NEWS

စစ်မှုထမ်းရန် အမျိုးသမီးများကိုစာရင်းကောက်ယူနေခြင်းမရှိဘူးလို့ စစ်ကောင်စီငြင်းဆိုပေမဲ့ ရပ်ကွက်အချို့မှာအမျိုးသမီးတွေကို စစ်မှုထမ်း ဆင့်ခေါ်မှုတွေရှိနေ

CoverLogo
419 Views
 
စစ်ကောင်စီရဲ့ စစ်မူထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းဆောင်ဖို့အတွက် အမျိုးသမီးများကို စာရင်းကောက်ယူနေခြင်း မရှိသေးဘူးလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ကြေငြာလိုက်ပေမဲ့ ရပ်ကွက်အချို့မှာတော့ အမျိုးသမီးဆင့်ခေါ်မှုတွေအထိပါရှိလာတယ်လို့ သိရပါတယ်။
"သူတို့ကမဟုတ်ဘူးဆိုပြီးသတင်းထုတ်ပြန်တာ တို့သင်္ဃန်းကျွန်းမှာဆိုရင် ဆင့်ခေါ်တာတွေအထိရှိနေပြီ။ ဆင့်ခေါ်စာနဲ့ကိုခေါ်တာ။ စစ်မှုထမ်းကိစ္စအတွက်ဆိုပြီးတောင် စာမှာပါသေး။ သူကတော့ဆွေးနွေးညှိနှိုင်းဖို့ဆိုပြီး အစည်းအဝေးခေါ်တာ။ ကောင်မလေးက စက်ရုံမှာလုပ်တာမဟုတ်ဘူး။ အပြင်ကအလုပ်ကုမ္ပဏီလည်းမဟုတ်ဘူး။ ဘယ်လိုဖြစ်မယ်တော့မသိဘူး"လို့ သင်္ဃန်းကျွန်းမြို့နယ်မှ ရပ်ကွက်နေပြည်သူတစ်ဦးကဆိုပါတယ်။
ဇန္နဝါရီ ၂၉ရက်နေ့က စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် အမျိုးသမီးများကို စာရင်းကောက်ယူမှုတွေရှိနေတာနဲ့ပတ်သက်ပြီး သတင်းမီဒီယာအချို့ရဲ့ မေးမြန်းမှုတွေ အပေါ် စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ရှင်းလင်းထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါရှင်းလင်းချက်အရ ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် အမျိုးသမီးများကို စာရင်းကောက်ယူနေခြင်း မရှိသေးကြောင်းဘူးလို့ ငြင်းဆိုလိုက်တာဖြစ်ပေမဲ့ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်နှင့် မှော်ဘီမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ လှိုင်သာယာနဲ့ ရွှေပြည်သာ စတဲ့မြို့နယ်တွေက ရပ်ကွက်အချို့မှာတော့ အမျိုးသမီးများ၏ စာရင်းများ ပါရှိနေသလို ရပ်ကွက်ရုံးသို့ဆင့်ခေါ်မှုတွေပါရှိလာတယ်လို့ Myanmar Labour News မှစုံစမ်းသိရှိရသလို စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာအချို့ကပါ စုံစမ်းဖော်ပြထားလာတာတွေ့ရပါတယ်။
မြို့နယ်အချို့တွင် စစ်မှုထမ်းရန် အမျိုးသမီး စာရင်းအချို့ ရပ်ကွက်ရုံးသို့ ရောက်ရှိနေသည်ဟူသော ပြောဆိုမှုအချို့လည်း ရှိနေသလို စစ်မူထမ်းအတွက်အစည်းဝေးဖိတ်ကြားခြင်းဟူသောဆင့်ခေါ်စာများနဲ့ စစ်မူထမ်းဖို့အတွက် အမျိုးသမီးပါအလှည့်ရောက်ရှိလာပြီဖြစ်လို့ သန်ခေါင်စာရင်းမိတ္တူတောင်းယူတာရှိသလို နောက်ဆုံးတိုင်ကြားထားတဲ့ ဧည့်စာရင်းမိတ္တူတောင်းယူတာတွေလည်းရှိနေတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီကတော့ မီဒီယာ တွေက ပြည်သူ့စစ်မှုထမ်း ဆောင်ခြင်းနှင့်ပတ်သက်ပြီး အများပြည်သူ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်စေဖို့ ကောလာဟလသတင်း များဖြင့်ဝါဒဖြန့်လှုံ့ဆော်နေခြင်းသာဖြစ်တယ်လို့ ရှင်းလင်းချက်မှာ ထည့်သွင်းတုံ့ပြန်ထားတာဖြစ်ပါတယ်။

Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026