NEWS

စစ်မှုထမ်းပြီးပါက ပြည်တွင်း အလုပ်သာမက ပြည်ပအလုပ်အကိုင်ရရှိဖို့ပါ လုပ်ဆောင်ပေးမယ်လို့ စစ်ကော်မရှင်စည်းရုံး

CoverLogo
457 Views
 
ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်တဲ့ သူတွေကို ပြည်တွင်း အလုပ်သာမက ပြည်ပအလုပ်အကိုင်ရရှိဖို့ပါ လုပ်ဆောင်ပေးမယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်စည်းရုံးတာတွေ ပြုလုပ်လျက်ရှိပါတယ်။
 
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှု ကော်မတီ ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေး ကို အောက်တိုဘာ ၂၃ရက်က ပြုလုပ်ခဲ့တာမှာစစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှု ကော်မတီ ဗိုလ်ချုပ်မောင်မောင်အေး ကပြောကြားခဲ့တာဖြစ်ပါတယ်။
 
စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီး ပြန်လည်နေရာချထားမှု ခံယူလိုတဲ့ အမြဲတမ်းစစ်မှုထမ်းများနဲ့ ပြည်သူ့စစ်မှုထမ်းများ ကို အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းမှ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေး ၊အသက်မွေးဝမ်းကျောင်းသင်တန်းအလိုက် အသိအမှတ်ပြုလက်မှတ်ကို အစိုးရဌာန၊ကုမ္ပဏီ၊ပုဂ္ဂလိက လုပ်ငန်းများ မှ အသိအမှတ်ပြု
အလုပ်နေရာ ခန့်ထားပေးရေး၊ အလုပ်သမားဝန်ကြီးဌာန မှ ပြည်တွင်း အလုပ်သမားကတ် labour card ပြုလုပ်ထုတ်ပေးခြင်း၊ ပြည်ပအလုပ်အကိုင်ရရှိရန် ပြည်ပအလုပ်သမားကတ် (OWIC)ကတ် ထုတ်ပေးခြင်း၊ အေဂျင်စီတွေနဲ့ ဆက်သွယ် ၍ အလုပ်အကိုင်ရှာဖွေခြင်း တွေကို အလုပ်သမားဝန်ကြီးဌာန မှညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ စစ်မှုမထမ်းခင်က လုပ်ဆောင်ခဲ့တဲ့ အစိုးရဌာန၊ ကုမ္ပဏီ၊ ပုဂ္ဂလိက လုပ်ငန်း အဖွဲ့စည်းတွေမှာ မူလအလုပ်အကိုင်နဲ့ လုပ်ငန်းနေရာ အလိုက်ပြန်လည် ခန့်ထားရေးစတာတွေ ဆောင်ရွက်ပေးရမယ်လို့ဆိုပါတယ်။
 
လက်ရှိမှာ စစ်ကော်မရှင်က ပြည်တွင်းမှ အသက်၁၈မှ၃၅နှစ် အတွင်းရှိ လူငယ်တွေ ကို တရားဝင် ပြည်ပထွက် အလုပ်လုပ်ကိုင်ခွင့်ကို ကန့်သက် ပိတ်ပင်ထားပြီး ပြည်တွင်း မှာ အလုပ်လုပ်ကိုင်နေတဲ့ လူငယ်တွေ ကို တော့ စစ်မှုထမ်း ဖို့ အဓမ္မစစ်မှုထမ်း ဖို့ခေါ်ဆောင်တာတွေ လုပ်ဆောင်လျက်ရှိပါတယ်။
 
ပြည်သူ့စစ်မှုထမ်းဥပဒေ ကို ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီ ၁၀ ရက်မှာ စစ်ကောင်စီက စတင်အသက်ဝင် ကြောင်း ကြေညာခဲ့ပြီး နောက် မြန်မာနိုင်ငံတစ်ဝှမ်း က မြို့နယ် တွေ မှာ စစ်မှုထမ်းရန် သတ်မှတ်ထားတဲ့ အသက်နဲ့ကိုက်ညီတဲ့ လူငယ်တွေကိုစာရင်းကောက်ယူ ပြီး စစ်မှုထမ်းဖို့ ခေါ်ဆောင်သလို ပြင်ပမှာ သွားလာနေတဲ့ လူငယ်တွေကိုပါ ဖမ်းဆီးခေါ်ဆောင်ပြီး ဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းဖို့ လုပ်ဆောင်ခိုင်းလျက်ရှိပါတယ်။
 
စစ်မှုထမ်းကာလကို ၂နှစ်အထိ သတ်မှတ်ထားပြီး အရေးပေါ်ကာလ အခြေနေ ဆိုပါက စစ်မှုထမ်းကာလကို ၅နှစ်အထိ သက်တမ်းတိုးနိုင်ကာ စစ်မှုထမ်းရန် ငြင်းဆိုပါက ထောင်ဒဏ် ၅နှစ် အထိ ချမှတ်နိုင်တယ်လို့ ဥပဒေမှာပြဌာန်းထားပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026