NEWS

စစ်ကောင်စီရဲ့ညမထွက်ရအမိန့် တညတာ ပယ်ဖျက်မှုအပေါ် လူငယ်တွေယုံကြည်မှုမရှိဟုဆို

CoverLogo
481 Views

စစ်ကောင်စီရဲ့ ညမထွက်ရအမိန့် ကို ရန်ကုန်တိုင်းဒေသကြီးရဲ့  နှစ်သစ်ကူးည ဒီဇင်ဘာ ၃၁ ရက်နေ့ တစ်ရက်တာပယ်ဖျက်မှုအပေါ် လူငယ်တွေအနေနဲ့  စိုးရိမ်မှုအပြည့်နဲ့ သာ ရင်ဆိုင်ကျော်ဖြတ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒီဇင်ဘာလ ၁၀ ရက်နောက်ပိုင်းမှာ ရန်ကုန်မြို့ရဲ့ရပ်ကွက်တွေမှာ လူငယ် အပျောက်များခဲ့သလို လူပျောက်ရှာဖွေခဲ့ရမှုတွေအပြင် လူငယ်အများစု ဖမ်းဆီးခံကြရတာတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင်လူငယ်များအစုအဖွဲ့လိုက်ဖမ်းဆီးခံကြရပြီး တစ်ဦးလျှင်ငွေကျပ် အနည်းဆုံး ၅သိန်းမှ ကျပ်သိန်း ၂၀အထိ ပေးဆောင်ပြီးမှ ပြန်လွတ်လာခဲ့ရတဲ့ လူငယ်တွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလိုမျိုးဖြစ်ပွားမှုတွေကြောင့် လူငယ်တွေဟာ စက်ရုံအလုပ်ရုံတွေနဲ့ အလုပ်ဌာန တွေပိတ်ရက်ရပေမဲ့ စစ်ကောင်စီရဲ့ တပ်သားစုဆောင်းနေတဲ့အပေါ် စိုးရိမ်တာကြောင့် အပြင်မထွက်ရဲဘဲ မိမိနေအိမ်များအဆောင်များမှာသာ အနားယူနေကြရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

"ကျွန်တော်တို့တော့အလုပ်ပိတ်လို့ဆိုပြီး အပြင်ထွက်မလည်ရဲပါဘူးဗျာ။ နေ့ဘက်ထွက်ပြီးစောစောပြန်ရမယ်။ သူတို့ညမထွက်ရအမိန့်ပယ်ဖျက်တာက စိတ်ပူရတယ်။ ညပွဲကအပြန်အိမ်ပြန်မရောက်ဘဲ စစ်သားပဲလုပ်နေရ မလား ငွေပဲညှစ်ခံနေရမလားမယုံရဲပါဘူး။ သူတို့ဘာထုတ်ထုတ်အောက်ကစစ်သားတွေက သေနတ်ပြပြီးလုပ် ချင်တာလုပ်နေကြတာ။ ကျွန်တော်တု့ိတော့မထွက်ရဲပါဘူး"လို့ ရန်ကုန်မြို့ကအလုပ်သမားတစ်ဦးကပြောပါတယ်။

"သူတို့တပ်သားစုတာကပေါ်တင်ကြီးကြောက်စရာ။ ငွေရှိတဲ့သူ အကပ်ရှိတဲ့သူတွေကတော့ ထွက်ရဲလည်ရဲတာ ပေါ့။ ကျွန်တော်တို့ကတော့တစ်နေ့လုပ်တစ်နေ့စားမို့ ငွေလည်းမရှိဘူး။ အဖမ်းလည်းမခံရဲလို့ သူတို့ရဲ့ညမထွက်ရအမိန့်ပယ်ဖျက်တာလည်း အယုံအကြည်မရှိဘူး။ ခါတိုင်းသူတို့ဖမ်းနေကြတာလည်း ည၈နာရီ ၈နာရီခွဲ ၉ နာရီ အဲ့ဒါညမထွက်ရအချိန်မှမဟုတ်တာ။ ပုံမှန်အလုပ်ပြန်ချိန်ပဲ။ သူတို့ကဖမ်းချင်ရင်ဖမ်းတာပဲ သူတို့ထုတ်ပြန်ချက်တွေက ယုံလို့မရဘူး"လို့ ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးကဆိုပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီးမှာ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် နံနက် ၃ နာရီထိကို  ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်တဲ့ ညမထွက်ရအမိန့်အား တစ်ရက်တာပယ်ဖျက်တယ်လို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့  ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တွင် နှစ်သစ်ကူးပွဲတော်အနေဖြင့် ( Myanmar Count Down 2025) ပါတီကို တေးဂီတဖျော်ဖြေပွဲနှင့် Count Down ရေတွက်ကာ မီးရှုးမီးပန်းများ ပစ်ဖောက်မှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

#MyanmarLabourNews


Related posts

Cover
Myanmar Handsome အထည်ချုပ် EC စာချုပ် ပေးမထားလို့ အလုပ်သမားအခွင့်အရေးများ နစ်နာနေရ
Mar 09, 2026
Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026
Cover
Sky Fashion Myanmar အထည်ချုပ် လုပ်သက်တစ်နှစ်နီးပါး လုပ်သားများအား အသက်မပြည့်လို့ဆိုပြီး နေ့စားလုပ်သားအဖြစ် ပြောင်းခိုင်း
Mar 09, 2026
Cover
လှိုင်သာယာ အနော်ရထာ စက်မှုဇုန် ရှိ ဆန်စက်အတွင်း ဆန်အိပ်ပုံပြိုကျရာမှ အလုပ်သမား ၂ဦးသေဆုံး
Mar 07, 2026
Cover
လူမှုဖူလုံရေး အာမခံလုပ်သား ၁ ဒသမ ၃၄ သန်းကျော်အထိ ရှိလာဟုဆို
Mar 07, 2026
Cover
Jinli Garment စက်ရုံမှ အချိန်ပို အောလင်း၊ အောနိုက် ဆဲဆို ဆင်းခိုင်းလို့ တစ်ပတ် ၃ ရက် လုပ်ကိုင်ပေးရ
Mar 07, 2026
Cover
စက်ရုံ၊အလုပ်ရုံ ကြိုပို့ယာဉ်များနှင့် လုပ်ငန်းသုံးယာဉ်များ ခိုင်လုံသည့် အထောက်အထားပါရှိမှ သာနေ့စဉ်ယာဉ်ပြေးဆွဲခွင့်ရမည်
Mar 07, 2026
Cover
FGWM အမျိုးသမီးကော်မတီ "၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ တောင်းဆိုချက် "
Mar 07, 2026