NEWS

စစ်မှုထမ်းရှောင်ရှားတဲ့သံသယနဲ့ ရန်ကုန်လေဆိပ်မှာ ပြည်ပသို့ထွက်မဲ့အလုပ်သမား ၄၀ ကျော်တားဆီးခံရ

CoverLogo
694 Views
အာဏာသိမ်းစစ်ကောင်စီက ပြည်ပသို့ထွက်ခွာအလုပ်လုပ်ခွင့်တွေကို ကန့်သတ်ပိတ်ပင်လျှက်ရှိရာ မနေ့ကသြဂုတ် ၁ ရက်နေ့ကလည်း စစ်မှုထမ်းဖို့ရှောင်ရှားတယ်ဆိုတဲ့ သံသယနဲ့ပြည်ပသို့ထွက်ခွာအလုပ်လုပ် မဲ့အလုပ်သမား ၄၀ကျော်ကို တားဆီးခဲ့တာကြောင့် ရန်ကုန်လေဆိပ်ကနေလှည့်ပြန်ခဲ့ရတယ်လို့ သိရပါတယ်။
 
"ဟုတ်တယ်အဲလိုဖြစ်သွားတယ်လို့ကြားရတယ်။ သူတို့ကတော့ စစ်မှုထမ်းဖို့ရှောင်တယ်ထင်မှာပေါ့ အသက်အရွယ်အပိုင်းခြားကလည်းရှိနေတာကိုး။ တစ်ကယ်က OWIC ကတ်အတုမိသွားတာကနေစတာပါ။ ကတ်အတုကိုဘယ်ကလုပ်လဲဆိုတော့ OSS ကနေလုပ်တယ်ဆိုတော့ OSS တွေအကုန်ပိတ်တော့ အေဂျင်စီတွေပါထိကုန်တယ်။ ခုမနက်တော့အမှန်တွေထွက်ခွင့်ရမယ်လို့ ကြားရပါတယ်"လို့ ပြည်ပအလုပ်သမားစေလွှတ်နေတဲ့ လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။
 
အဆိုပါအလုပ်သမား ၄၀ ကျော်ဟာ ပြည်ပတွင် အလုပ်လုပ်ကိုင်ခဲ့ဖူးပြီး အကြောင်းအမျိုးမျိုးဖြင့် အိမ်ပြန်လာ သူများဖြစ်ကာ လုပ်ငန်းရှင်နဲ့ပြန်လည်ချိတ်ဆက်ပြီးပြန်ထွက်သူများလည်းပါ၀င်သလို စစ်ကောင်စီ ကပြည်ပပြန်ထွက်ခွင့်ပိတ်လိုက်တဲ့ အသက်အရွယ်ကန့်သတ်ချက်များလည်းပါ၀င်နေတယ်လို့သိရပါတယ်။
 
ဒါ့အပြင်ရန်ကုန်လေဆိပ်တွင်လေယာဉ်ပေါ် တက်ခွင့်မရလိုက်သူအလုပ်သမား ၄၀ကျော်ထဲမှာ အေဂျင်စီ ၅ ခုနှင့် ချိတ်ဆက်လုပ်ကိုင်နေသူများလည်း ပါ၀င်နေပြီးသေချာစစ်ဆေးခြင်းမပြုလုပ်ဘဲ OSS (One Stop Services)ကိုပါစစ်ဆေးခဲ့တာကြောင့် လုပ်ထားတဲ့ အေဂျင်စီ၅ခုကိုပါစစ်ဆေးခံခဲ့ရတာကြောင့် အဆင်မပြေဖြစ်ကာ ဂျပန်အပါအဝင်ပြည်ပနိုင်ငံအသီးသီးသို့ တိုက်ရိုက်လေကြောင်း၊ တစ်ဆင့်ခံလေကြောင်းများဖြင့် သွားရောက်မည့် အလုပ်သမားများအတွက် လေယာဉ်လက်မှတ်များ ဆုံးရှုံးခဲ့ကြတယ်လို့ သိရပါတယ်။
 
OWIC ကတ်အတုကို OSS (One Stop Services)ကနေပြုလုပ်ခဲ့ကြတာကြောင့် တစ်နေရာတည်းတွင် အလုံးစုံဝန်ဆောင်မှုပေးတဲ့ OSS (One Stop Services)မှာ အထောက်အထားလက်မှတ် လျှောက်ထားခဲ့သူများအားလုံးကို ပြည်ပထွက်ခွင့် ပိတ်ပင်ခံလိုက်ရခြင်းဖြစ်တယ်လို့ အေဂျင်စီအချို့ကဆိုပါတယ်။
 
"အမှန်ကတော့ စစ်မှုမထမ်းချင်လို့ ထွက်တဲ့ကလေးတွေ ပါတယ်ဆိုပြီး သံသယနဲ့စစ်တာ။ စစ်ရင်းကတ်အတုမိပြီး One Stop Service နဲ့အကုန်လုံး ပိတ်တယ်ဆိုပြီးလုပ်ပစ်လိုက်တော့၊ One Stop Service နဲ့ လွှတ်တဲ့အေဂျင်စီတွေပါ အစစ်ဆေးခံရတယ် လို့ အမည်မဖော်လိုသူတစ်ဦးကဆိုပါတယ်။
 
အလုပ်သမားများပြည်ပပြန်ထွက်မည်ဆိုပါက စစ်ကောင်စီ ထုတ်ပေးတဲ့ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) လျှောက်ထားရရှိပြီးမှသာထွက်ခွာခွင့်ရရှိမှာဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အခွန်ပေးဆောင်ထားမှု၊ အလုပ်လုပ်ခွင့်ပါမစ်နှင့် လိုအပ်တဲ့ အထောက်အထားများ ပြသနိုင်သူကို ရန်ကုန်၊ မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားရုံးတွင် One Stop Service ဖြင့် OWIC ကဒ်ထုတ်ပေးခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
 
စစ်ကောင်စီက သက် ၃၅ နှစ်အောက် အမျိုးသားများ၊ ၂၇ နှစ်အောက် အမျိုးသမီးများ စစ်ထဲဝင်ရမည့် စစ်မူမထမ်းမနေရအမိန့်ထုတ်ပြန်ပြီးနောက် ပြည်ပထွက်အလုပ်လုပ်မည့် အလုပ်သမားတွေရဲ့ အသက်အရွယ်အပိုင်းအခြားကိုလည်း ကန့်သတ်လိုက်ကာပြည်ပနိုင်ငံများသို့ အလည်အပတ်ဖြင့်ထွက်ခွာမှုကိုလည်း ပိတ်ပင်လိုက်တဲ့အပြင် PJ to PV ပြောင်းလဲမှုကိုလည်း ပြုလုပ်ခွင့်မပေးတော့ဘဲ ပိတ်ပင်ထားတာပဲဖြစ်ပါတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ဇူလိုင် ၃၀ ရက်ကလည်း ထိုင်းနိုင်ငံတွင် နှစ်နိုင်ငံသဘောတူညီမှု (MoU) စနစ်ဖြင့် ၀င်ရောက်အလုပ်လုပ်နေတဲ့ အလုပ်သမားများကို လေးနှစ်ပြည့်၍ ပြည်တွင်းပြန်လာပြီး MoU U-Turn စနစ်ဖြင့် သက်တမ်းတိုးပြန်လည်ထွက်ခွာရန် မိမိတို့မိသားစုထံသို့ စစ်ကောင်စီလက်အောက်ခံ တရားဝင်ဘဏ်စာရင်းမှ တရား၀င်ငွေလွှဲထားတဲ့ အထောက်အထားပြသနိုင်ရမယ်လို့လည်း စည်းကမ်းချက်အသစ် ထပ်တိုးထုတ်ပြန်ထားပါသေးတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026