NEWS

စစ်ကိုင်း ငလျင်ကြီး တစ်လပြည့်သည်အထိ နောက်ဆက်တွဲ ငလျင်များ ဆက်လှုပ်

CoverLogo
616 Views
 
ရစ်ခ်တာစကေး ၇ဒသမ၇ အဆင့် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှု တစ်လပြည့်တဲ့ နေ့အထိ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်တာကြောင့် စိုးရိမ် ကြောက်လန့်မှုတွေ ဒေသခံတွေ ခံစားတယ်လို သိရပါတယ်။
 
""ငလျင် က နေ့တိုင်း လိုလို လှုပ်နေတာ။ မနေ့က ညက လှုပ်တာဆိုရင် အတော်လေး အားပါတယ် ။ အခုလို တွေ လှုပ်နေတော့ လူတွေလည်း အိပ်ကောင်းခြင်းမအိပ်ရ ၊စားကောင်းခြင်းမစားရနဲ့ ၊ အလုပ် လုပ်ဖိုလည်း အဆောက်အဦ ထဲကို စိတ်ချလက်ချ မဝင်ရဲဘူး။ ရှိတာပဲ ရောင်းချပြီး စားနေရတာ""လို မန္တလေးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
ငလျင်ကြီးလှုပ်ခတ်တဲ့ တစ်လပြည့် ဧပြီ ၂၈ရက် ဒီ မနက်ပိုင်းမှာ အင်အားရစ်ခ်တာစကေး ၄.၀ အဆင့် ငလျင် တစ်ခု ရေတာရှည်မြို အနီးဗဟိုပြုပြီး လှုပ်ခတ်ခဲ့ပါတယ်။ မတ်လ၂၈ကနေ ဧပြီ ၂၈ ရက် အထိ နောက်ဆက်တွဲငလျင် ၁၅၈ ကြိမ် အထိ လှုပ်ခတ်ခဲ့တယ်လို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားတာပါ။
 
မတ်လ ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် နိုင်ငံတစ်ဝှမ်းတွင် လူနေအိမ်စုစုပေါင်း ၆၀,၀၀၀ ကျော်၊ ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင်ကျောင်း ၃,၅၀၀ ကျော်၊ စာသင်ကျောင်း ၂,၃၀၀ ကျော် ၊ ဌာနဆိုင်ရာ ရုံး၊ အဆောက်အဦ ၃,၆၀၀ကျော်၊ တံတား ၁၅၅ စင်းနှင့် ဘုရားစေတီ ၅,၆၀၀ကျော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ။ ဧပြီ ၂၇ ရက် အထိ ထုတ်ပြန် တဲ့ စာရင်း တွေ အရ သေဆုံးသူ ၃၇၆၉ဦး၊ထိခိုက်ဒဏ်ရာရသူ ၅၁၀၆ဦး နဲ့ ပျောက်ဆုံးနေသူ ၁၀၇ဦးရှိတယ်လို သိရပါတယ်။

Related posts

Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026