NEWS

စစ်ကောင်စီသို့ အခွန်အခနှင့် အာမခံကြေးများ မပေးသွင်းရန် အပါအဝင် အလုပ်အကိုင်အကျိုးဆောင် အေဂျင်စီများလိုက်နာဆောင်ရွက်ရမည့် အချက်များ NUG ထုတ်ပြန်

CoverLogo
1.8K Views

အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အတူ ပြည်သူတစ်ရပ်လုံးက စစ်အာဏာရှင်ကို နည်းလမ်းမျိုးစုံအသုံးပြု တွန်းလှန်နေတဲ့ ကာလဖြစ်တာကြောင့်  ပြည်တွင်း အလုပ်အကိုင်အကျိုးဆောင်အေဂျင်စီတွေနဲ့  ပြည်ပ အလုပ်အကိုင်အကျိုးဆောင်အေဂျင်စီတွေ အနေနဲ့  ပြည်သူ့အုပ်ချုပ်ရေး အာဏာ ပြန်လည်ထူထောင်နိုင်တဲ့ အချိန်အထိ လိုက်နာ ဆောင်ရွက်နိုင်ဖို့ အချက် ၅ ချက်ကိုထုတ်ပြန်ခဲ့တာလို့ သိရပါတယ်။

ထိုင်းနိုင်ငံကို အလုပ်သမားစေလွှတ်တာကြောင့် အလုပ်သမားပေးဆောင်ရမယ့် ဝန်ဆောင်ခ ကျပ် ၁၅၀,၀၀၀ ကနေ ကျပ် ၃၀၀,၀၀၀ အထိ တိုးမြှင့် သတ်မှတ်တာနဲ့ ထိုင်းနိုင်ငံမှာ အလုပ်သမားကျခံရမယ့်  ကုန်ကျစရိတ် တွေနဲ့ ပတ်သက်ပြီး အလုပ်သမားတွေ သက်သာဖို့ သက်ဆိုင်ရာ နိုင်ငံအစိုးရနဲ့  ညှိနှိုင်းဆောင်ရွက်တာ မပြုုလုပ်ပဲ  တိုးမြှင့်လိုက်တဲ့ အတွက် အလုပ်သမားတွေဆီက ကောက်ခံပြီး စေလွှတ်ဖို့ စီစဉ်ဆောင်ရွက်တဲ့အပေါ်ကိုလည်း  အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ပြင်းထန်စွာ ရှုံ့ချကန့်ကွက်ကြောင်းနဲ့ ပြည်ပအလုပ် အကိုင်အကျိုးဆောင် အေဂျင်စီတွေအနေနဲ့ လိုက်နာဆောင်ရွက်တာတေါ မပြုလုပ်ဖို့  ထုတ်ပြန်ချက်မှာ အသိပေး အကြောင်းကြားထားတာဖြစ်ပါတယ်။ 


စစ်ကောင်စီကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ခဲ့ပြီး ထပ်မံအသွင်ပြောင်း ဖွဲ့စည်းတဲ့ အိမ်စောင့်အစိုးရအဖွဲ့နဲ့ လက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့ အစည်း အဆင့်ဆင့်အပါအဝင် အာဏာသိမ်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြု ရေးနဲ့ တရားစီရင်ရေးဆောင်ရွက်ချက်တွေဟာလည်း  လုံးဝ(လုံးဝ) တရားမဝင်တာကို ထုတ်ပြန်ကြေညာထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ထုတ်ပြန်ချက်အပြည့်အစုံမှာ


ပြည်တွင်း အလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများ နှင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီများ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် စပ်လျဉ်း၍ အသိပေးကြေညာခြင်း


၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ အမိန့်ကြေညာချက် အမှတ်(၁/၂၀၂၁) အရ တရားမဝင် စစ်အုပ်ချုပ်ရေးယန္တယား တစ်ခုလုံးအား အပြီးတိုင်ဖျက်သိမ်းပစ် ရန် လိုအပ်လာခြင်းဟူသော ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသည့် အခြေအနေ အရပ်ရပ်ကြောင့် ပြည်သူ့ အုပ်ချုပ်ရေးအာဏာပြန်လည် ထူထောင်နိုင်သည့်အချိန်ထိ နိုင်ငံတစ်ဝန်းလုံးအား အရေးပေါ်အခြေ အနေအဖြစ် သတ်မှတ်ထားပြီးဖြစ်ပါသည်။ 


၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ကြေညာချက်အမှတ် (၁၀/၂၀၂၁) ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံသူ/နိုင်ငံသား များအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပါ အကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိသည့် “နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ” အား “အကြမ်းဖက်အုပ်စု" အဖြစ် သတ်မှတ်ခဲ့ပြီး ထပ်မံ အသွင်ပြောင်းဖွဲ့စည်းသည့် အိမ်စောင့်အစိုးရအဖွဲ့နှင့် လက်အောက် ခံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဆင့် ဆင့်အပါအဝင် ယင်းအာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ဆောင်ရွက်ချက်များသည် လုံးဝ(လုံးဝ) တရားမဝင်ပါကြောင်း ထုတ်ပြန်ကြေညာ ထားပြီး ဖြစ်ပါသည်။


၃။ ယခု အချိန်အခါသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် အတူ ပြည်သူတစ်ရပ်လုံးမှစစ်အာဏာ ရှင်ကို နည်းလမ်းမျိုးစုံအသုံးပြု၍တွန်းလှန်နေသည့် ကာလဖြစ်သည့်အားလျော်စွာ ပြည်တွင်းအလုပ် အကိုင် အကျိုးဆောင် အေဂျင်စီများနှင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများ အနေဖြင့် ပြည်သူ့အုပ်ချုပ်ရေး အာဏာ ပြန်လည်ထူထောင်နိုင်သည့် အချိန်ထိ အောက်ပါအတိုင်း လိုက်နာ ပူးပေါင်းဆောင်ရွက်ရန် အသိပေးအပ်ပါသည် -


(က) စစ်ကောင်စီထံ ကုမ္ပဏီနှင့် အေဂျင်စီလိုင်စင်သက်တမ်းတိုးခြင်း၊ အသစ်လျှောက်ထား
ခြင်း မပြုရန်၊
(ခ) စစ်ကောင်စီသို့ အခွန်အခနှင့် အာမခံကြေးများ မပေးသွင်းရန်၊
(ဂ) အလုပ်အကိုင်ရှာဖွေပေးရေးနှင့်စပ်လျဉ်း၍ အလုပ်သမားများ၏ အခွင့်အရေး အပြည့်အဝ ရရှိစေရေး နှင့် နစ်နာဆုံးရှုံးမှုများ မရှိစေရေး ဦးစားပေး စီမံဆောင်ရွက်ရန်နှင့် မိမိတာဝန်ယူအကျိုးဆောင်ခဲ့သည့် အလုပ်သမား များအပေါ် အခွင့်အရေး ချိုးဖောက် ခံရမှုများနှင့် အလုပ်သမားရေးရာ ပြဿနာရပ်များ ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ လိုက်ပါကူညီဖြေရှင်း ဆောင်ရွက်ပေးရန်၊  
(ဃ) သက်ဆိုင်ရာနိုင်ငံရှိ အလုပ်ရှင်က ကျခံရမည့် ဝန်ဆောင်ခကို အလုပ်သမားထံမှကောက်ခံခြင်း မပြုဘဲ ဥပဒေပါအတိုင်း အလုပ်ရှင်မှကျခံနိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ 
(င) ပြည်တွင်းအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများ နှင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီ များ အနေ ဖြင့်မိမိတို့၏လုပ်ငန်းလိုင်စင်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနထံ မှတ်ပုံတင်ပြန်လည်လျှောက်ထားရန်။ 
၄။ အထက်အပိုဒ် (၃) ပါအချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့် ကုမ္ပဏီနှင့် အေဂျင်စီ များကို ဝန်ကြီးဌာန၏ စီမံခန့်ခွဲရေးနည်းလမ်းအရ အမည်ပျက်စာရင်း (Blacklist) ထည့်သွင်း၍ ရာသက်ပန် လုပ်ငန်းလိုင်စင် ပိတ်သိမ်းမည်ဖြစ်ပြီး အဆိုပါ အမည်ပျက်စာရင်း (Blacklist) အား အများပြည်သူ့သိရှိနိုင်စေရန် ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။ 
၅။ ထို့ပြင် Coved - 19 ကပ်ရောဂါကြောင့် စီးပွားရေးအကြပ်အတည်းဖြစ်နေချိန် အကြမ်းဖက် စစ်ကောင်စီမှ မတရားအာဏာသိမ်းခဲ့မှုကြောင့် အခက်အခဲများစွာနှင့် ကြုံတွေ့နေရသည့် မြန်မာ ပြည်သူများအပေါ် စာနာထောက်ထားငဲ့ညာမှုမရှိဘဲ ထိုင်းနိုင်ငံသို့အလုပ်သမားစေလွှတ်ခြင်းအတွက် အလုပ်သမားပေးဆောင်ရမည့် ဝန်ဆောင်ခ ကျပ် ၁၅၀,၀၀၀ မှ ကျပ် ၃၀၀,၀၀၀ သို့ တိုးမြှင့် သတ်မှတ်ခြင်းနှင့် ထိုင်းဘက်ခြမ်းတွင် အလုပ်သမား ကျခံရမည့် ကုန်ကျစရိတ်များနှင့်စပ်လျဉ်း၍ အလုပ်သမားများ သက်သာမှုရှိစေရေး သက်ဆိုင်ရာ နိုင်ငံအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းမပြုဘဲ တိုးမြှင့်လိုက်သည့် ကုန်ကျစရိတ်များအတိုင်း အလုပ်သမားများထံမှ ကောက်ခံ၍ စေလွှတ်ရန် စီစဉ်ဆောင်ရွက်နေမှုအပေါ် မိမိတို့ ဝန်ကြီးဌာနမှ ပြင်းထန်စွာ ရှုံ့ချကန့်ကွက် ကြောင်းနှင့် ပြည်ပအလုပ် အကိုင်အကျိုးဆောင် အေဂျင်စီများအနေဖြင့်လည်း လိုက်နာဆောင်ရွက်ခြင်း မပြုရန် အသိပေး အကြောင်းကြားသည်လို့ ပါရှိပါတယ်။ 



 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026