NEWS

စက်သုံးဆီဈေး တက်ဈေးနဲ့ ၅ ရက်ခန့်တည်ငြိမ်ခဲ့ပြီး ဆက်လက်မြင့်တက်လာ

CoverLogo
2.5K Views

စက်သုံးဆီဈေးတွေဟာ သြဂုတ်၁၉ရက်နေ့ကစပြီး  တက်ဈေးအတိုင်း ၅ရက်ဆက်တိုက်ဈေး တည်ငြိမ်နေခဲ့ပြီးမှ  သြဂုတ်၂၄ရက်မှာတော့  ဆက်လက်မြင့်တက်လာခဲ့ပါတယ်။

ရန်ကုန်မြို့ရဲ့ စက်သုံးဆီဈေးနှုန်းတွေမှာ စက်သုံးဆီတင်သွင်းသိုလှောင့်ဖြန့်ဖြူးတဲ့ကော်မတီရဲ့ ရည်ညွှန်းသတ်မှတ်ဈေးအရ လူသုံးအများဆုံးဖြစ်တဲ့ ၉၂ အောက်တိန်းက တစ်လီတာကို ကျပ်ငွေ ၂၃၉၀ မှ၂၄၄၀သို့၊ ၉၅ အောက်တိန်းက တစ်လီတာကို ကျပ်ငွေ ၂၄၈၀ မှ  ၂၅၂၅သို့၊ ဒီဇယ်၂၈၆၅မှ ၃၀၀၀သို့  Pဒီဇယ် ၂၉၄၀မှ ၃၀၈၀သို့လည်းကောင်း အတက်ကြမ်းလာခဲ့တာပဲဖြစ်ပါတယ်။

"အာဒီနေ့ကအတက်ကြမ်းတယ်ဗျာ။  92 က၅၀ တက်လာတယ်။ 95က ၄၅ကျပ်တက်လာတယ်။ ဒီဇယ်ဆို၁၃၅ကျပ်တောင်တက်လာတယ်။ P ဒီဇယ်ဆို ၁၄၀အထိတက်လာတယ်။  အတက်ကြမ်းတယ်ဗျာ။ ဓတ်ဆီနဲ့ဒီဇယ်ဆီတွေဒီလောက်အထိအတက်ကြမ်းနေမှတော့ စက်နဲ့လည်ပတ်ရတဲ့လုပ်ငန်းတွေ ထုတ်ကုန်တွေ  အကုန်ဈေးတက်ပြီပေါ့ဗျာ။  ဘယ်လိုဆက်လုပ်ကြမလဲ အကုန်အငတ်ဘေး ရောက်ကုန်တော့မယ်လို့ ပုံနှိပ်တိုက်လုပ်ငန်းတစ်ခုမှ အလုပ်ရှင်တစ်ဦးကဆိုပါတယ်။

လက်ရှိသတ်မှတ်ဈေးနှုန်းတွေဟာ  အာဏာသိမ်းပြီးကတည်းကစလို့ သတ်မှတ်ခဲ့တဲ့ စက်သုံးဆီဈေးတွေထဲမှာ အမြင့်ဆုံးဈေးနှုန်းတွေဖြစ်ပါတယ်။ ဒါဟာ ရန်ကုန်အခြေပြုပြောပြထားတဲ့ ဈေးနှုန်းတွေဖြစ်ပြီး အခြားတိုင်းနဲ့ ပြည်နယ်တွေက နယ်မြို့ဒေသတွေမှာဆိုရင် စက်သုံးဆီဈေးဟာ ကွာခြားမှုတွေရှိနေတာဖြစ်ပြီး  ကျိုင်းတုံမှာဆိုရင် ၉၂တစ်လီတာကို ၂၈၈၅ကျပ်အထိသတ်မှတ်ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

MyanmarLabourNews


Related posts

Cover
စက်သုံးဆီ ဝယ်ယူခွင့် QR Code စနစ် ဖြင့် ပြုလုပ်ပြီး တစ်ရက်တစ်ကြိမ်သာ ဝယ်ခွင့်ပြုမည်ဟု စစ်ကော်မရှင်ကြေညာ
Mar 12, 2026
Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026
Cover
အလုပ်ကိုင်အခွင့်အလမ်း ၂၅၀၀ခန့်ရရှိမည့် လုပ်ငန်းအသစ် ၁၇ခု ကို စစ်ကော်မရှင် ခွင့်ပြု
Feb 27, 2026
Cover
ရန်ကုန်ရှိ ဖင်လန်သံရုံး ဖေဖေါ်ဝါရီ ၂၈ ရက်မှ စတင်ပိတ်သိမ်းမည်။
Feb 25, 2026