NEWS

စင်ကာပူမှ မလေးရှား သို့ နယ်စပ်ဂိတ်မှတစ်ဆင့် ဝင်ရောက် မည့် မြန်မာနိုင်ငံသားများ အဝင်တံဆိပ်တုံးရိုက်နှိပ်ပြီး/မပြီး သေချာစိစစ် ရန် စင်္ကာပူရှိမြန်မာသံရုံးအသိပေး

CoverLogo
308 Views
 
စင်ကာပူနိုင်ငံ တွင် အလုပ်လုပ်ကိုင် နေထိုင်နေတဲ့ မြန်မာနိုင်ငံသား တွေ အနေ နဲ့ မလေးရှားနိုင်ငံ ကို စင်ကာပူနိုင်ငံ ရဲ့ နယ်စပ်စစ်ဆေးရေးဂိတ်များမှ တဆင့် ဖြတ်သန်းသွားလာမယ် ဆိုပါက မလေးရှားနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဌာန အဝင်တံဆိပ်တုံး ရိုက်နှိပ် ပြီး/မပြီး ကို သေချာ စိစစ် ဖို့ စင်ကာပူ နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။
စင်ကာပူနိုင်ငံ မှာ အလုပ်လုပ်ကိုင်လျက်ရှိတဲ့ မြန်မာနိုင်ငံသား အမျိုးသမီး တစ်ဦးဟာ ဇန်နဝါရီလ (၂၅) ရက် မှာ Woodland Checkpoint အားဖြတ်သန်း၍ မလေးရှားနိုင်ငံ Johor Bahr u သို့ သွားရောက်လည်ပတ်ခဲ့တာ မှာ ဇန်နဝါရီ (၂၆) ရက်တွင် စင်ကာပူနိုင်ငံသို့ ပြန်လည်ဝင်ရောက် ဖို့ မလေးရှားဘ က် Johor Bahru Immigration ဂိတ်အရောက်တွင် ၎င်းရဲ့ နိုင်ငံကူးလက်မှတ်ပေါ် တွင် ဝင်ရောက်ခဲ့စဉ်က မလေးရှားဘက် တံဆိပ်တုံးရိုက်နှိပ် ထားခြင်းမရှိတဲ့ အတွက် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ခေတ္တထိ န်းသိမ်းခံခဲ့ရတယ်လို့ သိရပါတယ်။
အခုလို ဖြစ်ပေါ်တဲ့ အတွက် စင်ကာပူမြို့၊ မြန်မာသံရုံးနဲ့ ကွာလာလမ်ပူမြို့ မြန်မာသံရုံး တို့ပူးပေါင်း ပြီး သက်ဆိုင်ရာ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူတွေ နဲ့ ညှိနှိုင်းပေးခဲ့ရတယ်လို့ သံရုံးက ထုတ်ပြန်ထားပါတယ်။
ယခု ဖြစ်စဉ် တွင် မြန်မာနိုင်ငံသားအမျိုးသမီးမှာ စင်ကာပူမှတဆင့် တရားဝင်လမ်းကြောင်းမှ သွားရောက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပေမယ့် တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်များနဲ့ ကြုံသဖြင့် (၇)ရက်ခန့် ထိန်းသိမ်းခံခဲ့ရကာ လူပြန်လွတ်လာပေမယ့် မလေးရှားရင်းဂစ် (၁၀၀၀)ဒဏ်ကြေးကို ပေးဆောင်ခဲ့ရတဲ့ အပြင် မလေးရှားနိုင်ငံသို့ ဝင်ထွက်ခွင့် (၃)နှစ် ပိတ်ပင်ခြင်းခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
ဒါကြောင့် စင်ကာပူနိုင်ငံ မှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား တွေ အနေနဲ့ မလေးရှားနိုင်ငံသို့ စင်ကာပူ ရဲ့ နယ်စပ်စစ်ဆေးရေးဂိတ် က တဆင့် ဖြတ်သန်းသွားလာမည်ဆိုပါက မလေးရှားနိုင်ငံ ကို ဆိုက်ရောက်ကြောင်း ပုံစံအား မဖြစ်မနေ ဖြည့်စွက်ပြီး မှတ်တမ်းထားရှိကြရန် နဲ့ မလေးရှားဘက် စစ်ဆေးရေးဂိတ်မှ ထွက်ခွာခြင်းမပြုမီ မိမိတို့ရဲ့ နိုင်ငံကူးလက်မှတ်ပေါ်တွင် မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန အဝင်တံဆိပ်တုံး ရိုက်နှိပ် ပြီး/မပြီး စိစစ်ကြပါရန်၊ တံဆိပ်တုံးရိုက်နှိပ်ပြီးမှသာ မလေးရှားနိုင်ငံ ကို ဝင်ရောက်ကြဖို့ သံရုံးမှ အသိပေးထားပါတယ်။

Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026