NEWS

စက်သုံးဆီမရှိ၍ အထည်ချုပ်စက်ရုံ တချို့ ပိတ်ထားရ၊ အလုပ်သမားများအား အစားပြန်ဆင်းဖို့ ပြောဆို

CoverLogo
747 Views
 
ရန်ကုန်မြို့က စက်မှုဇုန်တွေမှာ လျှပ်စစ်မီးဖြတ်တောက်ပြီး စက်သုံးဆီမရတဲ့ အခက်အခဲတွေကြောင့် အထည်ချုပ် စက်ရုံတချို့ ပိတ်ထားရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လက်ရှိ စက်သုံးဆီ အခက်အခဲကြောင့် စက်ရုံ လည်ပတ်ဖို့ မလွယ်တဲ့အပြင် အလုပ်သမားနဲ့ စက်ရုံတာဝန်ရှိသူတွေကြား ပြသနာတွေရှိနေတယ်လို့လည်း တာဝန်ရှိသူက ပြောပါတယ်။
 
“လျှပ်စစ်မီးက စက်ရုံစလည်တဲ့အချိန်လည်း မလာဘူး။ နေ့လယ်လည်း ပျက်တယ်။ စက်ရုံဆင်းခါနီးလည်း ပျက်တယ်။ အလုပ်ချိန် ၈ နာရီဆို ၄ နာရီလောက်ပဲ လာတယ်။ တခါတလေ မီးလာချိန် ၆ နာရီလောက်အထိ ရှိတတ်တယ်။ အလုပ်သမားတွေနဲ့ စကားတွေ ပြောနေရတယ်။ နေ့အစားပြန်ဆင်းဖို့ ကလည်း ခဏခဏ ဆိုတော့ အလုပ်သမားတွေလည်း ငြင်းကြတယ်။ သူဘက်ကလည်း မလွန်တော့ဘူးပေါ့” လို့ အထည်ချုပ်စက်ရုံ အုပ်ချုပ်ရေးတာဝန်ရှိသူ က ပြောပါတယ်။
 
လက်ရှိ စက်မှုဇုန်တွေမှာ မနက်ပိုင်း ၆ နာရီဝန်းကျင်ကနေ ၁၀ ဝန်းကျင် အထိနဲ့ နေ့လယ်ပိုင်းတွေမှာ ၁ နာရီကနေ ၃ နာရီဝန်းကျင်အထိ လျှပ်စစ် မီးမရဘူးလို့ စက်ရုံအုပ်ချုပ်ရေး တာဝန်ရှိသူက ပြောပါတယ်။ စက်မှုဇုန်တွေမှာ လျှပ်စစ်မီး ဖြတ်တောက်မှုတွေ အခုလပိုင်းမှာ ပိုမို များပြားလာတာကြောင့် အလုပ်ချိန် ပို လုပ်ရတာတွေ ရှိလာတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“မီးမလာတော့ ထိုင်နေရတာပဲ။ လာတဲ့အချိန် ထလုပ်ဆိုတော့ ။ အလုပ်ဆင်းချိန်တွေဆို မဆင်းရဘူး။ မီးလာလို့ ဆိုပြီး ဆက်လုပ်ရတယ်။ အချိန်ပိုလို့ မပြောဘူး။ မီးပျက်တဲ့ အချိန်အတွက်လို့ ပြောတယ်။ တခါတလေ ဆိုတော့ လည်း လုပ်ပေးလိုက်တယ်။ အမြဲတမ်းဆိုရင်တော့ အဆင်မပြေ တော့ဘူး” လို့ အထည်ချုပ်အလုပ်သမား အမျိုးသမီးငယ် တဦးက ပြောပါတယ်။
 
စက်သုံးဆီ ဝယ်မရတာကြောင့် အနည်းဆုံး တရက်ကနေ သုံးရက်အထိ စက်ရုံပိတ်တာတွေရှိပြီး အဲ့ဒီပိတ်ရက်တွေ အတွက် တနင်္ဂနွေလို ပိတ်ရက်တွေမှာ ရက်စားဆင်းပေးဖို့ စက်ရုံတာဝန်ရှိသူက ပြောဆိုတယ်လို့ အလုပ်သမား တွေက ပြောပါတယ်။
“ မီးစက်ဆီမရလို့ဆိုပြီး စက်ရုံက ၃ ရက်ပိတ်တယ်။ အဲ့ရက်ကို အစား ပြန်ဆင်းပေးဖို့ ပြောနေတာ။ အလုပ်သမား တွေဘက်ကတော့ မဆင်းနိုင်တဲ့အကြောင်း ပြောထားတယ်။ ဘယ်လိုလုပ်မလဲ မသိဘူး။ ဒေကြေးတွေ ဖြတ်မလား မသိရဘူး။ အလုပ် ချိန်မှာ အလုပ်လာလုပ်တယ်။ အလုပ်မဖြစ်တာ ဖြစ်တာ ထားဦး။ ပိတ်ရက်ကို ရက်စားဆင်းဖို့ က ကုန်ကျစာရိတ်တွေ ပိုကုန်တာနဲ့ ခဏခဏဆိုတော့ အဆင်မပြေဘူး ။ “ လို့ အလုပ်သမားတွေက ပြောပါ တယ်။
 
စက်ရုံတွေဘက်က လျှပ်စစ်မီးမရတာနဲ့ မီးစက်မလည်နိုင်တဲ့ အချိန်တွေကို အချိန်ပိုဆင်းခိုင်းတာ၊ ပိတ်ရက်တွေမှာ ရက်စားဆင်းခိုင်းတာ ပြုလုပ်လေ့ရှိပြီး အဲဒီအတွက် လုပ်ခလစာ ပေးတာမျိုး မရှိဘူးဘို့ အလုပ်သမားတချို့က Myanmar Labour News ကို လာရောက် ပြောဆိုတာတွေလည်း ရှိပါတယ်။ ရက်စား ဆင်းခိုင်းတဲ့ ရက်တွေက ပိတ်ရက်တွေဖြစ်တဲ့အပြင် မကြာခဏ ဆင်းခိုင်တာကြောင့် သုံးစွဲရတဲ့ ငွေကြေး ပိုမိုကုန်ကျတဲ့အပြင် ၊ လူမှုရေး နဲ့ မိသားစုကိစ္စတွေ ပျက်ကွက်နေရတယ်လို့ အလုပ်သမားတွေက ပြောကြားထား ပါတယ်။
Photo - ILO

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026