NEWS

စစ်တပ်ခေါ် ခြိမ်းခြောက်သည့် အထည်ချုပ်စက်ရုံအလုပ်သမားများ လုပ်ခလစာမရသေးဟုဆို

CoverLogo
906 Views

ဇန်နဝါရီလကတည်းက ရရှိရမယ့်  လုပ်ခလစာ၂လစာတောင်းယူတာကို စက်ရုံပိုင်ရှင် အမျိုးသမီးက စစ်တပ်ခေါ်ပြီးခြိမ်းခြောက် ခံခဲ့ရတဲ့  Likes View Tex Garment Co.Ltd အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ လက်ရှိအချိန်အထိ ကျန်ရှိ‌နေတဲ့ လစာမရရှိသေးဘူးလို့ သိရပါတယ်။

လုပ်ခလစာ မပေးတဲ့အတွက် အလုပ်သမားတွေဘက်က လှိုင်သာယာမြို့နယ် အလုပ်သမားရုံးကို တိုင်ကြားထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

"အခု မြို့နယ်မှူးကနေ တဆင့် တောင်းထားတယ် ဒီလ၂၀ရက်နေ့ ပေးမယ်ပြောပေမယ့် သူ့တို့ကြည့်ရတာ ပေးမယ့်ပုံမပေါ်ဘူး"လို့  အထည်ချုပ် စက်ရုံဝန်ထမ်းတဦးက ပြောပါတယ်။

စက်ရုံအလုပ်သမား‌တွေ နဲ့ ပိုင်ရှင်ဆိုသူ အမျိုးသမီးတို့ နှစ်ဖက်ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ အပ်ထည်ချုပ်ပြီးသွားရင် လုပ်ခလစာ အပြည့်ပေးချေပါ့မယ်လို့ ပါရှိပေမယ့် လက်ရှိအချိန်အထိ ပေးချေတာမရှိတဲ့အတွက် အခုလို တိုင်ကြားရတာဖြစ်တယ်လို့ စက်ရုံအလုပ်သမားတွေက ပြောဆိုပါတယ်။

"သူက ဟိုတစ ဒီတစ ပေးချင်တာ ၊ အလုပ်သမားရုံးမှာကြတော့စက်ရုံက ပစ္စည်းတွေရောင်းပြီး ပေးမယ်လို့ ပြောပေမယ့် အခုမီးစက်ကြီးကို ကျွန်မတို့ ရှေ့တင် ရောင်းတာပဲ။ အဲ့ဒါကိုခုထိမပေးသေးဘူး"လို့ စက်ရုံ အလုပ်သမားတဦးက ပြောပါတယ်။

အဲဒီ စက်ရုံက‌နေ ကျန်ရှိ‌နေတဲ့ လစာ၂လစာ နီးပါးမရရှိသေးတဲ့ အလုပ်သမားဦးရေဟာ ရာဂဏန်းနီးပါးရှိနေပြီး စက်ရုံပိုင်ရှင်ဆိုသူအမျိုးသမီးကို တရားစွဲဆိုဖို့ ပြင်ဆင်နေတဲ့ အလုပ်သမားတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

လစာပေးချေရမယ့် အလုပ်သမားတွေကို လုပ်ခလစာမပေးသေးပေမယ့် စက်ရုံဘက်က အလုပ်သမား အသစ်တွေခေါ်ယူလုပ်ကိုင်နေတယ်လို့လည်း အလုပ်သမားတွေဘက်က​ ပြောပါတယ်။

"အရင်ကဆို မပေးဘဲနေလို့ မရဘူး။ အခုကျတော့ သူကပြန်တာတောင် မီးတန်းယာဥ်နဲ့ ပြန်တာ ။ အလုပ်သမားတွေကိုလည်းခြောက်ထားတော့ အလုပ်သမားရုံးသွားတိုင်ရတာ"လို့ လစာမရသေးတဲ့ အလုပ်သမားတဦးက ပြောပါတယ်။

အဲဒီစက်ရုံကတော့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မွေးမြူးရေးဇုန် (၅) ၊ အမှတ် ၆ ၊ ရွှေရင်အေးဘုရားလမ်းက  Likes View Tex Garment Co.Ltd အမည်နဲ့ လုပ်ကိုင်နေတာဖြစ်ပြီး ရွှေပြည်သာဘက်က အပ်ထည်တွေ ချုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
Myanmar Huasheng Golden Fashion အလုပ်သမား ၂၀၀ နီးပါးအား အလုပ်ထုတ်
Nov 15, 2025
Cover
Lita Myanmar အထည်ချုပ် စနေနေ့အတွက်ဆိုပြီး အချိန်ပိုနာရီမှ ဖြတ်ယူ
Nov 15, 2025
Cover
Win Land အထည်ချုပ်စက်ရုံအလုပ်သမားများ အလုပ်ချိန် ၇ နာရီ တဆက်တည်း လုပ်ကိုင်နေရ
Nov 15, 2025
Cover
Shuangxi Myanmar Garment စက်ရုံ အလုပ်သမားတဦး နှစ်ပွိုင့် ချုပ်ခိုင်းပြီး စံချိန်တောင်း
Nov 15, 2025
Cover
လုပ်ငန်းခွင်ဆိုင်ရာ ဥပဒေချိုးဖောက်မှုများဖြေရှင်းပေးဖို့ အလုပ်သမားတွေလိုလားနေ
Nov 13, 2025
Cover
Long Pine Co.,Ltd အထည်ချုပ် ခွင့်ရက် မပေးဘဲ အလုပ်ထုတ်
Nov 12, 2025
Cover
FUANLAI Laos စက်ရုံလျော်ကြေးတောင်းဆိုမှု မြန်မာသံရုံး ဖြေရှင်း မပေး
Nov 10, 2025
Cover
Everlao အထည်ချုပ်စက်ရုံ မြန်မာအလုပ်သမားများအား ခွဲခြားဆက်ဆံနေ
Nov 10, 2025