NEWS

စစ်ကောင်စီက ရန်ကုန်ကိုလျှပ်စစ်မီးဖြတ်ထားပြီး ရေပါထပ်ဖြတ်

CoverLogo
801 Views

ရန်ကုန်မြို့မှာ လျှပ်စစ်မီးရရှိမှု တစ်နေ့ ၄ နာရီပင်အပြည့်အဝမပေးနိုင်တော့တာကြောင့်  ပြည်သူတွေ လျှပ်စစ်မီးမရရှိတော့ဘဲ ဆိုးရွားစွာဖြတ်တောက်ခံထားရတဲ့အပြင် ရေပြတ်လပ်ဦးမယ်လို့  ရန်ကုန်စည်ပင်က ကြေညာလိုက်ပြန်ပါတယ်။ 

" မီးဖြတ်ချိန် ၁၀ နာရီကျော်နေပြီ။ မနက်ဖြန် ရေပါမလာဘူးတဲ့ မီးမရဘူး ရေမရဘူး ဘယ်လိုလုပ်ကြမလဲ ရေရှည်မလွယ်ဘူး" လို့ ရပ်ကွက်နေပြည်သူတစ်ဦးကဆိုပါတယ်။ 

ရန်ကုန်မြို့စည်ပင်သာယာရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ ရန်ကုန်မြို့တွင် ယာယီပြုပြင်ထားတဲ့  ဂျိုးဖြူပိုက်လိုက်ကြီးကို အကြီးစား ပြုပြင်မှု ပြုလုပ်မည်ဖြစ်တာကြောင့်  ဇန္နဝါရီ (၇) ရက်မှာ ရေယာယီ ပြတ်တောက်မတယ်လို့  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားတာဖြစ်ပါတယ်။ 

အဆိုပါ အကြီးစားပြုပြင်ခြင်းလုပ်ငန်းလုပ်ဆောင်ရန်အတွက် ဇန္နဝါရီလ (၇) ရက် နံနက်အစောပိုင်း (၂) နာရီက စတင်ကာ ရေစတင်ပိတ်မည်ဖြစ်တာကြောင့် အများပြည်သူများ  ရေကြိုတင်စုဆောင်းထားကြဖို့အတွက် ကြေညာခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။ 

အဆိုပါကြေငြာချက်ကြောင့်  ပြည်သူအများစုက တစ်နေ့လျှင် လျှပ်စစ် ၄ နာရီပင်အပြည့်အဝမပေးပါဘဲ နာရီ ၂၀ နီးပါးအထိ မီးဖြတ်တောက်ခံရတဲ့အပြင် ရေပါယာယီဖြတ်တောက်မည်ဆိုတာကြောင့် ဝေဖန်မှုတွေနဲ့လျှပ်စစ်မီးရရှိမှုအချိန်တွေကိုပါ  ရန်ကုန်မြို့နေပြည်သူများက ထောက်ပြပြောဆိုနေကြတာတွေ့ရပါတယ်။ 

"မီးက ၈ နာရီပျက်ပြီး ၄ နာရီ လာတယ်ဆိုပေမဲ့ သူတို့သတ်မှတ်ထားတဲ့ အုပ်စု၃ခုရဲ့အချိန်ဇယားအတိုင်း မရကြ တာကများပါတယ်။ ခုက မီးလာချိန်ထက် တစ်နာရီလောက်နောက်ကျပြီးမှလာတယ်။ မီးဖြတ်ရမဲ့အချိန်မရောက် ခင် နာရီဝက်လောက်စောပြီးဖြတ်တယ်။ ခုရေပိုက်ပြင်ဖို့ရေပါဖြတ်မယ်ဆိုတော့ တစ်ကယ်ရောဟုတ်ရဲ့လား။ တစ်မင်တစ်ကာပဲလုပ်နေတာလား။ ဒီထက်ခက်ခဲနေတာမရှိကြတော့ဘူး။ နေချင်စရာလည်းမကောင်းတော့ဘူး "လို့  ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုပါတယ်။ 

ရန်ကုန်မြို့တွင် အုပ်အေ၊ဘီ၊စီ  အလှည့်ကျ တစ်ရက်လျှင် ၁၂ နာရီ မီးဖြတ်မယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြေငြာထားပေမဲ့လည်း အများပြည်သူအားလုံးရဲ့ တစ်ရက်တာလျှပ်စစ်မီးရရှိမှုဟာ  နေ့ခင်းဘက်တစ်ကြိမ်မီးလာလျှင် ၃နာရီကျော်နဲ့ ညဘက်လူအိပ်ချိန်မီးလာချိန် ၃နာရီကျော်သာရရှိသလို အချို့သောရပ်ကွက်တွေမှာလည်း တစ်တစ်ရက်တာလုံးမီးလာချိန် ၄ နာရီလောက်သာရှိပြီး မီးဖြတ်ချိန်က  စုစုပေါင်း နာရီ ၂၀ ခန့်အထိရှိလာတယ်လို့  ဆိုကြပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၄ စက်တင်ဘာ ကစတင်ကာ မီတာခကို နှစ်ဆအထိတိုးမြှင့်ကောက်ခံခဲ့တာဖြစ်ပေမဲ့လည်း လျှပ်စစ်မီးပေးဝေနိုင်မှုကတော့  တစ်နှစ်ထက်တစ်နှစ်ပိုမိုလျှော့
နည်းကာ  မီးပြတ်ချိန်တွေသာ အဆမတန် ပိုမိုတိုးလာတာတွေ့မြင်နေရတာပဲဖြစ်ပါတယ်။ 

#MyanmarLabourNews


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026