း တန်းတူအခွင့်အရေးလိုချင်တာပါ။ ညီမတို့နေ့စားသမားတွေက တန်းတူမရဘူး။ ညီမတို့ဆိုရင် တနင်္ဂနွေပိတ်ရက်အတွက်ဆိုပိုက်ဆံမပေးဘူး။  ရက်မှန်ကြေးတွေဘာတွေလည်း လခစား ၀န်ထမ်းတွေနဲ့အတူမပေးဘူး''လို့ PEP&CO နဲ့ Primark နာမည်ကြီး အမှတ်တံဆိပ် အထည်တွေက်ို ချုပ်လုပ်ပေးနေတဲ့ တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်တဲ့  GTIG HUASHENS Myanmar အထည်ချုပ်စက်ရုံက လုပ်သက်နှစ်လရှိ အလုပ်သမားတစ်ဦးကဆိုပါတယ်။

အဆိုပါစက်ရုံဟာ နေ့စားအလုပ်သမားခန့်အပ်မှုတွေ ပိုမိုပြုလုပ်လာပြီး နေ့စားလုပ်သားတွေကအခွင့်အရေးချိုးဖောက်ခံရတာတွေ တန်းတူအခွင့်အရေးမရရှိတာတွေကို ထုတ်ဖော်ပြောဆိုတာကြောင့်    နေ့စားလုပ်သား ၅၀ကျော်ကိုအလုပ်ကရပ်နားလိုက်တယ်လို့လည်း သိရပါတယ်။

အဲ့ဒီလိုနေ့စားလုပ်သားခန့်အပ်မှုတွေပိုမိုများပြားလာတာနဲ့ပတ်သက်ပြီး အလုပ်သမားရေးဆောင်ရွက်သူတစ်ဦးက "ဘာလို့ခန့်လာလဲဆိုရင် ဖြုတ်ချင်တိုင်းဖြုတ်လို့ရအောင်ခန့်လာတာ။ နေ့စားကျတော့  ဒီနေ့ဖြုတ်လည်းဒီနေ့ရတယ်။  မနက်ဖြန်ဖြုတ်လည်း မနက်ဖြန်ရတယ်။အဲ့တာကြောင့် နေ့စားတွေကိုခန့်လာတယ်။ နောက်တစ်ခုက နေ့စားလရှင်းကျတော့ သူတို့ကဒီနေ့ပြုတ်မလား မနက်ဖြန်ပြုတ်မလားမသိတော့ကျ သူတို့အခွင့်အရေးတွေချိုးဖောက်ခံနေရရင်တောင်မှ  မပြောတော့ဘူး။ အဲ့တာကြောင့်နေ့စားတွေခိုင်းတာများတယ်။  နောက်တစ်ခုကအလုပ်ကဖြုတ်လိုက်ရင်တောင်မှ နေ့စားဆိုတော့ လျော်ရမှာကနည်းတယ်လေ။ ပါမစ်နစ်ဆိုရင်နှစ်အလိုက်နစ်နာကြေးတွေပေးရတဲ့အခါကျတော့ မပေးချင်ဘူးပေါ့။ ရှိတယ်ရှိတယ်။ စက်ရုံတွေမှာသုံးပုံတစ်ပုံလောက်နေ့စားတွေရှိတယ်။ အတိအကျလည်းမသိရဘူး  သို့သော် အလုပ်တွေထုတ်ပစ်လိုက်ပြီဆိုရင် လူဦးရေကိုကြည့်လိုက်ရင်  သူတို့စက်ရုံရဲ့ လူဦးရေတော်တော်များများဒီလိုဖြစ်တယ်'' လို့ ဆိုပါတယ်။

စက်ရုံပိုင်ရှင်တွေဟာ  အလုပ်သမားတွေကို  လခစား၀န်ထမ်းအဖြစ်  ခန့်အပ်ခြင်းမပြုတော့ဘဲ  နေ့စား၀န်ထမ်းခန့်အပ်မှုတွေကိုသာ  ပြုလုပ်လာကြပြီး နေ့စားအလုပ်သမားတွေကို လခစား၀န်ထမ်းများ ခံစားခွင့်နဲ့မတူဘဲ ပိတ်ရက်မရရှိခြင်း အချိန်ပိုကြေးမရရှိခြင်း ရက်မှန်ကြေးမရရှိခြင်းစတဲ့ ရပိုင်ခွင့်ခံစားခွင့် တွေမပေးဘဲ  မလိုချင်တော့ရင် ချက်ခြင်းဆိုသလို နစ်နာကြေးပေးဆောင်ခြင်းမရှိဘဲ ထုတ်ပယ်မှုတွေကို ဆက်တိုက်ပြုလုပ်လာကြတယ်လို့ သိရပါတယ်။

'' နေ့စားလရှင်းဆိုတာကြီးပဲ အလုပ်သမားများစုက အလုပ်ရှင်တွေက အခုနောက်ပိုင်း သူတို့မလိုရင် မလိုသလိုမျိုးဖြုတ်နေကြတာ လိုသုံးသဘောပေါ့။ အထည်အရေးကြီးရင် လူသစ်ခေါ်တယ် နေ့စားလရှင်းပေါ့ တစ်ချို့ဆို နေ့စားကို တစ်ပါတ်ပြည့်မှ နေ့စားခရှင်းပေးတာ အထည်ကအရေးမကြီးတော့ဘူး သူတို့လိုချင်တဲ့ တားဂတ်ပြည့်ပြီဆိုရင် အဲ့ဒီအလုပ်သမားကို အလုပ်ဖြုတ်လိုက်တာ'' လို့ အထည်ချုပ်အလုပ်သမားတစ်ဦးကဆိုပါတယ်။

အခုလိုနေ့စားလရှင်းခန့်အပ်မှုတွေဟာ ယခုနောက်ပိုင်းပိုမိုများပြားလာတာဖြစ်ပြီး ခန့်အပ်မှုတွေဟာလည်း စက်ရုံတစ်ရုံရဲ့ လူဦးရေ သုံးပုံတစ်ပုံကနေ စက်ရုံတစ်ရုံရဲ့ လူဦးရေထက်ဝက်​ကျော်အထိ ပြုလုပ်လာကြတာဖြစ်တယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026