NEWS

စစ်ကောင်စီက နိုင်ငံ့ဝန်ထမ်းတွေကို ဒီဂျစ်တယ်နည်းလမ်းနဲ့ လစာပေးချေရန်ပြင်ဆင်

CoverLogo
989 Views

နိုင်ငံ့ဝန်ထမ်းလစာ ကို ငွေသားအစား ဒီဂျစ်တယ် နည်း ဖြင့် လစာငွေပေးချေ နိုင်ဖို့ အတွက် ဗဟိုဘဏ် မှ ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။


အာဏာသိမ်းစစ်ကောင်စီလက်အောက်က အစိုးရဝန်ထမ်းတွေ ရဲ့ လစာ ကို ဒီဂျစ်တယ်နည်းဖြင့် လစာငွေပေးချေဖို့ အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်း တွေ ပူးပေါင်းဆောင်ရွက် ပေးဖို့ ကိုလည်း ဗဟိုဘဏ်က ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။


ကတ်နဲ့ လစာငွေ ရယူတဲ့ ဝန်ထမ်းတွေ လစာထုတ်ယူ ဖို့အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် ATM စက်တွေ တပ်ဆင်ထားပြီး ရန်ကုန်တိုင်းဒေသကြီးမှာ AMT စက် ၁၉၀၈ လုံး၊ မန္တလေးတိုင်းဒေသကြီးမှာ ၇၀၇ လုံး၊ နေပြည်တော်မှာ ၃၃၂ လုံး တပ်ဆင်ထားရှိပြီး လိုအပ်မှုရှိလာပါက ထပ်မံတိုးချဲ့ပေးမယ်လို့ ဆိုပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလ ကစပြီး နိုင်ငံဝန်ထမ်းတွေ ကို ဒီဂျစ်တယ်နည်းလမ်းနဲ့ လစာငွေပေးချေရာမှာ နေပြည်တော်က ဝန်ကြီးဌာန ၃၄ ခုမှာရှိတဲ့ ဝန်ထမ်းတွေရဲ့ လစဉ်လစာငွေကို Payroll Service နဲ့ ပေးဆောင်လျက်ရှိပြီး  ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအတွင်းက ဝန်ထမ်းတွေရဲ့ လစာငွေတွေကို ဒီဂျစ်တယ်နည်းလမ်းနဲ့ ကျပ် ၉ ဘီလီယံကျော်အထိ လစဉ်ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ဆိုထားပါတယ်။


ဝန်ထမ်းလစာပေးချေမှုအတွက် လုပ်ပိုင်ခွင့်ရထားတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေထဲမှာ KBZ ၊ UAB ၊ CB ၊ AYA ၊Wave Money ၊ OK Dollar ၊ Zego Money ၊ UniPay ၊ True Money ၊ ရွှေဘဏ်၊ Trusty Ecommerce ၊ A Bank ၊ AGD ၊ MAB ၊ M-ပိုက်ဆံ ၊ MCB Bank တို့ ပါဝင်ကြောင်းသိရပါတယ်။

 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026