NEWS

စစ်ကောင်စီက အလုပ်သမားဝန်ကြီးအပြောင်းအလဲဖြစ်ပေါ်မှုအပေါ် အလုပ်သမားအဖွဲ့အစည်းတွေဝေဖန်မှုရှိနေ

CoverLogo
609 Views
 
စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ‌ ၃၁ ရက်နေ့က သူတို့ရဲ့ ဝန်ကြီးဌာနက ဝန်ကြီးတွေကို ပြောင်းလဲခန့်ထားရာမှာ အလုပ်သမားဝန်ကြီးကိုလည်း အပြောင်းအလဲလုပ်ခဲ့တာကြောင့် အလုပ်သမားအဖွဲ့အစည်းများကြားမှာ ဝေဖန်မှုတွေရှိနေတယ်လို့သိရပါတယ်။
အဆိုပါစစ်ကောင်စီ အနေနဲ့ ပြီးခဲ့တဲ့ ၁ နှစ်ကျော်အတွင်းက ခန့်အပ်ခဲ့တဲ့အလုပ်သမားဝန်ကြီ ဦးမြင့်နောင်ကို တာဝန်ကအနားယူခိုင်းကာ အစားထိုးပြောင်းလဲတဲ့အနေနဲ့ အလုပ်သမားဝန်ကြီးအဖြစ် ဦးချစ်ဆွေကိုခန့်အပ်လိုက်တာပါ။
 
အဆိုပါ အလုပ်သမားဝန်ကြီးအပြောင်းအလဲကြောင့် နိုင်ငံတွင်းနဲ့ပြည်တွင်း ပြည်ပ အလုပ်သမားအဖွဲ့အစည်းတွေအနေနဲ့ မြန်မာပြည်က အလုပ်သမားကိစ္စရပ်များနဲ့ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်တဲ့ မြန်မာလုပ်သားတွေရဲ့ကိစ္စတွေမှာ ယခင်ထက်ပိုမိုတင်းကျပ်လာဖွယ်ရှိကြောင်းဝေဖန်မှုတွေထွက်ပေါ်နေတာပါ။
 
" အလုပ်သမားဝန်ကြီးအပြောင်းအလဲကိုကြည့်ရရင် အရင်စစ်ကောင်စီခန့်ဝန်ကြီးဦးမြင့်နောင်က သူတာဝန်ယူခဲ့တဲ့၁နှစ်ကျော်ကာလအတွင်း မှာ စစ်ကောင်စီအတွက် အလုပ်သမားအရေးကဏ္ဍကကနေ ဝင်ငွေများစွာရအောင်လုပ်ပေးတာတွေနဲ့ သူ့လက်ထက်မှာ ပြည်ပထွက်တဲ့အလုပ်သမားတွေစီကနေ ဝင်ငွေခွန်၂၅ရာခိုင်နှုန်းကောက်တာတွေစတဲ့တင်းကျပ်မှုတွေရှိခဲ့တယ်။ပြည်တွင်းက အလုပ်သမားအရေးတွေမှာဆိုလည်း ပြေလည်အောင်ဖြေရှင်းတာမရှိတာတွေလည်းရှိတယ်။စစ်ကောင်စီအတွက်တော့ အတော်ကြိုးစားပေးသွားတယ်ပေါ့။အဲ့ဒီလိုလူမျိုးကိုထုတ်ပယ်ပြီးအခု ပြန်အစားထိုးခန့်လိုက်တဲ့အလုပ်သမားဝန်ကြီး ဦးချစ်ဆွေကရော ဘာတွေတင်းကျပ်မလဲမသိဘူး။စစ်ကောင်စီက နောက်လူခန့်လည်းအရင်လူထက်တော့ပိုတောင်ဆိုးလာနိုင်မှာပါပဲ"လို့ အလုပ်သမားအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
ပြည်ပထွက်အလုပ်လုပ်ကိုင်‌နေကြတဲ့အလုပ်သမားအသိုင်းအဝိုင်းအတွင်း လက်ရှိမှာ စစ်မှုထမ်းဥပဒေကြောင့် အသက်၂၃နှစ်ကနေ ၃၅နှစ်အတွင်း လူငယ်၊လူလတ်ပိုင်းအမျိုးသားများစစ်မှုထမ်းရန်အတွက် ပြည်ပထွက်အလုပ်လုပ်ခွင့်ကိုပိတ်ပင်ထားကာ၊ အခြားနိုင်ငံများကိုရောက်ရှိအလုပ်လုပ်ကိုင်နေတဲ့ စစ်မှုထမ်းရန်အသက်အ ကျုံးဝင်နေတဲ့ ပြည်ပလုပ်သားများလည်းစစ်မှုထမ်းခွင့်ရွေးချယ်ခံရပါက ပြန်လာကာမဖြစ်မ‌နေစစ်မှုထမ်းရမယ်လို့ အမိန့်ထုတ်ပြန်အသိပေးတာတွေရှိနေတယ်လို့သိရပါတယ်။
 
ဒါကြောင့် အလုပ်သမားဝန်ကြီးအသစ်ကိုပြောင်းလဲခန့်အပ်တာဟာ နိုင်ငံတွင်း အလုပ်သမားကိစ္စတွေမှာ ပိုပြီးတင်းကျပ်ဖို့အတွက် စစ်ကောင်စီကရည်ရွယ်တာဖြစ်ကြောင်း အလုပ်သမားအဖွဲ့အစည်းတွေကြားပြောဆိုမှုတွေရှိနေတာပါ။
 
စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ဇန်နဝါရီ ၃၁ ရက် က အလုပ်သမားဝန်ကြီး ဦးမြင့်နောင် အပြင် ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဦးမင်းသိန်းဇံ တို့ကိုလည်းတာဝန်ကအနာယူခွင့်ပေးခဲ့ကာ
အလုပ်သမားဝန်ကြီးဌာန မှာဝန်ကြီး ဦးချစ်ဆွေ၊ အားကစား နှင့် လူငယ်ရေးရာ ဝန်ကြီးဌာန မှာဝန်ကြီး Jeng Phang နော်တောင်၊ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထမှာဝန်ကြီးဦးကျော်စိုး ဝင်း တို့ကို ပြောင်းလဲခန့်အပ်တာဝန်ပေးခဲ့တယ်လို့သိရပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026